Author's Profile Photo

Nicolette

12/06/2024

ပေါ့ပေါ့ပါးပါး English အချစ် ဝတ္ထုတိုများ

1 min read
Book Review
Education
18 Again
ပေါ့ပေါ့ပါးပါး English အချစ် ဝတ္ထုတိုများ's photo

A1 Starter လေးတွေ အတွက် ဖတ်လို့လဲကောင်း တိုလဲ တိုတဲ့ English အချစ်ဝတ္ထုလေးတွေကို ရွေးချယ်ပေးလိုက်ပါတယ်။

Carnival - ရေးသားသူ Annette Keen

ဂျိတ်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့မွေးရပ်မြေ မန်ချက်စတာကနေ သူတစ်ခါမှာ မရောက်ဖူးတဲ့ လန်ဒန်မြို့တော်ကြီးကို အလည်အပတ်ရောက်ရှိလာပါတယ်။

အသက် ၁၈ နှစ်ပဲ ရှိသေးတဲ့ ဂျိတ်ဟာ လန်ဒန်မှာ ပြုလုပ်နေတဲ့ ပျော်ရွှင်ပွဲတော်ကြီးကို သွားလည်ခဲ့ရာ လှပတဲ့ကောင်မလေးတစ်ယောက်ကို တွေ့ပြီး ချစ်ကြိုက်သွားခဲ့ပါသတဲ့။

ဂျိတ်ရဲ့ ခရီးစဉ်အကြောင်းကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖတ်ရမယ့် ဝတ္ထုလေးဖြစ်ပါတယ်။


Marry Me, Darling! - ရေးသားသူ Bill Bowler

ဂွမ်နဲ့ ရော်ဂျာတို့ဟာ သိပ်ချစ်ကြတဲ့ ချစ်သူတွေဖြစ်ကြပြီး သူတို့နှစ်ဦးတွဲလာတာလဲ ဆယ်နှစ်ကြာပါပြီ။ ဂွမ်က သူမရဲ့ ချစ်သူကောင်လေးကို အရမ်းချစ်ပြီး လက်ထက်ချင်နေပါပြီ။

သို့ပေမယ့် ရော်ဂျာက လက်ထက်ဖို့အကြောင်း မပြောတော့ ဂွမ်ခမျာ အခက်တွေ့နေရပါတယ်။

ရော်ဂျာက ဆေးလိပ်နဲ့ ကော်ဖီကို အလွန်အကျွံသောက်တာကိုလဲ ဂွမ် မကြိုက်ပါဘူး။

သူမကို ချစ်ရင် ဆေးလိပ်နဲ့ ကော်ဖီကို တော်ရုံသောက်သင့်တယ်လို့ ဂွမ်က ထင်ပါတယ်။

အချစ်က လူတွေကို ပြောင်းလဲစေမှာလား ဆိုတာ ဒီဝတ္ထုလေးထဲမှာ ဖတ်ရမှာပါ။


The Rocking Horse Winner - ရေးသားသူ D. H. Lawrence

ဟေစတာဆိုတာ အလွန်လှပတဲ့ မိန်းခလေးတစ်ယောက်ပါ။

သူမဟာ ချမ်းသာပြီး အာဏာရှိတဲ့ မိသားစုကနေ ဆင်းသက်လာပေမယ့် သာမန်လူတစ်ယောက်နဲ့ပဲ လက်ထက်ခဲ့ပါတယ်။

လက်ထပ်တာကြာလာတော့ ဟေစတာက အိမ်ထောင်ရေးကို စိတ်ကုန်လာပါတယ်။

သူမရဲ့ အမျိုးသားက ရုံးကိုနေ့တိုင်းသွားပေမယ့် အလုပ်လုပ်တာ တော်တဲ့သူတစ်ယောက်မဟုတ်ပါဘူး။

ကလေးသုံးယောက်ရပြီး ကလေးတွေ လိမ်မာကြပေမယ့်လဲ သူမတို့မိသားစုက အရမ်းချမ်းသာမလာပါဘူး။

တစ်နေ့မှာတော့ ကလေးတစ်ယောက်က သူတို့မှာ ဘာလို့ စီးစရာကားမရှိတာလဲလို့ မေးလာပါတယ်။

ဟေစတာ ဘယ်လိုပြန်ဖြေမှာလဲဆိုတာ ဖတ်ရှုရမှာပါ။


Freckles - ရေးသားသူ Andrew Matthews

ဆူဇီ ဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးဟာ သူမ မျက်နှာပေါ်က တင်းတိတ်တွေကြောင့် စိတ်ညစ်နေရပါသတဲ့။

ကောင်လေးတွေကလဲ သူမရဲ့ တင်းတိတ်တွေကို စနောက်ကြတယ်။

သူမရဲ့ သူငယ်ချင်း ဒိုနာ ကတော့ အရမ်း ချောမောသူဖြစ်ပြီး ဒိုနာရဲ့ အလှကို လူတိုင်း သဘောကျကြပါတယ်။

တစ်နေ့မှာတော့ ကျောင်းသားအသစ်တစ်ယောက် ကျောင်းကို ရောက်လာပါတယ်။

ကျောင်းသားသစ်ကရော တခြား ကောင်လေးတွေလို ဆူဇီရဲ့ တင်းတိတ်တွေကို လှောင်ပြောင်ဦးမှာလား။

ဆယ်ကျော်သက်တွေရဲ့ စိတ်ခံစားချက်တွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။

ဒီဝတ္ထုလေးတွေက ၁၀ မိနစ်လောက်သာ ဖတ်ရှုရမှာဖြစ်ပြီးတော့ audio file လးတွေကလဲ ၁၀ မိနစ်တောင်မပြည့်တဲ့ မိနစ်ပိုင်းလေးတွေပါပဲ။

အသံထွက်ပြီး ဖတ်ကြည့်ရင် speaking ပိုင်းအတွက်လဲ အထောက်အကူဖြစ်စေမှာပါ။

အောက်က Telegram Channel ထဲမှာ ဝတ္ထုလေးတွေရဲ့ epub file တွေနဲ့ audio file တွေကို တင်ပေးထားပါတယ် ✌?

https://t.me/+fDx3Hhe9OWoyZmY1

Nicolette ?

⛔Do not repost anywhere⛔

ဖတ်သင့်တဲ့ English စာအုပ်ကောင်းလေးတွေ၊ learning tips တွေ နဲ့ ဘာသာပြန်ဝတ္ထုတွေကို ရေးသားသွားဦးမှာဖြစ်လို့ အကောင့်လေးကို follow လုပ်သွားကြပါဦးနော်?

Keep Reading

အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်အော်ဆွေးအဲလ်ဘတ်ကမူး၏ကိုးကွယ်ရာမရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းတစ်မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းနှစ်ဂျက်ကီချန်းဘဝအကြောင်းမြန်မာပြည်မြောက်ပိုင်း𝘼𝙡𝙗𝙚𝙧𝙩 𝘾𝙖𝙢𝙪𝙨 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣📚တကယ်မရှိသောနှစ်များစိတ်ရှည်ပါ။