Author's Profile Photo

မြသွန်း(တောင်ဒဂုံ)

13/06/2024

?လေယာဉ်ပေါ်ကို ဘာလို့ရေဘူးနဲ့မျိုးစေ့တို့ ယူသွားခွင့်မပေးတာလဲ?

1 min read
Life Style
General Knowledge
?လေယာဉ်ပေါ်ကို ဘာလို့ရေဘူးနဲ့မျိုးစေ့တို့ ယူသွားခွင့်မပေးတာလဲ?'s photo

?လေယာဉ်နဲ့ခရီးသွားတာက တစ်ခြားယာဉ်တွေနဲ့မတူဘဲ တင်းကြပ်စစ်ဆေးမှုတွေ၊ စည်းကမ်းတွေကို လိုက်နာကျော်ဖြတ်ပြီးမှပဲ စီးနင်းခွင့်ရကြတယ်ဆိုတာ ကျွန်မတို့အားလုံးသိကြပါတယ်။ ဒါကြောင့်လည်း ကမ္ဘာပေါ်ကယာဉ်တွေထဲမှာ အန္တရာယ်အကင်းဆုံးယာဉ်က လေယာဉ်ပဲဖြစ်နေတာပါ။

?နောက်ပြီးလေယာဉ်းစီးကြတဲ့အခါမှာ ယာဉ်ပေါ်ကိုယူဆောင်ခွင့်မရှိတဲ့ပစ္စည်းတွေလည်း အများကြီးရှိပါတယ်။ ဥပမာ-အချွန်အထက်ပစ္စည်းတွေ၊ မီးခြစ်တွေ၊ ရေဘူးနဲ့ မျိုးစေ့တွေ စတာတွေပဲဖြစ်ပါတယ်။ တခြားပစ္စည်းတွေကအန္တရာယ်ရှိနိုင်လို့ ယူဆောင်သွားခွင့်မပေးတာနားလည်နိုင်ပေမယ့် မျိုးစေ့နဲ့ရေဘူးမှာ ဘာပြဿနာတွေရှိနေလို့ လေယာဉ်ပေါ်ယူသွားခွင့်မပေးရတာလဲ?

?ဒီနေ့မှာတော့ အခုမေးခွန်းရဲ့အဖြေလေးတွေကို မိတ်ဆွေတို့အားလုံးဗဟုသုတရရှိသွားကြအောင်လို့ sharing လုပ်ပေးချင်ပါတယ်။ ပထမတစ်ခုက လေယာဉ်ပေါ် ရေဘူးယူဆောင်ခွင့်မပေးတဲ့ပြဿနာပါ။ တကယ်တော့ သောက်ရေရယ်လို့မဟုတ်ပါဘူး။ အရည်မှန်သမျှကိုတားမြစ်ထားတာပဲဖြစ်ပါတယ်။ ‌

?ဒါမယ့် လုံးဝတားမြစ်ထားတာတော့မဟုတ်ပါဘူး။ 100mlလောက်ဆိုရင်တော့ လေယာဉ်ပေါ်တင်ဆောင်ခွင့်ပေးထားပါတယ်။ ဒါမယ့်အဲ့ထက်ကျော်သွားရင်တော့ စစ်ဆေးဖို့ပေးရသလို လေယာဉ်ဝမ်းဗိုက်ထဲကနေပဲ သယ်ဆောင်ခွင့်ရပါတယ်။ ဒါဆိုရင်လေယာဉ်ပေါ်ကို ဘာလို့အခုလိုအရည်သယ်ဆောင်ခွင့် တင်းကြပ်ထားကြတာလဲ?

?အကြောင်းကတော့ ၂၀၀၆ခုနှစ်တုန်းက ဖြစ်ပွားသွားခဲ့တဲ့ အဖြစ်ပျက်လေးတစ်ခုကြောင့်ပါပဲ။ အဲ့ချိန်တုန်းက UKနိုင်ငံသားတစ်ဦးဖြစ်တဲ့ Ahmed Aliဆိုသူရဲ့ခရီးဆောင်အိတ်ထဲကနေ အချိုရည်ပုလင်းတွေ၊ ဘတ်ထရီတွေနဲ့ တစ်ခြားသံသယရဖွယ်ပစ္စည်းအမြောက်အများကို ဗြိတိန်ရဲတပ်ဖွဲ့က ရှာတွေ့သွားခဲ့ကြပါတယ်။

