Sandi Cho
အဆိုးတွေနဲ့ကြုံရတဲ့အခါ ချိုတို့က ၀မ်းနည်းကြတယ်။ပြိုလဲကျတယ်။ငါကျမှဘာလို့ ဒီလိုဖြစ်တာလည်းဆိုပြီး ကံကြမ္မာကို အပြစ်တင်ကြတယ်။ဒါပေမယ့် အဲလို အဆိုးတွေတွေ့ကြုံခဲ့ရခြင်းက ပိုပြီး ရင့်ကျပ်တဲ့ကိုယ်၊ပိုပြီး လောကဓံကို ခံနိုင်ရည်ရှိတဲ့ကိုယ် ဖြစ်လာစေတာကိုတော့မရိပ်မိတတ်ကြဘူး။ဟိုစကားလေးလိုပေါ့။
အရာအားလုံး ပိုပြီးတော့ ကောင်းဖို့ဖြစ်လာတာပါ။
ချိုလည်းစစချင်းတုန်းက လက်မခံချင်ခဲ့ဘူး။ဒါပေမယ့် တကယ်ကိုယ်တိုင်ကြုံတွေ့လာမှ လက်ခံမိခဲ့တယ်။ချိုဘ၀က ချိုအသက်15လောက်ထိ လွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်နေခဲ့ရတယ်။မိဘတွေကလည်း အငယ်ဆုံးသမီးမို့ အလိုလိုက်ခဲ့ကြတယ်။
အဲချိန်မှာ ချိုမထင်ထားတဲ့ ကိစ္စတစ်ခုနဲ့ကြုံတွေ့ခဲ့ရတယ်။ချိုရဲ့ သူဌေးသမီးဘ၀လေးက နေ့ချင်းညချင်း ပျောက်ဆုံးသွားခဲ့တယ်။သူများအိမ်မှာ ကပ်နေခဲ့ရတဲ့ဘ၀ကိုရောက်ခဲ့တယ်။အစပိုင်းတော့လုံး၀ကို လက်မခံနိုင်ခဲ့ဘူးပေါ့။ငါမှ ဘာလို့ဒီလိုဖြစ်ရတာလည်းဆိုပြီး ကံကိုအပြစ်ပုံချခဲ့တယ်။
အဲဒီကိစ္စဖြစ်ပြီးနောက်ပိုင်းမှ ချိုစိတ်တွေ အလင်း၀င်သွားခဲ့တယ်။ငါဒီလိုနေနေရမယ့် အချိန်မဟုတ်ဘူးဆိုတာသိလာတယ်။တစ်ချိန်က သူဌေးသမီးဘ၀ကိုမေ့ပြစ်လိုက်တယ်။မိဘတွေကို တစ်ဖက်တစ်လမ်းကနေကူညီလို့ရအောင် စက်ချုပ်သင်ခဲ့တယ်။ပညာရှာရင်းနဲ့ စာအုပ်တွေနဲ့ပိုရင်းနှီးအောင်ကြိုးစားခဲ့တယ်။ချိုကြောင့် ချိုမိဘတွေမျက်နှာငယ်စေမယ့် အဖြစ်မျိုး လုံး၀မလုပ်ဘူးလို့ ကိုယ့်ကိုယ်ကို ကတိပေးဖြစ်တယ်။
အခုအဲဒီအဖြစ်အပျက်တွေဖြစ်ပြီး 2နှစ်လောက်ကြာတော့ ပိုပြီးကောင်းတဲ့ပုံစံနဲ့ ကိုယ့်ကိုယ်ကို ပြန်မြင်ရတဲ့အတွက် တစ်ချိန်က ကံဆိုးခဲ့တယ်လို့ ထင်ခဲ့တဲ့အဖြစ်အပျက်က ကံကောင်းခြင်းလေးဖြစ်လာတယ်။အဲချိန်ကသာ အဲလိုအဖြစ်အပျက်မရှိခဲ့ရင် ချိုခုထိ ကလေးစိတ်ပျောက်သေးမှာမဟုတ်ဘူး။တာ၀န်ယူမှု၊တာ၀န်ခံမှုဆိုတဲ့ သဘောတရားကိုလည်း နားလည်မှမဟုတ်ဘူး။မိဘတွေကိုလည်း အလေးထားမိမှာမဟုတ်ဘူး။ရင့်ကျပ်တဲ့သူတစ်ယောက်လည်း ဖြစ်လာမှာမဟုတ်ဘူး။
အဲဒါကြောင့် တစ်ချို့ကံဆိုးမှုလေးတွေက မြင်အောင်ကြည့်မယ်ဆို ကံကောင်းခြင်းလေးတွေဖြစ်နေတတ်တယ်။အချိန်တစ်ခုယူရပေမယ့် အဲဒီကံဆိုးမှုကနေ ကိုယ်သင်လိုက်တဲ့ သင်ခန်းစာတွေက ကိုယ့်ဘ၀ကို ပြောင်းလဲပေးနိုင်ပါတယ်။
အဲဒါကြောင့် ကိုယ့်ဘ၀မှာ ကံဆိုးတာတွေ၊မကောင်းတဲ့အဖြစ်ပျက်တွေရှိလာရင်လည်း အဲဒါတွေက ပိုကောင်းတဲ့ကိုယ့်ကို မြင်ရဖို့ ဖြစ်လာတဲ့ အရာတွေလို့ခံယူလိုက်ပါ။
13.6.2024?
#SandiCho
#Moti
#life_experience
#photo_crd
Keep Reading