Leo(Nann)❤️
ရိုးသားစွာပြောရရင် ကျွန်မကငွေသိပ်မက်တဲ့မိန်းမပေါ့။
သို့သော်
အချောင်ပိုင်းလုံးဆန်ဆန်ငွေမက်တာမျိုးတော့မဟုတ်ဘူး။
ကိုယ့်မာနကိုချအနင်းမခံနိုင်တဲ့အတွက်ငွေမက်တယ်။
ကိုယ့်ဘဝကိုယ်ဦးဆောင်နိုင်ဖို့အတွက်ငွေမက်တယ်။
ငွေကဒုတိယဘုရားသခင်ဖြစ် လာတဲ့ဒီနေ့ခေတ်ကြီးမှာ
ကိုယ်ကိုယ်တိုင်ကငွေရဲ့အရှင်သခင်မဖြစ်နိုင်ခဲ့ရင် ငွေရဲ့ကျေးကျွန်ဖြစ်သွားလိမ့်မယ်။
ငွေကသိပ်ကိုမက်မောစရာပေါ့။
ဆင်းရဲတဲ့အရသာကိုဆင်းရဲဖူးတဲ့သူမှသိတာလေ။
တချို့တွေပြောကြပါလိမ့်မယ်-
"ငွေဆိုတာပကာသနတွေပါ၊အဲ့ဒီပကာသနတွေကအရေးမကြီးပါဘူး"အစရှိသဖြင့်။
အရင့်အရင်ခေတ်တွေအတွက်တော့
ဒီစကားဟာမှန်ကောင်းမှန်နိုင်ပါရဲ့။
ဒီဘက်ခေတ်မှာတော့ ငွေမရှိရင်လူရာမဝင်ဘူး။
လက်ရှိခေတ်က-
အမှားကိုအမှန်ထင်တတ်ကြတဲ့မျက်မှောက်ခေတ်၊
တစ်စိတ်ကိုတစ်အိတ်လုပ်တတ်ကြတဲ့
ပကာသနခေတ်၊သူ့ထက်သာမနာလိုတတ်ကြတဲ့ခေတ်၊
အာဏာကိုငွေနဲ့ဝယ်တဲ့ခေတ်၊
ဥပဒေကိုငွေနဲ့ဖျက်တဲ့ခေတ်၊
စိတ်ဓာတ်ကိုငွေနဲ့ရိုက်ချိုးတဲ့ခေတ်၊
သာယာညာပေါင်းခေတ်၊
ကိုယ်ချင်းစာတရားတွေပျောက်ဆုံးလာတဲ့ခေတ်၊
လူသားဆန်မှုတွေစတင်လွင့်ပြယ်လာတဲ့ခေတ်၊
သိက္ခာကိုချရောင်းစားကြတဲ့ခေတ်....
အစရှိသဖြင့် စက်ဆုပ်စရာကောင်းလာတယ်။
လောဘအိုင်ထဲမှာအတောမသတ်နိုင်တဲ့
ရမ္မက်တွေနဲ့ ရစ်မူးနေကြတယ်။
ရန်သူတွေလိုသူ့ကိုမသတ်နိုင်ရင်သူကအရင်သတ်သွားမဲ့ဖြစ်ရပ်မျိုး၊
အလားတူဘဲငွေကိုမရှာနိုင်ရင်
ငွေကကိုယ့်ကိုညှင်းပန်းသွားမဲ့အဖြစ်မျိုးတွေရှိတဲ့ကမ္ဘာမှာကျွန်မနေတယ်။ငွေမရှိရင်
အောက်ကျနောက်ကျဖြစ်တဲ့ကမ္ဘာမှကျွန်မနေထိုင်တယ်။
ပိုက်ဆံကအရာရာပါဘဲ။
ခေတ်ရေစီးကြောင်းအတိုင်းလိုက်မျှောနိုင်မှ
အထာကျတယ်။ဒါကြောင့်ငွေမက်ရမယ်။
ဘဝရှေ့ရေးအတွက်ငွေမက်ရမယ်။
သို့သော် ဆောင်းပါးအစမှာပြောခဲ့သလိုဘဲ
