Author's Profile Photo

Nicolette

11/06/2024

ညသန်းခေါင်ရောက်မှ ဗိုက်ဆာရတဲ့အကြောင်းအရင်း

1 min read
Health
Culture
18 Again
ညသန်းခေါင်ရောက်မှ ဗိုက်ဆာရတဲ့အကြောင်းအရင်း's photo

ဖုတ်သရဲများ ဝင်ပူးသလား ထင်ရလောက်အောင် ညနက်မှ ထ ထစားကြသူတွေရှိပါတယ်။

ဘာလို့သူတို့တွေက ညရောက်မှ ဗိုက်ဆာကြတာလို့ ထင်ပါသလဲ။

ဒီလိုမျိုး ညနက်မှ ဗိုက်အရမ်းဆာတာမျိုး စာဖတ်သူရော ဖြစ်ဖူးပါသလား။

ညနေစာကို အလုံအလောက်စားသောက်ထားပေမယ့်လဲ ညနက်တဲ့အထိ အလုပ်လုပ်ရတာမျိုး၊

ဒါမှမဟုတ် နောက်နေ့က ကိုယ့်အလုပ်နားရက် ကျောင်းနားရက်ဖြစ်လို့ ညနက်တဲ့အထိ ဇာတ်ကားကြည့်တာ ဝတ္ထုဖတ်တာမျိုး လုပ်တဲ့အခါမှာ

အရမ်းလှုပ်လှုပ်ရှားရှားမလုပ်ဘဲနဲ့ကို ဗိုက် တဂွီဂွီဆာတာမျိုး လူတိုင်းမှာ ဖြစ်ပါတယ်။

အကြောင်းအရင်းကတော့ အိပ်ရေးပျက်တာကြောင့်ပါ။

အိပ်နေကျ အိပ်ချိန်မဟုတ်ဘဲ မအိပ်ဘဲနေလိုက်ရင် လပ်တင်(န်) (leptin) လို့ခေါ်တဲ့ ဟော်မုန်းထုတ်လုပ်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။

လပ်တင်(န်) ဟော်မုန်းဟာ ဉီးနှောက်ကို ဗိုက်ဝနေပြီဖြစ်ကြောင်း သတင်းပို့ပေးတဲ့ ဟော်မုန်းဖြစ်တာကြောင့် လပ်တင်(န်) ရဲ့ သတင်းစကားဟာ အိပ်ရေးပျက်ရင် ဉီးနှောက်ဆီကို မရောက်ဘဲ

ဗိုက်မဝသေးဘူးလို့ ဉီးနှောက်ကထင်နေပါတယ်။

နောက်ထပ် ဂါရလင်(န်) (ghrelin) ဆိုတဲ့ “ဗိုက်ဆာတယ် “ ဂျီကျတတ်တဲ့ ဟော်မုန်းက အိပ်ရေးပျက်လေ ပိုထုတ်လွှတ်လေပါပဲ။

ဒီလိုကြောင့် ခဏခဏ စားမှ ဖြစ်မယ်ဆိုတဲ့ အတွေးမျိုးခေါင်းထဲ ဝင်လာရတာပါ။

စားမှဖြစ်မယ်ဆိုပြီး စားလေလေ အစာမကြေလို့ ပိုပြီး အိပ်ရေးပျက်လေပါပဲ။

ဒါနဲ့ပဲ သံသရာလည်ကာ တစ်ညလုံး အိပ်ရတော့မှာကို မဟုတ်ပါဘူး။

အလုပ်ပြီးရင် အိပ်မယ်၊ ဇာတ်ကား ကြည့်ပြီးရင် အိပ်မယ်လို့ ရည်ရွယ်ထားရင်တော့ ညနက်စာ မစားတာ အကောင်းဆုံးပါပဲ။

ညနက်မှ အစားအသောက်စားပြီး တန်းအိပ်လိုက်တာကြောင့် အစာချေဖျက်မှုစနစ်ကို ထိခိုက်ပြီး ရောဂါဖြစ်နိုင်ပါတယ်။

ဒါ့အပြင် ညနက်စာစားတာ အကျင့်ဖြစ်သွားရင် စိတ်ရောဂါတစ်ချို့လဲ ဖြစ်နိုင်ချေရှိပါသေးတယ်။

ဟိုးရှေးခေတ်တုန်းကတော့ ညဘက် ထစားသူတွေကို ဖုတ်၀င်တယ်ဆိုပြီး ရိုက်နှက်လေ့ရှိပါတယ်။

ညဆိုင်းဆင်းရသူတွေနဲ့ မဖြစ်မနေ ညအချိန်မှာ စားရသူတွေကတော့ စားပြီးပြီးချင်း လှဲလျောင်းတာ ထိုင်နေတာမျိုး မလုပ်ဘဲ လမ်းဖြည်းဖြည်းလျောက်ပြီး အစာချေစနစ်ကို အကူအညီပေးသင့်ပါတယ်။

ညနက်မှ အစားစားတဲ့ အကျင့်ကို ဖျောက်ချင်ရင်တော့ စောစောအိပ်တာနဲ့ အိပ်ချိန်သတ်မှတ်တာက အကောင်းဆုံးပါပဲ။

အရမ်းဗိုက်ဆာတယ်ဆိုရင်တော့ အသီးအနှံတွေနဲ့ နွားနို့ စားသောက်ပေးတာ ပိုကောင်းပါတယ်။

ကောင်းကောင်းအိပ်ပျော်နိုင်ကြပါစေ။

Nicolette မှ ရေးသားပါသည် ?

⛔ပြန်ကူးတင်ခွင့် မပြုပါ⛔

ဖတ်သင့်တဲ့ English စာအုပ်ကောင်းလေးတွေ၊ learning tips တွေ နဲ့ ဘာသာပြန်ဝတ္ထုတွေကို ရေးသားသွားဦးမှာဖြစ်လို့ အကောင့်လေးကို follow လုပ်သွားကြပါဦးနော် ?



Keep Reading

အမြဲလိုလို ချွေးထွက်နေတတ်တဲ့လက်ဖဝါးတွေ သင့်မှာရှိနေပြီလားသင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…ဖားပြုပ်အဆိပ်အရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?မှန်ကန်စွာ သင့်စွမ်းအင်ကိုစီမံခန့်ခွဲပြီး အောင်မြင်မှုကိုရယူလိုက်ပါလူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု Doorway Effectငိုစရာ မျက်ရည်တွေ မကျန်တော့တဲ့အထိ ငိုပါ‘Me Time များများပေးပါ’