Author's Profile Photo

ယဥ်သီရိလှိုင်(ဆောင်း)

12/06/2024

တောသားမြို့သားဘယ်လိုခွဲခြားတာလဲ

1 min read
Life Style
Culture
18 Again
တောသားမြို့သားဘယ်လိုခွဲခြားတာလဲ's photo

တောသားမြို့သားဘယ်လိုခွဲခြားတာလဲ

အခုနောက်ပိုင်း social media ပေါ်မှာတွေ့လာရတဲ့စကားလေးရှိတယ် အဲ့တာက ဒီကောင်တောသားဘဲ
တောသားတွေပါကွာ တောသားအထာတွေ အဲ့လိုစကားလေးတွေပေါ့ ပြောရရင် လူတော်တော်များများက သူတို့ကိုတောသားတောသူလို့ပြောတာမကြိုက်ကြဘူး ပြောတဲ့သူတွေကလည်းအဲ့လိုမကြိုက်ကြတာကို ပိုပြီးပြောကြတယ် ဘာကိုအဓိပ္ပါယ်ဖွင့်ပြီးပြောလဲဆိုတာတော့ကျွန်မလည်းသေချာမသိဘူး ထင်တာတော့ တုံးတုံးအအ update မဖြစ်တာကိုပြောတာဖြစ်လောက်မယ် ဘာကိုအဓိကပြောချင်တာလည်းဆိုတာတော့ ပြောတဲ့သူတွေဘဲသိမှာပေါ့နော်

နောက်တခုက တောသားဆိုတာမှာ တောမှာနေလို့တောရွာလေးတွေနယ်လေးတွေမှာနေလို့တောသားလို့ပြောတာလား‌ အဲ့လိုဆိုမြို့မှာနေတဲ့သူတွေကိုတောသားလို့ပြောလို့မရဘူးပေါ့ မြို့သားတွေပေါ့ဒါဆို အဲ့လိုကျမဟုတ်ပြန်ဘူး မြို့မှာနေလဲတောသားဘဲတဲ့ ပြောရရင်လှိုင်သာယာပေါ့ လှိုင်သာယာမှာနေတဲ့သူအများစုက တခြားနယ်တွေကနေပထမဆုံးပြောင်းလာပြီးအလုပ်စလုပ်ကြတဲ့နေရာတခု အဲ့လိုနေရာမှာနေတဲ့သူတွေကိုတောသားလို့ခေါ်ကြတယ် ခပ်တုံးတုံးလူတွေပေါ့ ပြောချင်တာ လှိုင်သာယာလိုနေရာမှာနေတဲ့လူတိုင်းကိုပြောတာချည်းမဟုတ်ဘူးနော်သူတို့‌မျက်လုံးထဲအမြင်မကြိုက်တဲ့သူ အမြင်ကပ်တဲ့သူ ဘဝင်မကျတဲ့သူ updateမဖြစ်တဲ့သူမှန်သမျှဟာတောသားဘဲ တောကနေ‌မြို့တက်လာမှတောသားမဟုတ်ဘူး တကယ်တမ်းတောသားတောသူမြို့သားမြို့သူဆိုတဲ့နေရာမှာ နေတဲ့နေရာပေါ်သတ်မှတ်တယ်ဆိုတာကိုဘဲလက်ခံလို့ရတယ် အဲ့လိုမဟုတ်ဘဲလူတဖက်သားကို နှိမ်ချတဲ့သဘောမျိုးနဲ့ပြောတာဆိုရင်တော့ အဲ့ဒီလူဟာ သူကိုယ်တိုင်က အရာရာကိုမကောင်းမြင်တတ်တဲ့လူ တွေသမျှလူကိုလိုက်blameတတ်တဲ့လူ့ဂွစာတယောက်ဖြစ်နေပါပြီ
စာဖတ်သူတို့လဲသိထားပြီးသားဖြစ်မှာပါ ဒီအကြောင်းတွေကျွန်မမပြောလဲသိကြပါတယ် တချို့ကျသိရဲ့သားနဲ့ပါးစပ်အရသာခံပြောတဲ့လူတွေရှိကြတယ် ကျွန်မကလဲတောသူတယောက်ပါ အခုငြိမ်နေတဲ့ကိုယ့်ဘက်ကိုယ်ယက်တဲ့သူတွေနေတဲ့ ဧရာဝတီသူပါ ရန်ကုန်မှာမွေးပြီး တောမှာကြီးခဲ့တယ်အသက် 10နှစ်မှာရန်ကုန်စရောက်ခဲ့ပါတယ် ပြောရရင်တော့ တောသူပါဘဲရှင် ဒါမယ့်လေ ကျွန်မကိုအရင်ကတောသူလို့ပြောရင်မကြိုက်ဘူး ဘာလို့လဲဆိုတော့ ခပ်တုံးတုံးလူလို့ပြောတာမကြိုက်လို့တောမှာနေတယ်ဆိုတာလူမသိစေချင်လို့ တောသူ/သားဆိုတာနဲ့ ခပ်တုံးတုံးဆိုတဲ့ စကားလုံးကတွဲပါပြီးသား အခုနောက်ပိုင်းတော့ပြောရင်ကြိုက်တယ်ဘာလို့ဆို ဒီမြို့မှာမရနိုင်တဲ့အစားစာ‌ဒီမှာဒီမြို့မှာမခံစားရတဲ့သဘာဝအလှတွေတောမှာခံစားရတယ် နောက်ပြီး ခပ်တုံးတုံးတောသူဘဲဖြစ်ချင်တော့တယ် ဘာလို့ဆိုတခါတလေမှာတုံးတာက တန်ဖိုးရှိနေတတ်တယ်လေ တောသားမြို့သားဘယ်လိုခွဲကြလဲရှင် စာဖတ်သူတို့ရောတယောက်ယောက်ကို တောသားလို့အထင်သေးပြောပြီးပြီလား မပြောရသေးရင်ကိုယ့်ကိုကိုယ်အရင်ပြောကြည့်နော် စတာပါရှင့်?

ချစ်သော readers လေးတွေ?

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)