Author's Profile Photo

SarPhat Author

13/06/2024

လူ့ဘဝကို အကျိုးရှိရှိအကောင်းမွန်ဆုံးဖြစ်အောင် ဘယ်လိုနေထိုင်ကျင့်သုံးမလဲ

2 mins read
Life Style
Personal Development
လူ့ဘဝကို အကျိုးရှိရှိအကောင်းမွန်ဆုံးဖြစ်အောင် ဘယ်လိုနေထိုင်ကျင့်သုံးမလဲ's photo


ကောင်းကင်ကအပ်တစ်စင်းနှင့်ငရဲပြည်မှအပ်တစ်စင်း ဆုံတွေ့ကောင်းဆုံတွေ့နိုင်ပါတယ်
သို့ပေမယ့်
လူဘဝရဖို့ဆိုတာအလွန်တစ်ရာမှခက်ခဲလှပါပေတယ်
ဒါအပြင်လူရယ်လို့ ဖြစ်လာပြီဆိုရင်တော့ ကိုယ်လုပ်ကို လုပ်ရမယ့် တာဝန်ဝတ္တရားတွေဆိုတာ ရှိလာစမြဲပဲမလား
ကလေးဘဝမှာဆိုစာသင်ဖို့ ကစားဖို့ဆိုသလို
လူကြီးဘဝမှာလည်း အလုပ်လုပ်ဖို့မိဘရှာကျွေးဖို့ လုပ်ဖို့တာဝန်ဝတ္တရားတွေရှိစမြဲပါ
ဒီတော့ လူဘဝဆိုတာ တာဝန်တွေ
ထမ်းဆောင်ဖို့လားဆိုတော့မဟုတ်ပါဘူး
လူဖြစ်ရကျိုးနပ်ဖို့ ဘယ်လိုအကောင်းဆုံးနေထိုင်ရမလဲဆိုတာအလွန်တရာမှအရေးကြီးလှပေတယ်
ဒီတော့ဒီဆောင်းပါးလေးမှာဖြင့်
လူဘဝကိုဘယ်လိုအကောင်းဆုံးဖြစ်အောင်ဘယ်လိုနေထိုင်ရမလဲဆိုတာ
သိအောင်စာကိူအဆုံးထိဖတ်ကြည့်လိုက်ပါခင်ဗျာ

(၁)ကိုယ်သဘောကျမယ့် အရာတွေကို များများလုပ်ပါ

လူတွေအမြဲပြောနေကျ စကားတစ်ခွန်းရှိပါတယ်။
"လုပ်ချင်တာထက် လုပ်သင့်တာကိုပဲ ဦးစားပေး ဆိုတဲ့စကားလေးပေါ့"
အဲ့စကားဟာ သေချာ တွေးရင်တော့ တော့ မှန်ကန်တယ်ဆိုရပေမယ့် အမြဲတမ်း လုပ်သင့်တာကိုပဲ ဦးစားပေးနေပြီး ကိုယ်လုပ်ချင်တာမလုပ်ရတဲ့အခါ ဘဝက မသေသေးလို့ အသက်ရှင်နေတာပဲရှိတာ၊ အဓိပ္ပါယ်ရှိနေမှာ မဟုတ်ပါဘူး လို့ထင်မှတ်တတ်ကြတယ်။
ဒါကြောင့် သင့် အနေနဲ့လုပ်ချင်တာရော၊ လုပ်သင့်တာရော ရောသမမျှတစွာ ဆောင်ရွက်ပေးပါ။ ဥပမာ – ကျောင်းဖွင့်ရက်မှာတစ် နေ့သင်သမျှစာက်ို သေချာလေ့လာသင်ယူမယ် ၊
ကိုယ့်ရဲ့ အားလပ်ချိန် တွေမှာ ကိုယ်ဝါသနာပါတဲ့ အရာ တွလုပ်တာ၊ မိသားစုဝင်တွေ နဲ့အချိန်ဖြုန်းတာ၊ ကိုယ့်အတွက် စိတ်ကို အေးချမ်းသာယာစေမယ့် အရာတွေ များများလုပ်ပေးပါ။

(၂) စိတ်ကျန်းမာရေး မပေါ့ဆပါနဲ့။

လူ့ဘဝမှာ တစ်ခုမဟုတ် တစ်ခု အခက်အခဲပြဿနာတွေ၊ စိတ်ဖိစီးမှုတွေ၊ စိတ်ရှုပ်စရာ အခြေအနေတွေနဲ့ တစ်ချိန်မဟုတ်တစ်ချိန် ရင်ဆိုင်ရမှာပါ။ ဒီလို လောကဓံ တရား တွေ
ကြောင့် ကိုယ့်ရဲ့ အဖိုးတန်စိတ်ကလေး မညှိုးနွမ်းရစေဖို့ ကိုယ့်စိတ်ကို အတတ်နိုင်ဆုံး အေးချမ်း ပျော်ရွှင်စွာ ထားပါ။ကိုယ်ချစ်တဲ့သူတွေ မိသားစုနဲ့ အချိန်ကို ကုန်ဆုံးပါ။ လုပ်သင့်လုပ််ထိုက်တာ တွေပဲ လုပ်နေရင်းနဲ့ အသက်ကြီးပြီး ဘဝကုန်ဆုံးသွားရတာမျိုး မဖြစ်စေဖို့ သတိထားပါ။ ရောဂါပေါင်းစုံရရှိ စေတဲ့ စိတ်ဖိစီးမှုကို အမြန်ဆုံး လျှော့ချပါ မေ့ပစ်ပါ။ လူကဘယ်လောက်ပဲ ဥစ္စာဓန ပိုက်ဆံ ဘယ်လောက်ပေါများနေပါစေ
စိတ်မချမ်းသာ၊ လူမကျန်းမာဘဲ နေရင်
သင့်မှာရှိတယ့်ပစ္စည်းတွေက အလကားသက်သက်ပါပဲ။


