Author's Profile Photo

SarPhat Author

12/06/2024

လှေကား (၄) ဆင့် (ဘယ်အဆင့်ထိရောက်ပြီလဲ)

1 min read
Life Style
Personal Development
Education
လှေကား (၄) ဆင့် 
(ဘယ်အဆင့်ထိရောက်ပြီလဲ)'s photo


လူတိုင်းက အိမ်မက်တွေ ဖြစ်ချင်တာတွေရှိကြတယ်လေ ဟုတ်တယ်မလား။ အထူးသဖြင့် လူငယ်တွေပေါ့။ အားလုံးက အိပ်မက်ကိုယ်စီနဲ့ ကြိုးစားနေကြတာပဲ။ အခု ဆောင်းပါးက အဲ့လို ကြိုးစားနေတဲ့သူတွေ ကျော်ကို ကျော်ဖြတ်ရမဲ့ အဆင့် (၄) ဆင့်ကို Winnie ပြေပြပေးထားတာပါ။

ပထမဆုံးအနေနဲ့
Desire - ဆန္ဒ ပါတဲ့။ ဟုတ်ပါတယ် ကျွန်မတို့အားလုံး ဘာကိုဖြစ်ချင်လဲ ဘယ်အထိသွားချင်လဲ ဆိုတဲ့ ဆန္ဒလေးတော့ အနည်းဆုံးရှိရမှာပေါ့။ ဒါမှလည်း ဘာဆက်လုပ်ရမလဲဆိုတဲ့ ဦးတည်ချက်ရှိမှာလေ။ ပထမအဆင့်ဖြစ်တဲ့ ဆန္ဒ‌ကတော့ လူတိုင်းရှိကြမယ်လို့ထင်ပါတယ်။ ဒါဆို ဆက်သွားရအောင်

ဒုတိယ တစ်ဆင့်က
Plan - အစီအစဉ်ပါ။ ကျွန်မတို့တွေ ပထမအဆင့်မှာ ဘာဖြစ်ချင်လဲဆိုတဲ့ ကိုယ့်ရဲ့ ဆန္ဒကို သိပြီးရင် အဲ့ဒီဆန္ဒ၊ ဖြစ်ချင်တဲ့အရာကို ရအောင်ယူဖို့ plan ချရတော့မယ်။ plan မရှိဘဲ ကြိုးစားနေတာက လမ်းမသိဘဲ သွားနေသလိုပဲတဲ့ plan မရှိရင် လမ်းပျောက်ပြီး လည်နေတတ်တယ်။

နောက်ထပ် တတိယ အဆင့်က
Effort - ဝိရိယ၊ အားထုတ်မှုပါ။ ဒုတိယ အဆင့်အတိုင်း plan တွေတော့ ရှိခဲ့ပါပြီ။ အဲ့ဒီ plan အတိုင်း လက်တွေ့လုပ်ရမဲ့ effort လည်းရှိအုံးမှ ကျွန်မတို့ လိုရာကို သွားနိုင်မှာပေါ့။ ဘယ်အရာကမှ လက်တွေ့မလုပ်ဘဲ လက်တွေ့တော့ ဖြစ်လာမှမဟုတ်ပါဘူး။

နောက်ဆုံးအဆင့်ကတော့
Reflection - ပြန်လည် သုံးသပ်ခြင်းပါတဲ့။
point အချက်ပါ။ များသောအားဖြင့်ကျွန်မတို့တွေမှာ ဆန္ဒတွေရှိကြတယ်။ plan တွေရှိကြတယ်။ လက်တွေ့ကြိုးစားကြတယ်။ အဆင့် (၃) အထိတော့ တော်တော်များများလည်း လုပ်ဖြစ်ကြမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ တခါတလေ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့ မေ့နေတတ်ကြတယ်။ ချထားတဲ့ အစီအစဉ်တွေအတိုင်း ဘာပြီးရင် ဘာလုပ်မှာ ဘာတွေကို လေ့လာမှာ သေချာ အားကြိုးမာန်တက် ကြိုးစားကြတယ်။ ဒါပေမဲ့ ငါဒီလိုလုပ်နေတာ တကယ်တိုးတက်နေလား။ ငါကြိုးစားနေတဲ့ နည်းလမ်းက တကယ်ရော အရာထင်ရဲ့လားဆိုပြီး ပြန်သုံးသပ်ဖြစ်တာက နည်းပါလိမ့်မယ်။

ပုံမှန် ပြန်သုံးသပ်လေ့ရှိတဲ့သူတွေကလည်း ဒီအကျင့်လေးကို ဆက်ထိန်းထားပြီး အဲ့လို ပြန်မစဉ်းစားဖူးတဲ့သူတွေဆိုရင်လည်း တစ်ခါလောက် ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေကို ပြန်ပြီး သုံးသပ်ကြည့်ပါလို့ remind လုပ်ချင်ပါတယ်ရှင်။

ဒါလေးက တီချယ်တစ်ယောက် ပြောပြတဲ့စကားလေးပါ။ အားလုံးတွက်လည်း အကူအညီဖြစ်စေမယ်လို့ ရည်ရွယ်ပါတယ်ရှင်?


- Winnie -

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပျော်စရာနေ့ဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုးရန်ကုန်မိုးကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)❝ မသိမှု ဝတ်ရုံကြီး ❞လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြသနာစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်း