? အဲ့ဒီနောက် သူ့ကိုစစ်ဆေးလိုက်တဲ့အခါမှာ တကယ်တမ်းကျတော့ ကြောက်စရာကောင်းတဲ့ အကြံစည်ကြီးတစ်ခုကို ကြံစည်နေမှန်းသိလိုက်ရပါတယ်။ Ahmedနဲ့သူ့ရဲ့အပေါင်းအပါတွေက သေချာအနုစိတ်planချပြီးတော့ ဓာတ်ခွဲခန်းထဲမှာ အချိုရည်ဘူးတွေထဲ ဗုံးတွေတပ်ဆင်ထားခဲ့ကြပါတယ်။

?နောက်ပြီးအဲ့ဒီအချိုရည်ဘူးတွေက လေယာဉ်ခုနှစ်စီးပေါ်မှာ လိုက်လံတပ်ဆင်ပြီးတော့ ဖောက်ခွဲဖို့အတွက်ကြံစည်ခဲ့ကြတာပါ။ ဒါမယ့်ကံကောင်းစွာနဲ့ပဲ ရဲတွေကသူတို့ကို အချိန်မှီဖမ်းဆီးလိုက်နိုင်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီးတော့ လေယာဉ်စီးနင်းခွင့်စည်းမျဉ်းစည်းကမ်းတွေထဲမှာ 3-1-1 liquid rulesလို့ခေါ်တဲ့ အရည်သယ်ဆောင်ကန့်သတ်တားမြစ်တဲ့ဥပဒေကို အမေရိကန်အခြေစိုက်သယ်ယူပို့ဆောင်ရေးဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အစည်း TSAကနေ ထည့်သွင်းသတ်မှတ်လိုက်တာပဲဖြစ်ပါတယ်။

? ဒါဆိုရင် မျိုးစေ့ပြဿနာကို ဆက်လက်လေ့လာကြည့်လိုက်ရအောင်။ မျိုးစေ့သယ်ဆောင်ခွင့်ကို တားမြစ်တာကတော့ အရည်သယ်ဆောင်ခွင့်တားမြစ်ခဲ့သလို ပြဿနာတွေဖြစ်ခဲ့လို့မဟုတ်ပါဘူး။ ဒါကနိုင်ငံတစ်ခုနဲ့တစ်ခု သတ်မှတ်ချက်တွေအပေါ်မှာ ကွဲပြားသွားပါတယ်။

?ဂေဟစနစ်ဆိုတာကို မိတ်ဆွေတို့အားလုံးသိကြမှာပါ။ သူက ပတ်ဝန်းကျင်တစ်ခု သဘာဝပုံစံအတိုင်း ဖြစ်ပေါ်ပြောင်းလဲတဲ့ပုံစံပဲဖြစ်ပါတယ်။ ဒီနေရာမှာတစ်ခုခုက ဝင်ရှုပ်လိုက်မယ်ဆိုရင် ဂေဟစနစ်ကြီးတစ်ခုလုံးလည်း ပျက်စီးသွားနိုင်ပါတယ်။ ဥပမာ-မျိုးစေ့လိုအရာမျိုးပေါ့။

? သူများနိုင်ငံတွေက သူတို့ဆီမှာပေါက်လေ့ပေါက်ထမရှိတဲ့ အပင်မျိုးစေ့တွေကိုယူလာပြီး သူတို့ရဲ့အပင်ဂေဟစနစ်ကို ပျက်စီးသွားစေမှာ အလွန်စိုးရိမ်ကြပါတယ်။ ဒါကြောင့်လည်းမျိုးစေ့တွေကို နိုင်ငံကူးတဲ့အခါ သယ်ဆောင်ခွင့်ပေးဖို့ seriousဖြစ်နေကြတာပါ။

? ဒီလောက်ဆိုရင်မိတ်ဆွေတို့လည်း အခုပြောပြလိုက်တဲ့ အကြောင်းရာလေးကို ဗဟုသုတရဖွယ်ဖတ်ရှုခဲ့ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်...?

Keep Reading

အာရုံစူးစိုက်မှုစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါင်လိုက်ဒရာမာ (Vertical Drama)ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတာကိုကုစားမယ် စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်