(၃)အတိတ်ကဖြစ်ရပ် တွေကို အတိတ်မှာ ဘဲထားခဲ့ပါ။

အတိတ်က အကြောင်းတွေကို တွေးပြီး လက်ရှိ အချိန်ကို မဖြုန်းလိုက်ပါနဲ့။ ပြီးခဲ့တာတွေကို တွေးပြီး နောင်တရနေ စိတ်ညစ်နေလို့လဲ ဘာမှ ထူးခြားလာမာမဟုတ်ပါဘူး။ပြန်ပြင်လို့လဲ မရ တော့ပါဘူး။ ကိုယ်အတွက် အလွန်တရာတန်ဖိုးရှိတဲ့ အချိန်တွေ ကုန်ဆုံးသွားတာပဲ အဖတ်တင်မာပါ။ဒီတော့ လူဘဝကိူအကောင်းဆုံးဖြစ်အောင်နေထိုင်ချင်ရင်တော့
အတိတ်ကိုအတိတ် မှာပဲ ထားပြီး
ပစ္စပ္ပန်မှာအကောင်းဆုံးဖြစ်အောင် ကြိုးစားပါ။

(၄) မူးယစ်ဆေးဝါးသုံးစွဲခြင်းကိုရှောင်ရှားပါ

မူးယစ်ဆေးဝါးကစဆေးလိပ်ကဆိုသလိုဘဲ
မူးယစ်ဆေးဝါးကလူကိူဆိုးကျိုးအလွန်တရာပေးပါတယ်။
ဆေးလိပ်နဲ့ အရက်ဆိုရင်
လူကိုအရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေပြီး ကိုယ်ခံအားကို အလွန်အမင်းကျဆင်းစေပါတယ်။ ရောဂါတွေ အလွယ်တကူဝင်လာတဲ့အခါ လူက ကျန်းမာရေးထိခိုက်လာမယ်။ အဆုတ်၊ အသည်း၊ နှလုံး၊ ကျောက်ကပ်တွေမှာ လည်း ဒီအဆိပ်အတောက်တွေနဲ့ ပြည့်နေပြီးမကြာခင်ပျက်စီးသွားမှာပါ။ ဒါကြောင့် ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးမှ မရှိစေတဲ့ မူးယစ်ဆေးဝါးကိုငယ်ရွယ်နုနယ်စဥ်ကတည်းကရှောင်ရှားကာ လူဘဝက်ိုအကောင်းဆုံးဖြစ်အောင်ဖြတ်သန်းကြပါခင်ဗျာ။


(၅) အသစ်အဆန်းတွေကို လုပ်ကြည့်ပါ။

လူ့ငယ်ဘဝဆိုတာ ကျောင်းနဲ့ အိမ်၊ အိမ်နဲ့ ကျောင်း၊ တစ်နေ့ကုန်တစ်နေ့ထက် တစ်နေ့
ဒီလိုပဲ အမြဲတမ်းလည်ပတ်နေရင် သိပ်ကို ပျင်းဖို့ ကောင်းသွားမှာ အသေအချာပါနော်။ စာလုပ်မအားတဲ့ကြားက ကိုယ့်အတွက် သီးသန့်အချိန်ပိုလေး တစ်ခုထားထားပြီး အဲ့အချိန်မှာ ကိုယ်စိတ်ချမ်းသာစေမယ့် ဝါသနာလေးတွေလုပ်တာ၊ ဒါမှမဟုတ် ကိုယ်ဘယ်ခါမှ မလုပ်ဖူးတဲ့ အရာတစ်ခုကို စမ်းလုပ်ကြည့်တာ၊
လူမှုအဖွဲ့အစည်းတွေမှာ ဝင်ရောက်အားဖြည့်ကူညီပေးတာမျိုးတွေ လုပ်လို့ ရပါတယ်။ အနည်းဆုံးတော့အဲ့တာတွေက
သင့်ရဲ့ စိတ်ကို လွတ်လပ်ပေါ့ပါး ပျော်ရွှင်စေပြီး လူ့ဘဝကိူအကောင်းမွန်ဆုံးဖြတ်သန်းနိုင်မာဖြစ်ပါတယ်


အခုဖော်ပြထားတယ့်

လူ့ဘဝကို အကျိုးရှိရှိအကောင်းမွန်ဆုံးဖြစ်အောင် ဘယ်လိုနေထိုင်ကျင့်သုံးမလဲ

အကြောင်းအရာ
ဖြစ်ပါတယ်ခင်ဗျအဆုံးထိဖတ်ပေးကြတယ့်စာဖတ်သူတစ်ယောက်စီတိုင်း
အထူးဘဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ

Eric 13/6/2024 10:00

https://t.me/KnowledgeHeavenByEric

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)