Author's Profile Photo

သစ်တိုင်းမွှေး

11/06/2024

မိန်းမလှကျွန်း

1 min read
Life Style
General Knowledge
18 Again

ကျွန်တော်တို့ ကြားဖူးကောင်းကြားဖူးပေမဲ့ ရေရေရာရာမသိတဲ့နေရာ။ဒါမှမဟုတ်ကြားတောင်မကြားဖူးသေးတဲ့နေရာ၊မိန်းမလှကျွန်း၊အို့ဟိုးမိန်းမလှကျွန်းဆိုလို့ အမျိုးသမီးတွေပဲနေတယ်မထင်ပါနဲ့။စွန်းဝူခုံးကားမှ မဟုတ်တာ။
မိန်းမလှကျွန်းဆိုတာက မြန်မာနိုင်ငံမှာတော့ ဧရာဝတီတိုင်း၊ဘိုကလေးမြို့နယ်မှာရှိတဲ့ မိန်းမလှကျွန်း တောရိုင်း တိရိစ္ဆာန်ဘေးမဲ့တောပါ။ဒီကျွန်းဟာ ဒီရေတောအမျိုးအစားပါ။ဧရိယာစတုရန်းကတော့ ၅၂.၇၉ မိုင်ရှိပြီး ဒီတော့မှာ ဗျူး၊ဗျူးခြေတောက်၊လမု၊လမဲ့၊ကနစို၊မဒမပင်တွေအများဆုံးပေါက်သည့်အပြင် အပင်အမျိုးအစား၂၉မျိုးလဲရှိ ​ပါတယ်။မြန်မာနိုင်ငံထဲက ကျန်ရှိနေတဲ့ ဒီရေတောတွေထဲမှာအကြီးဆုံးပါ။သစ်တောပြုန်းတီးမှုကတော့ တစ်နှစ်လျှင် 5%ပြုန်းတီးလို့နေပါတယ်။ဒရယ်၊ဖျံ၊လိပ်၊တောဝက်၊တောခွေးအပါ တိရစ္ဆာန်ပေါင်းများတွေ ဘေးမဲ့နေထိုင်ကြပါတယ်။သည်နောက်မှာ ငှက်မျိုးစိတ်ပေါင်း၃၄မျိုးခန့်၊မိချောင်းကောင်ရေ၂၆၀၀ခန့်နေထိုင်ကြပါတယ်။ပင်လယ်ဘက်ဖြစ်တဲ့အလျောက် ရတနာတစ်ပါးဖြစ်တဲ့ ပုလဲရယ် အစာကွင်းဆက်ရဲ့ အရေးပါးဆုံးငါး၊ပုစွန် တွေကတော့ မရှိမဖြစ် ရှိပါတယ်။မြန်မာနိုင်ငံကို ရိုက်ခတ်လာတဲ့ နာဂစ်မုန်တိုင်းကို ကာကွယ်တဲ့အထဲမှာဒီကဒီရေတောလေးက အပျက်အစီးအဆုံးအရှုံးနည်းအောင်ကာကွယ်ပေးခဲ့ပါတယ်၊ဆိုရင်တော့ ကျွန်တော်တို့ဟာလဲ ဒီက ဒီရေတောတွေကိုကာကွယ်ကျေးဇူးရှိပြန်တယ် မဟုတ်လားခင်ဗျာ။ ။

ချစ်သော
သစ်တိုင်းမွှေး

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါ့စတာယက်စကီးရဲ့ဘဝအမောပြေ‘သားကောင်စိတ်နဲ့ ရှင်သန်မယ့်အစား သူရဲကောင်းဖြစ်ဖို့ကို ရွေးချယ်ပါ’ပျော်စရာနေ့ဆင်းရဲသားလေး ဂျက်လန်ဒန်မရိုးတရိုးအကျပ်ထဲမှာ ချောင်ကြည့်ခြင်းအထက်တန်းစားနှင့်အောက်တန်းစားအဲလ်ဘတ်ကမူး၏ကိုးကွယ်ရာရန်ကုန်မိုး