Author's Profile Photo

သစ်တိုင်းမွှေး

13/06/2024

ကံ့ကော်မြိုင်

4 mins read
18 Again
Fiction
ကံ့ကော်မြိုင်'s photo

ကံ့ကော်မြိုင်။အဲ့အမျိုးသမီးလေးက ကျွန်မကို မောင်မောင်လို့ ခေါ်ပါသည်။။

. . .
ရန်ကုန်လေယာဉ်ကွင်းမှာ ကျွန်မရယ်၊သူရယ်။ကျွန်မတို့ ဘာစကားမှ မဆိုကြပါပဲနဲ့ ကံ့ကော်မြိုင်လေး မျက်ဝန်းတို့ကား မျည်ရည်ဥတို့ ခိုတွဲလေသတဲ့။ဘယ်သူခွင့်ပြုချက်နဲ့ပါလဲ။ကျွန်မဆို ...ကျွန်မဆိုရင် မျက်ရည်တွေ မပြောနဲ့၊မျက်နှာနွမ်းရင်တောင် ရင်ထဲအဆင်ကိုမပြေတော့တာ။

"တောင်းပန်ပါတယ် "

နီထွေးထွေးနှုတ်ခမ်းတွေရဲ့ တုန်ရီမှု၊ပေါက်ခနဲ ကျသွားသည့် မျက်ရည်စက်။ကျွန်မ အလျင်အမြန်ပင် မျက်နှာနုနုထွေးဆီက မျက်ရည်တွေကို အသာသုတ်ပေးတော့ မော့ကြည့်လာသည်။

"အို တောင်းပန်စရာမလိုဘူးကွယ်၊"

မငိုရဘူးလေ။အပြန်ကျ လက်ဖက်သုတ် သုတ်ကျွေးမယ်လို့ ချော့ချင်ပေမဲ့ ပြောခွင့်ကားမရှိ၊ချော့ခွင့်ကားလဲမရှိ။ခရီးသည်ကား စရတော့မည်။မဆုံးသော ခရီး ၊သူ မပါသောခရီး။

. . .
ကျွန်မ ကံ့ကော်မြိုင်ကို စတွေ့တုန်းက သူကငယ်ငယ်နုနုလေးပဲရှိသေးတာ။၁၈နှစ်သာသာလေး​လေ။

နုသစ်လက်ဆက်မှုတွေနဲ့ ပြည့်စုံနေတဲ့ သစ်ပင်လေးတစ်ပင်လိုပါပဲ။ကျွန်မနှလုံးသားအောက်ခြေမှာ အမြစ်တွယ််ထားတဲ့ သစ်ပင်ပေါ့။အစတော့ သတိတောင် မထားမိလိုက်ပါဘူး။သတိထားမိတော့ အမြစ်ကား ကုပ်တွယ်ပြီးနေပြီ။

အချစ်ကို လောကီအပူလို့ ဗုဒ္ဓမြတ်စွာဘုရားက တားမြစ်ပါတယ်။ကျွန်မက ဘုရားမြေမှာပဲ အချစ်ကို ရှာတွေ့ခဲ့တယ်။

"ဒီက မမ၊ဟို ကိစ္စမရှိရင် ညီမကို ဓာတ်ပုံလေးရိုက်ပေးပါလားဟင်"

ချိုသာပြီးကလေးသံ မပျောက်သေးတဲ့ အသံလေး။ကျွန်မ ကြည့်လိုက်တော့ ဝင်းဖန်ဖန် မျက်နာနုလေး၊ပါးကွက်လေးတွေနဲ့။ဆံပင်ရှည်အိအိလေးတွေကို တစ်ဝက်ညှပ်ထားပြီး အဖြူရောင် ဇာအင်္ကျီလက်ဖောင်းနဲ့ ကလေးမလေး။ကျွန်မသူကို စသိခဲ့တဲ့ ပုံစံလေးပါ။

အဲ့ကလေးမက ကျွန်မဆီ ဖုန်းထိုးပေးပြီးတော့ လှသည်ထက် လှအောင်ပြင်ထားတဲ့သူကို မှတ်တမ်းတင်စေချင်ပါတယ်။ကျွန်မသည်မှာလဲ မငြင်းမိ။

"ရတယ် ညီမ၊ဘယ်နားလေးရိုက်မလဲ"

"ဒီနားမမ အဆင်ပြေလားဟင်"

