Author's Profile Photo

Par Te

11/06/2024

လူငယ်ဖြစ်ခြင်းဆိုတာ

1 min read
Life Style
Education
General Knowledge
လူငယ်ဖြစ်ခြင်းဆိုတာ's photo

“လူငယ်ဖြစ်ခြင်းဆိုတာ” မိမိကိုယ်ကိုယ်နဲ့သာ သက်ဆိုင်တယ််လို့ ကျွန်မ လေးစားရတဲ့ ဆရာတစ်ယောက်က ပြောပြဖူးပါတယ်။ အချို့သော သတ်မှတ်ချက်တွေကြောင့် အလိုလိုနေရင်း လူငယ်မဟုတ်တေ့ာဘူးလို့ပြောတတ်ကြပါတယ်။

လူငယ်ဆိုတာ ဘယ်အရွယ်ကနေ ဘယ်အသက်အရွယ်အထိ ဆိုပြီး သတ်မှတ်ကြတာရှိပေမဲ့ ကိုယ့်စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုသတ်မှတ်ထားလဲ ဆိုတာက ပိုအရေးကြီးပါတယ်။

ဥပမာ- ငါအသက်ကြီးနေပြီ ဆိုရင် အသက်ကြီးတယ်ဆိုတဲ့အတွေးနဲ့ မျှအောင် လေးစားမှုတွေ ရနိုင်သလို ဟိုကိုက် ဒီကိုက်နဲ့ ဝေဒနာတွေလည်း အလွယ်တကူ ဝင်လာနိုင်ပါတယ်။ နောက်တခါ မိမိကိုယ်ကိုယ် လူငယ်တစ်ယောက်ကို နှလုံးသွင်းထားရင် ငါလုပ်နိုင်တယ်၊ ငါကျန်းမာတယ်၊ ငါသွတ်လတ်နေသေးတယ် ဆိုတဲ့စိတ်က အရာရာကို အနိုင်ပေးဖို့ ခွန်အားတွေပေးနိုင်ပါတယ်။ ရောဂါဆိုလည်း အလွယ်တကူ ဝင်လာနိုင်မှာ မဟုတ်ဘူးလို့ တွေးမိပါတယ်။

ကျွန်မတို့ပတ်ဝန်းကျင်မှာ အချို့က မိန်းမရပြီး ကလေးမွေးပြီးတာနဲ့ ကိုယ့်ကိုယ်ကိုယ် လူကြီးကြီး လို့ သတ်မှတ်ကြတာတွေ့ဖူးသလို၊ အချို့က ပေါ့ပေါ့ပါးပါးသွားလာတဲ့သူကို ပိုခိုင်းတတ်ကြ (အခိုင်းခံရတာများ) တော့ လူကြီးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်လိုက်ကြတာလည်း တွေ့ခဲ့ဖူးပါတယ်။

ကျွန်မ ဆိုလိုချင်တာက လူငယ်ဖြစ်ခြင်း လူကြီးဖြစ်ခြင်းဟာ

မိမိကိုယ်ကိုယ်ဘယ်လို သတ်မှတ်ထားလဲ

ဆိုတာနဲ့ ပိုသက်ဆိုင်မယ်၊ လူတွေရဲ့သတ်မှတ်ချက်တွေ၊အမြင်တွေထက် ကိုယ့်ရဲ့ခံယူချက်ကပိုပြီး အဓိကကျမယ်ထင်ပါတယ်။

"လူငယ်ထဲပါလို့ရသေးလားဆိုတဲ့ မေးခွန်းကြောင့် ရေးမိတဲ့စာ.."

#parte
11/06/2024 ??

Keep Reading

အာရုံစူးစိုက်မှုစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါင်လိုက်ဒရာမာ (Vertical Drama)ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတာကိုကုစားမယ် စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်