Author's Profile Photo

SarPhat Author

1/09/2023

လူငယ်များအတွက် မဖြစ်မနေ သိထားသင့်တဲ့Networking Skill ကို ဘယ်လိုမြှင့်တင်လို့ရမလဲ?

1 min read
Life Style
Personal Development
လူငယ်များအတွက် မဖြစ်မနေ သိထားသင့်တဲ့Networking Skill ကို ဘယ်လိုမြှင့်တင်လို့ရမလဲ?'s photo

အားလုံးပဲ မင်္ဂလာပါ။ ယနေ့ခေတ်မှာ နည်းပညာအရွေ့များ မြန်ဆန်စွာ တိုးတက်လာတဲ့အတွက် လူငယ်များအနေဖြင့် နေ့စဥ်ဘဝနဲ့ပရော်ဖက်ရှင်နယ်ဘဝများမှာ
အခွင့်အလမ်းကောင်းများ ရယူနိုင်ဖို့အတွက် Network တစ်ခုက အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်လျက်ရှိနေပါတယ်။

Network တစ်ခုတည်ဆောက်ထားခြင်းက ကိုယ်နဲ့ဝါသနာတူ၊ နယ်ပယ်တူသူများနဲ့ ချိတ်ဆက်ကာ ဆက်သွယ်ဆွေးနွေးတိုင်ပင်နိုင်တဲ့အပြင် လက်တွဲပူးပေါင်းဆောင်ရွက်ခြင်း အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။

ဒါကြောင့် ကိုယ်ပိုင်လုပ်ငန်းလုပ်ဆောင်တာပဲဖြစ်ဖြစ် ၊ လုပ်ငန်းခွင်ဝင်ရောက်တဲ့အခါမှာပဲဖြစ်ဖြစ် နေရာတိုင်းမှာ အရေးပါနေတာကြောင့် လူငယ်များအတွက် Networking Skill ကိုမြှင့်တင်နိုင်မယ့် နည်းလမ်းကောင်းများကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။

? Network ရှာဖွေဖို့အတွက် မိမိရဲ့ ရည်မှန်းချက် ၊ passion တွေကို ရှင်းလင်းပြတ်သားစွာ လေ့လာပြီးမှ ချိတ်ဆက်ပါ။

ပထမဆုံးအချက်အနေဖြင့် Networking ကို မစတင်ခင်မှာ ကိုယ့်ရဲ့ရည်မှန်းချက် ၊ Passion ၊ ဝါသနာတွေနဲ့ ကိုယ်ချိတ်ဆက်ချင်တဲ့ Connection တွေကို ရှင်းရှင်းလင်းလင်း သိထားဖို့ လိုအပ်ပါတယ်။

အခုလို ရှင်းရှင်းလင်းသိထားမှသာ မိမိလိုချင်တဲ့ ပန်းတိုင်နဲ့ ကိုက်ညီတဲ့ လမ်းညွှန်မှုတွေ ၊ အထောက်အပံ့တွေ ကူညီပေးနိုင်တဲ့ သူတွေကို ချိတ်ဆက်နိုင်ပြီး ကိုယ့်ရဲ့ရည်မှန်းချက်တွေကို ဖော်ဆောင်ဖို့အတွက် နည်းမှန်၊လမ်းမှန်နဲ့ လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

? တက်ကြွစွာ နားထောင်တတ်တဲ့
နားထောင်မှုစွမ်းရည်ကို တိုးမြှင့်လေ့ကျင့်ပါ။

နားထောင်မှုစွမ်းရည်ဆိုတာက တစ်ဖက်လူပြောတာကို ကောင်းစွာနားလည်သဘောပေါက်ပြီးတော့ သူပေးလိုတဲ့ Message ကို နားလည်အောင် နားထောင်ပေးတတ်တဲ့စွမ်းရည်တစ်ခုဖြစ်ပါတယ်။

အခုလို နားထောင်ခြင်းစွမ်းရည်ရှိထားခြင်းဖြင့်
Professional များထံမှ တန်ဖိုးရှိသော အတွေ့အကြုံများ၊ စိန်ခေါ်မှုများနှင့် ရှုထောင့်များကို သင်ခန်းစာများအဖြစ် အကျိုးရှိစွာ လေ့လာနိုင်မှာ​ဖြစ်ပါတယ်။

ဒါ့အပြင် မိမိကိုယ်တိုင် စိတ်ဝင်တစား မှတ်သားနားထောင်တတ်တဲ့ အကျိုးကျေးဇူးအနေဖြင့် တစ်ဖက်သူများအပေါ်မှာ တန်ဖိုးထား လေးစားကြောင်းကိုလည်း ပြသနိုင်ပြီး Networking တည်ဆောက်ဖို့အတွက် များစွာအထောက်အကူဖြစ်စေပါတယ်။

? LinkedIn Profile တစ်ခုဖန်တီးထားပါ။

ယနေ့လို Digital ခေတ်ကြီးမှာ Online Networking ကလည်း အရေးပါလာတာကြောင့် မိမိရဲ့ကျွမ်းကျင်မှု၊ အတွေ့အကြုံနဲ့ ပရော်ဖက်ရှင်နယ်အောင်မြင်မှု​တွေကို
ပြသနိုင်တဲ့ LinkedIn Profile တစ်ခုရှိထားဖို့လိုအပ်ပါတယ်။

Linked-In မှတဆင့် နိုင်ငံတကာက လုပ်ငန်းနယ်ပယ်အမျိုးမျိုးမှ ကျွမ်းကျင်ပညာရှင်များနှင့် ချိတ်ဆက်နိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေခြင်းနှင့် Portfolio တည်ဆောက်ခြင်းတို့အတွက် များစွာအကျိုးရှိတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

အခုဆိုရင်တော့ နည်းပညာစိတ်ဝင်စားသူ လူငယ်များအနေဖြင့် ​ဖော်​ပြပါအချက်လေး(3)ချက်ကနေတဆင့်
Networking Skill ကို မြှင့်တင်နိုင်မယ့် နည်းလမ်းကောင်းတွေကို ​​လေ့လာအသုံးချရင်း အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းများ ရယူနိုင်ဖို့အတွက် တစ်စုံတစ်ရာ အထောက်အကူဖြစ်​စေဖို့ ရည်ရွယ်ကာ မျှဝေလိုက်ရပါတယ်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်အဆုံးသည်......အသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်