ကျွန်မတို့ရပ်နေတဲ့ နေရာက နေရောင်ထိုးလာပြီမို့ မေးလိုက်တော့ ကံ့ကော်ပင်အနည်းနည်းမြင့်မြင့်လေးကိုညွှန်ပြတယ်။အပင်ရဲ့ ရွက်ဖျားက ကလေးမလေးရဲ့ ပါးအို့လိုနီနေသည်။ကံ့ကော်နဲ့ တူသော မိန်းကလေးပါလား။
အဲ့ကံ့ကော်ပင်မှာ အဲ့ကလေးမ သွားရပ်ပြီး အတင်း အပျိုလေးဂိုက်ဖမ်းနေသည်ကို ကျေနပ်သည်အထိပင် ဓာတ်ပုံအထပ်ထပ် ရိုက်ပေးခဲ့ပါတယ်။

"ဟီးဟီး မမ ကျေးဇူးနော်"

အပြုံးလေး၊သွားတက်လေးနဲ့ပါလား။ကျွန်မ ရန်တွေအခုန်မြန်နေခဲ့ပါသည်။ကျွန်မတော့ အဲ့အချိန်တုန်းက အလှူရှင်ကြီး တီးတဲ့ ဗုံသံ ဟိန်းနေလို့ ထင်မိတာ။ဘယ်ဟုတ်ပါ့မလဲ။အဲ့ကတည်းက ကျွန်မအပေါ် ရစ်နွယ်နေတဲ့ ပျိုးပင်လေးတစ်နွယ် ရှိခဲ့ပါကြောင်း။

အလှူပွဲမှာ မီးခိုးတိတ်ကျင်းပသဖြင့် လူသူများလှသည်။ညဘက်ဆိုဇာတ်၊နေ့ဆိုလက်ဖက် တည်ခင်းဧည့်ခံသည်မှာလဲ စေတနာ အပြည့်နဲ့ပင်။ကျွန်မတော့ သုံးရက်လောက်ကသည့်ဇာတ်ကို နောက်ဆုံးပိတ်ညကျမှ အမေ၊အစ်မများ အတင်းကာရောခေါ်လို့ လိုက်ခဲ့ရပါသည်။

နောက်ဆုံးကျကျနေရာလေးမှာ ကျွန်မတို့နေရာယူကာ ဇာတ်ကြည့်ကြပါသည်။ခေါ်လာသူ အမေနှင့်အစ်မမှာ ညသန်းခေါင်ပင် မကျော် အိပ်ပျော်သွားချေသည်။

ညည့်ဦးယံလောက် ဖြစ်မည်။အိပ်ငိုက်နေပြီဖြစ်တဲ့ ကျွန်မကို အမွေးပွ အနွေးထည်းလေးက တိုးတိုက်နေတယ်လို့ ခံစားခဲ့ရပါတယ်။ကျွန်မရဲ့ မျက်လုံးတွေက အိပ်ချင်မနေ တော့ပါဘူး။တိုးတိုက်မိနေတဲ့ အမွေးလုံးလေးဟာ နေ့လည်က ဓာတ်ပုံရိုက်ပေးတဲ့ ကလေးမမှန်းသိတဲ့အခါမှပေါ့။

"ပြဇာတ်က ဘာဖြစ်သွားတာလဲ"

အိပ်ချင်မူးတူးနဲ့ ထပြီးမေးလိုက်မိတာက စင်ပေါ်က ငိုနေတဲ့ ဇာတ်မင်းသမီးကို။ဒီကလေးမသည်လဲ အခုမှ ရောက်လာသည်ပဲထင်သည်။

"ညီမလဲ မသိဘူး မမရယ်"တဲ့။

ဆောင်းလေက တဖြေးဖြေးအေးလာသည်။နှင်းတွေကျတဲ့အခါ ဘေးက ကလေးမက တော်တော်လေးအေးနေဟန်ရှိသည်။

"စောင်တစ်ပိုင်းယူလေ"

"ဟုတ်ကဲ့"

ကျွန်မ ယူလာတဲ့ စောင်ကလေးမျှခြုံလိုက်တော့ တော်တော်လေးမှ နေသာသွားဟန်ရှိပါပြီ။ကျွန်မဘက်သာ အိုးတိုးအန်းတန်းဖြစ်နေပေမဲ့ သူကတော့ ဘာမျှ မဖြစ်ဟန်လေးပါ။

ကျွန်မတို့ကြား တမင်တကာမလုပ်ယူပါပဲ စကားတွေ တိတ်ဆိတ်သွားခဲ့သည်။ကျွန်မတို့ကြားက တိတ်ဆိတ်မှုတွေနဲ့ပဲ ဆောင်းညကို ဖြတ်သန်းခဲ့ရပါ၏။