အောက်တန်းကျတဲ့နည်းနဲ့ငွေမမက်ရဘူး။
မင်းကြိုက်သလောက်ဉာဏ်များလို့ရတယ်။
သို့ပေမဲ့ မယုတ်မာမိစေနဲ့။ကိုယ့်ကိုကိုယ်လေးစားတတ်ပါစေ။အချောင်မကြိုက်ပါနဲ့။ရေသာမခိုပါနဲ့။
အရိုးသားဆုံး အလုပ်လုပ်ပါ။ခက်ခဲတဲ့ကြိုးစားမှုရဲ့အသီးအပွင့်ကို ခံစားရတဲ့အခါ အလွယ်ရခဲ့တဲ့အကျိုးခံစားခွင့်မျိုးထက်ပိုချိုမြိန်ပါလိမ့်မယ်။
ကျွန်မက ကိုယ်လုပ်အားနဲ့ရတဲ့
ငွေတစ်ကျပ်တစ်ပြားတိုင်းကိုတန်ဖိုးထားတယ်။ကိုယ်စိုက်ထုတ်ထားတဲ့ကြိုးစားမှုနဲ့ရလာတဲ့
ငွေကတစ်ရာတန်လေးဖြစ်နေရင်တောင်
မက်မောတယ်။
ကိုယ့်အားကိုယ်ကိုးပြီး
ရလာတဲ့ပိုက်ဆံကသန့်ရှင်းပါတယ်။
တရားနည်းကျကျငွေရှာပါ၊ငွေကိုချစ်ပါ။
ငွေရဲ့သခင်ဖြစ်ပါစေ၊ငွေရဲ့ကျွန်မဖြစ်ပါစေနဲ့။
ကိုယ်တတ်တဲ့ပညာကိုအသုံးချပြီးငွေရှာတတ်ပါစေ။တချို့ကကိုယ်ပိုင်ဆိုင်တဲ့ပါရမီကို အသုံးမချတတ်ကြဘူး။လူတိုင်းကကိုယ်ပိုင်အရည်အချင်း အနည်းဆုံးတစ်ခုစီပိုင်ဆိုင်ထားကြပါတယ်။
ဒါတွေကိုအသုံးချပြီး ပိုက်ဆံရှာပါ။
ငွေရှာရမှာမရှက်ပါနဲ့၊သမာအာဇီဝကျတဲ့ငွေရှာနည်းသာဖြစ်ပါစေ၊
တင့်တယ်ပါတယ်။သူတစ်ပါးမျက်ရည်ပေါက်ကြီးငယ်ကျမှ
ကိုယ်ဝမ်းဝတာမျိုးကျ အဆင်မပြေပါဘူး။
လူဆိုတဲ့သဘာဝက
၇ရက်ပြည့်အောင်ချီးမွမ်းချင်မှချီးမွမ်းပါလိမ့်မယ်။
ကဲ့ရဲ့ဖို့ကိုတော့ အချိန်ပြည့်ချောင်းမြောင်းနေသူတွေဘဲဖြစ်တယ်။
မြေနိမ့်ရာလှံစိုက်ကြတဲ့ခေတ်မှာ ဆင်းရဲနုံချာနေရင် အကဲ့ရဲ့ခံရမှာပါဘဲ။
မင်းချမ်းသာနေရင်တော့
မင်းကိုကဲ့ရဲ့မဲ့ ပါးစပ်ပေါက်တွေပျောက်သွားပါလိမ့်မယ်။
ဒါကငွေမျက်နှာကြောင့်ဖြစ်တယ်။
အချုပ်အနေနဲ့ပြောရရင်
နေမရှိတဲ့နေကြာပင်ဟာ
အသက်မရှင်နိုင်သလို၊
ငွေမရှိတဲ့သူတွေဟာလည်းမျက်နှာငယ်ရတယ်။ဒါကြောင့် ကျွန်မငွေမက်ပါတယ်။
အားလုံးကိုအစဥ်လေးစားလျှက်.........
#Leo
#Sarphat
#general knowledge
(11.6.2024)
Keep Reading