Author's Profile Photo

သစ်တိုင်းမွှေး

13/06/2024

ယာလည်းညက်စေ ကြက်လည်းပန်းစေ

1 min read
General Knowledge

ယာလည်းညက်စေ ကြက်လည်းပန်းစေက မြန်မာရိုးရာစကားပုံလေးတစ်ခုဖြစ်ပါတယ်။မြန်မာတွေဟာ စကားပုံတစ်ခုကို ပေးပြီးဆို နောက်လာနောက်သားတို့ နားလည်အောင် သင်ခန်းစာရအောင်ပေးလေ့ရှိပါတယ်။ဒီစကားပုံလဲ ဒီလိုပါပဲ သူမှာ ကွယ်ဝှက်ထားတဲ့ သင်ခန်းစာလေးရှိပါတယ်။ ကျွန်တော်တို့ သင်ခန်းစာလေးကို ခနလေးသွားကြည့်လိုက်ရအောင်။သူသင်ခန်းစာဘေးက ခွပ်နေသော တောကြက်နှစ်ကောင် မောပန်းတဲ့ အချိန်ထိ စိတ်ရှည်ရှည် စောင့်ဆိုင်းနေပြီး မိမိယာကို ထွန်ရေးတာမပျက်​စေပဲထွန်လျက်​​နေလို့ ယာလည်းညက်၊ ကြက်ကိုလည်း အလွယ်တကူ ဖမ်းနိုင်ပါတယ်တဲ့။သူသင်ခန်းစာက ကိစ္စတစ်ခုကို အခြေအနေပေးသည်အထိ စိတ်ရှည်ရှည် စောင့်ဆိုင်းရင်း အလုပ့် တစ်ခုကို လုပ်ရရင် အချိန်ပို မကုန်ဘဲ အလုပ်နှစ်ခု ပြီးမြောက်ပါတယ်တဲ့။

သူစကားပုံရဲ့ ရာဇဝင်နောက်ခံလေးရောပြောပြပေးပါအုံးမယ်။သူရာဇဝင်နောက်ခံလေးက မြန်မာသက္ကရာဇ် ၇၃၂-ခုနှစ်။ကလေးနှင့် မိုးညှင်း စစ်ဖြစ်ကြတော့ ကလေးမြို့စား သိုချည်ဘွားက အင်းဝဘုရင် မင်းကြီးစွာစော်ကဲ ထံကို ‘ကျွန်ုပ်ကို ကူညီပါ၊ အောင်မြင်လျှင် မိုးညှင်းကို ဆက်ပါမည်’ ဟု လျှောက်လာခဲ့ပါတယ်။ မိုးညှင်းစား စောခုံမှိုင်းကလည်း ‘ကျွန်ုပ်ကိုကူညီပါ။ ကလေးကို ဆက်ပါမည်’ ဟု လျှောက်လာပါတယ်။

ထိုကိစ္စကို မင်းကြီးစွာက ပညာရှိအမတ်ကြီး စည်းတပြစ်ကို တိုင်ပင်ခဲ့တော့ အမတ်ကြီးက ‘ကိစ္စတစ်ခုတွင် အမြန်ပြုရသောကိစ္စ၊ အနှေးပြုရသောကိစ္စ ဟူ၍ နှစ်မျိုးရှိသည်။ ဤကိစ္စကို ကြည့်သောအခါ သူတို့နှစ်ဘက် အားအင်မတူကြလျှင် အမြန်ပြုရပါမည်။ ယခုတွင် သူတို့သည် အားချင်းတူနေကြသည်။ ထို့ကြောင့် နှေးနှေးပင် ပြုတော်မူပါ။' စကားအားဖြင့် ဥပမာပုံတစ်ခုကိုလျှောက်တင်ခဲ့ပါတယ်။

“လူတစ်ယောက်သည် တောစပ်၌ လယ်ထွန်စဉ် တောကြက်နှစ်ကောင်တို့ ခွပ်နေကြသည်ကို မြင်လျှင် အမြန်သွားရောက်၍ ဖမ်းယူပါက ကြက်များ မောပမ်းခြင်း မရှိကြသေးသောကြောင့် လွတ်ထွက်၍ ပြေးသွားနိုင်သည်။ ငါလည်း လယ်ထွန်သည့် အလုပ်ပျက်လိမ့်မည်။ ထို့ကြောင့် ‘ကြက်လည်းမောစေ၊ ယာလည်း ညက်စေ’ လေအောင် နေစေဦးအံ့ဟု ယာကို ထွန်မြဲထွန်နေ၏။ ယာညက်သောအခါမှ မောပမ်းနေကြပြီးဖြစ်သော ကြက်နှစ်ကောင်ကို သွားရောက်၍ ဖမ်းယူလျက် လွယ်ကူစွာ ဖမ်းရလေ၏။” ဟုသော ဥပမာကို လျှောက်တင်ခဲ့ပါလေတယ်။

"ဤသို့ပင် ယခုလည်း ကလေးရော မိုးညှင်းပါ တိုက်ကြပါစေဦး၊ နှစ်ဦးလုံး မောပမ်းနွမ်းနယ်လာမှ ချီ၍ သိမ်းယူတော်မူပါလျှင် နှစ်ပြည်လုံးကို အလွယ်နှင့်ပင် ရပါလိမ့်မည်" ဟု တင်လျှောက်ပါတယ်။ အမတ်ကြီး အကြံပေးသည့်အတိုင်း သင့်မြတ်လှသည်ဟု မင်းကြီးစွာလည်း မည်သူ့အားမျှ မကူညီဘဲ နောင်ချိန်မှချီ၍ သိမ်းပိုက်သောအခါ ကလေးနှင့် မိုးညှင်းကို နှစ်မြို့လုံးကိုရပါသတဲ့။ စည်းတပြစ်အမတ်ကြီးကို ကလေးနှင့် မိုးညှင်းနှစ်ခုလုံး အပိုင်းစားပေးသနားသော်မှုခဲ့ပါတယ်။

ဒီသင်ခန်းစာက အခွင့်အခါသင့်အချိန်မှ ကိစ္စတစ်ခုကို ပြုလုပ်သည်အခါ အခွင့်အခါမသင့်ခင်အချိန်ကထက် အကျိုးအမြတ်ရကြောင်းနဲ့၊စောင့်ဆိုင်းခြင်းကြောင့် မိမိရဲ့အချိန်အားမဖြုန်းပဲ အခြားသောအလုပ်များ အစားလုပ်ရင်း မိမိအလုပ်များ မြန်ဆန်စွာပြီးမြောက်စေဖို့ပါ။ဒါနဲ့ အနက်တူတဲ့ စကားပုံလေးက ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပြစ်ဆိုတာပါပဲခင်ဗျ။


ချစ်သော

သစ်တိုင်းမွှေး

Keep Reading

ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်ဒေါင်လိုက်ဒရာမာ (Vertical Drama)စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတဲ့အကျင့်ဆိုး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်