ရက်အနည်းကြာလွန်သောအခါ ကျွန်မက အလုပ်ရှိရာပြန်ရပါမယ်။
"သမီးလေး အစစအရာရာ အဆင်ပြေပါစေကွယ်"
ရထားပေါ်ကနေ အမေ့ရဲ့ ဆုတောင်းမှုကို လက်ခံရယူကာ ခရီးစဖို့ ကျွန်မမျှော်လင့်နေမိပါသည်။ဟော ရထားကြီးတရွေ့ရွေ့နှင့် စထွက်ခွာလာပါပြီ။ကျွန်မနေရာမှာ အသာထိုင်တော့ လူတစ်ယောက်ရောက်လာပါတယ်။အမိန်းကလေးတစ်ယောက်ပေါ့။အဲ့တာ အဲ့ကလေးမပဲလေ။သွားတက်တွေနဲ့ကလေးမ။

ဒီနေ့ သူပျော်ပုံမရပါဘူး။ရထားပြတင်းပေါက်ကို မေးတင်ရင်း ကျော်လွန်သွားပြီဖြစ်တဲ့ ဘူတာတွေကို ငေးကြည့်နေတဲ့သူက ပျော်နေပုံမရပါဘူး။အမြဲတမ်းပြုံးပြုံးရယ်ရယ်ရှိနေတက်တဲ့သူက ဒီနေ့မှိုင်းနေတယ်လို့ကို ထင်မိပါသည်။

"ဘာတွေများကြည့်စရာရှိလို့လဲ"
ကျွန်မကိုတွေ့တော့ အံ့သြ သွားဟန်လေးပါ။ကျွန်မဘက် မျက်နှာလေးလှည့်လာသည်။

"ဒီတိုင်းတွေးမိနေရုံပါမမရယ်"

"ဘာကိုလဲ''

သူက ပြုံးပြုံးလေးပဲဖြေပါသည်။

''အတိတ်တွေကလေ။ ကြည့်ပါအုံး ကျော်ခဲ့ရတဲ့ ဘူတာတွေလို့ ကျန်နေခဲ့ပြီ မဟုတ်လား"တဲ့။
ကျွန်မတို့ ရထားပေါ် တစ်ရက်လောက်အတူရှိနေပြီးတော့ တော်တော်လေးရင်းနှီးလာခဲ့ပါသည်။

ဖုန်းနံပတ်လဲ လှယ်ခဲ့ပြီးပြီ
နှလုံးသားချင်းလှယ်ဖို့သာ ကျန်တော့သည်။
နာမည်လဲ သိရပြီးပါပြီ။
မြိုင်။မေတ္တာမြိုင်၊သူရဲ့မြိုင်၊ကံ့ကော်မြိုင်။

ရထားပေါ်က ကိုယ်လိုရာ အရပ်ဦးတည်တော့မှ ကျွန်မနှင့်မြိုင်ဟာ နေရပ်အတူတူမှန်း သိရတော့သည်။ကျွန်မ ဘာလုပ်လုပ် ကျွန်မစိတ်ထဲ မြိုင်သာရှိသည့်အထိဖြစ်သွားဖူးပါသည်။ကျွန်မ မြိုင့်ကို ချစ်မိပါပြီလို့ ခံစားမိတဲ့အချိန်ပေါ့။

ကျွန်မသည် မြို့ထဲ သွားစရာရှိလျှင် မြိုင်နေတဲ့အဆောင်ဘက်က ဖြတ်သွားလေ့ရှိသည်။တစ်ခါတစ်လေ မြိုင်က ကျွန်မကို သတိထားမိပြီး တစ်ခါတစ်လေကျ သတိမမူမိ။

အားတက်နဲ့ အချိန်ကလေးတွေမှတ်၍ တစ်ခါတစ်လေ ဖုန်းခေါ်ခဲ့သည်။မြိုင် ဖုန်းအားကုန်သည့်အချိန်သည် ကျွန်မအားသွင်းကြိုးတန်းလန်းနှင့်ပြောရသည့်အချိန်မျိုးလဲရှိပါသည်။

ကျွန်မသည် ကာလသားများလို ညဘက် အဆောင်ရှေ့ လျှောက်ပြန်သံပေးမရသော်ငြား ကျွန်မနည်း ကျွန်မဟန်ဖြင့် ချစ်သည်ဟု ထင်သည့်အချိန်မှစ ပိုးခဲ့ပါသည်။

မြိုင်က တစ်ခါတရံစတက်သည်။
''မောင်မောင် ခြေထောက်တွေရှည်ပြီးသွယ်လျနေတာ မြိုင်ကိုလာကြည့်ရလို့ပေါ့နော့်။မြိုင့်ကျေးဇူးကြောင့်ပေါ့နော်''တဲ့။မြိုင်ဟာကျွန်မတို့ ချစ်သူဖြစ်စကတည်းက မောင်မောင်လို့ခေါ်ပါတယ်။

ကျွန်မတို့ ချစ်သူဖြစ်တုန်းက အချိန်ကို မှတ်မိပါသည်။ကျွန်မကား ရဲရဲဝင့်ဝင့် ချစ်စကားပြောမည် ဟု ရည်မှန်းထားသောငြား မြိုင့်အရှေ့ရောက်လျှင် သတ္တိကား ခေသွား၏။ထိုကြောင့် ငှားမယ်ဟုတ်ပြောသော စာအုပ်လေးကြား မေတ္တာစာပါးခဲ့ရသည်။အဖြေကိုလဲ ထိုသို့ပင် ပြန်ရခဲ့ပါ၏။ကျွန်မနည်းအတိုင်းပေါ့။
ကျွန်မတို့ ချစ်သူဖြစ်စက တစ်ပတ်ကြီးများတောင်မတွေ့ပဲနေကြတာ သူများချစ်သူများတော့ ချစ်စခင်စမှာ မခွဲနိုင်မခွဲရက်နဲ့ သေတော့မလိုပဲတဲ့။ကျွန်မတို့လဲ မခွဲနိုင် မခွာရက်ပါနဲ့ သိပ်ရှက်လို့တော့ ခပ်ခွာခွာနေမိတာပေါ့။

''မောင်...မောင်၊မောင်မောင်''ကျွန်မရဲ့ ကံ့ကော်မြိုင်က ချစ်သူဖြစ်စမှာ စိတ်လှုပ်ရှားလွန်းလို့ မောင်လို့တစ်လုံးထဲ ခေါ်ကြတာကို မောင်မောင်လို့ စကားထစ်ပြီးခေါ်မိပါသတဲ့။အဲ့တာနဲ့ ကျွန်မနာမည် မောင်မောင်ပါပေါ့ရှင့်။မြိုင့်ရဲ့မောင်မောင်ပေါ့ ၊ကံ့ကော်မြိုင်ရဲ့ မောင်မောင် ပေါ့ရှင်။

ကျွန်မတို့ ချစ်သူဖြစ်တော့ မြိုင့်အသက်က19နှစ်။ခုများဆို7နှစ်တောင်ရှိပြီ။ aninဆိုနောက်လများဆိုရောက်ပြီ။

ကျွန်မဟာ မြိုင်မေမေနဲ့ ပက်ပင်းတိုးမိခဲ့တာ။မဟုတ်ဘူး။မြိုင် ထောက်တိုင်နဲ့ပါ။
ကျွန်မ မနက်ကိုဆို ခေါက်ဆွဲပူပူလေး စားရတာ နှစ်သက်ပါတယ်။ကျွန်မ ခေါက်ဆွဲစားမလိုပါပဲ။တောင့်ကစားပွဲမှာ စားနေတဲ့ မြိုင်မေမေက ဆိုင်ထဲဝင်လာတဲ့ ကျွန်မကိုတွေ့ပါသည်။

"သမီး ဆုဆု၊လာလေ သမီး"

မြိုင်မေမေက ကျွန်မကို မြိုင့်သူငယ်ချင်းအနေနဲ့ သူ့သမီးလေးလိုချစ်ပါသည်။သို့သော် သူချွေးမလိုကားမဟုတ်။ကျွန်မအဲ့အဝိုင်းသွားလိုက်တော့ မြိုင်၊မြိုင့်မေမေဖေဖေနဲ့ တစ်ဖက်ကလဲ မိသားစုသုံးယောက်။ကျွန်မ အပြုံးကလေးနဲ့ နှုတ်ဆက်လိုက်ပါသည်။ခန့်မှန်းပြီးသားကိုလဲ အမှန်ဖို့ဆုတောင်းရင်းပေါ့။

"မင်္ဂလာပါ တီတီ၊နေကောင်းရဲ့လားရှင့်"

"ကောင်းပါ့ရှင်။ကောင်းပါ့။မိတ်ဆတ်ပေးရအုံးမယ်။ဒါက မြိုင်နဲ့ စေ့စပ်တော့မဲ့သူလေ..."
စေ့စပ်တော့မဲ့သူလေ နောက်မှာ စကားတွေအများကြီးဆက်ပြောသွားပေမဲ့ ​ကျွန်မဘာမှ မကြားမိ။မြိုင်မျက်နှာ နည်းနည်းပျက်သွားတာ သတိထားမိလိုက်သည်။ကျွန်မ အားထုက်ပြုံးလိုက်တော့ မြိုင်ဟာလဲ ပြုံးလာသည်။ကျွန်မတို့အပြုံးတွေဟာ မ​သေသပ်ပါဘူး။

အဲ့နေ့ကစ မြိုင်ကျွန်မဆီ မလာသလို ကျွန်မကလဲ မြိုင်ဆီမသွားဖြစ်ပါဘူး။အလုပ်ပုံထဲ ခေါင်းနှစ်ထားတာတောင် စိတ်ကတော့ မြိုင်ဆီ ရောက်ဖြစ်သေးပါတယ်။

"လာမယ်မလားဟင်"
ချော့ချော့မော့မော့ ခေါ်သံလေးပါ။ကျွန်မစိတ်ထင်လို့လားမသိပေမဲ့ မင်းမရှိရင် မဖြစ်ဘူဆိုတဲ့ အားနည်းတဲ့ အသံလေးပါ ပါလိုက်ပါသေးသည်။ကျွန်မ သူတို့နှစ်ယောက် စေ့စပ်ပွဲကို သွားလိုက်ပါသည်။ကျွန်မက ငြင်းမှမ​ငြင်းဝင့်ပဲ။အဲ့တာအစအဆုံး အခမ်းအနားမှူးတစ်ယောက်လိုပြင်ပေးခဲ့ပါသည်။စေ့စပ်ပွဲပြီးချိန်မှာတော့ ကျွန်မဟာကိုယ်ဋ္ဌာနေ၊ကိုယ်နေရပ် ပြန်ရမည့် ငှက်ငယ်လေးသာဖြစ်တော့သည်။

. . .
လေယာဉ်ပေါ်တက်ရန် ပန်ကြားချက် အဆုံး ကျွန်မသည် ကျွန်မလက်ကို ဆုပ်ကိုင်ကာ ငိုနေသည့် မြိုင့်ဆီမှ လက်အား ယူပါလိုက်သည်။

''မောင်မောင် သွားရတော့မယ် ကံကော်မြိုင်ရယ်''

မြိုင်ရဲ့ အံ့သြ သလိုအကြည့်များ ကျွန်မဆီဆိုက်ရောက်လာသည်။ဟုတ်သည်။ကျွန်မသည် မြိုင်သာသုံးစွဲခေါ်ဝေါ်ခဲ့သော မောင်မောင်ဆိုသည့်အသုံးအနှုန်းကို ကိုယ့်ကိုကိုယ်နာမ်စားဖြစ်ဘယ်တုန်းကမျှမသုံးခဲ့။အရင်ကတော့ ရှက်လို့ပေါ့ ခု​တော့ဖြင့် နှုတ်ဆက်လက်ဆောင်ဖြင့်သိမ်းထားတာ ကျနေရောပဲ။

ကျွန်မပြုံးပြလိုက်တယ်။
''မငိုပါနဲ့ မြိုင်ရယ်။အတိတ်တွေက ကျော်ခဲ့ရတဲ့ ဘူတာတွေလို့ ကျန်ရစ်ခဲ့မှာ ​ပြီးတော့ မောင်မောင်ကလဲ မြိုင်ဘဝရထားထဲက ဘူတာသေးသေးလေးပေါ့''

Keep Reading

ထွက်ပေါက်(Exit)တကယ်ပြီးသွားမှာလား? Really End?မဖြစ်မ‌နေဖတ်ကိုဖတ်သင့်တဲ့ စာအုပ် (၅) အုပ်UWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?လူငယ်နှင့်စာပေPassion (အရူးအမူးဖြစ်ခြင်း၊ ဝါသနာကြီးခြင်း)အချိန်ဆွဲတတ်တဲ့ သူတွေအတွက် 2 Minutes Ruleဆောင်းပါးတစ်ပုဒ်ဘယ်လိုစတင်ရေးသားကြမလဲအလုပ်လုပ်ဖို့ Motivation ဟာ တကယ်ပဲ လိုအပ်ပါသလား။