Author's Profile Photo

မြ (စံကားဝါမြေ)

11/06/2024

❝မြန်မာနိုင်ငံအတွက် လိုအပ်နေတာ ဉာဏ်ပညာရှိတဲ့ လူငယ်တွေပါ။❞

3 mins read
Life Style
Culture
History
❝မြန်မာနိုင်ငံအတွက် လိုအပ်နေတာ ဉာဏ်ပညာရှိတဲ့ လူငယ်တွေပါ။❞'s photo

❖ မြတို့ မြန်မာနိုင်ငံအကြောင်းကို ပြောရမယ်ဆိုရင် မြက "ကမ္ဘာ‌မှာ မြန်မာဟေ့" လို့ ကြွေးကြော်နိုင်ဖို့ရာ ကမ္ဘာနဲ့ယှဉ်ကြည့်ပြီး ပြေားကြာသွားပါမယ်ရှင်။

❖ စာဖတ်သူလေးတို့ကို မြ မေးခွန်းတစ်ခုလောက် မေးကြည့်ချင်ပါတယ်ရှင်။ ဘာမေးခွန်းလဲဆိုတော့....

❖ "ကမ္ဘာပေါ်မှာ အဖိုးတန်ဆုံးအရာတစ်ခုက ဘာလို့ ထင်ပါသလဲ" စာဖတ်သူလေးတို့ရေ

❖ လူအများစုကတော့ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား စသဖြင့် ဖြေကြပါလိမ့်မယ်။ တစ်ချို့ကကျတော့ အိမ်၊ ခြံ‌၊ မြေ၊ မော်တော်ကား အစရှိသဖြင့်ပေါ့ မိမိအလိုရှိရာကို ဖြေကြပါလိမ့်မယ်။

❖ အမှန်တကယ် အဖိုးတန်ဆုံးအရာကတော့ ဦးနှောက်ကလာတဲ့ "ဉာဏ်ပညာ"ပဲ ဖြစ်ပါတယ်ရှင်။ မြက ဘာဖြစ်လို့ အခုလို ပြောရသလဲဆိုတာကို ဆက်လက်ပြီး ရှင်းပြသွားပါမယ်ရှင်။

❖ ယနေ့ခတ် ကမ္ဘာပေါ်မှာ Facebook, Google, Microsoft အစရှိတဲ့ Internet ကုမ္ပဏီကြီးတွေဟာ Toyata ကားထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေထက် ပိုင်ဆိုင်မှု တန်ဖိုးအားဖြင့် အများကြီး ပိုသာပါတယ်။

❐ အဲဒီကားထုတ်တဲ့ ကုမ္ပဏီကြီးတွေက ဘာပိုင်သလဲဆိုရင် ပိုင်တာပေါ့ အများကြီးပိုင်တယ်။ ကားထုတ်တဲ့ စက်ရုံကြီးတွေ၊ ကားထုတ်လုပ်တဲ့ စက်ပစ္စည်းတွေ၊ စက်ရုပ်တွေ ၊ မော်တော်ကားတွေ အများကြီး ပိုင်တာပေါ့။

❐ မြ အပေါ်မှာ နှိုင်းယှဉ်ပြခဲ့တဲ့ အင်တာနက်ကုမ္ပဏီကြီးတွေကရော ဘာပိုင်သလဲဆိုရင် ရုံးခန်းကွန်ပျူတာနဲ့ လူတွေပဲရှိတယ်။ တန်ဖိုးနဲ့ တွက်ကြည့်လိုက်ရင် မော်တော်ကားစက်ရုံကထုတ်တဲ့ ကား(၁၀)စီး၊ အစီး(၅၀) တန်ဖိုးလောက်ပဲ ရှိမှာပေါ့။ သို့ပေမယ့် မြတို့က အလွန်အင်မတန်မှ အဖိုးတန်လှတဲ့ ပစ္စည်းတစ်ခုကို ထည့်တွက်ဖို့ မေ့နေကြပါတယ်။

❖ အဲဒါက ဘာပစ္စည်းလဲဆိုတော့ အဲဒီအင်တာနက်ကုမ္ပဏီက လူတွေရဲ့ "ဦးနှောက်နဲ့ စူးစမ်းလေ့လာထားတဲ့ အသိဉာဏ်ပညာ" တွေပါ။

❖ နောက်ထပ် ထင်သာ၊ မြင်သာနိုင်မယ့် ဥပမာတစ်ခုနဲ့ ပြောရမယ်ဆိုရင် "မြတို့ မြန်မာနိုင်ငံနဲ့ စင်ကာပူနိုင်ငံရဲ့ ကွာခြားမှု" ကို လူတိုင်းသိလောက်ကြမှာပါ။ သိပြီးသားဖြစ်နေပေမယ့်လည်း မြတို့ ဗမာလူမျိုးတွေ မြန်မာနိုင်ငံတော်ကြီးကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ဖို့ရာအတွက် ထပ်ပြီး နှိုးဆော်သတိပေးပါဦးမယ်ရှင်။

❖ ဒီအချိန်မှာ မြ ဆရာမခင်ခင်ထူး ဟောပြောပွဲတစ်ခုမှာ ဟောပြောခဲ့တဲ့ အချက်အလက်လေးတစ်ချို့ကို သတိရသွားလို့ ထည့်သွင်းရေးသားလိုက်ပါတယ်ရှင်။

❐ ဆရာမကပြောတယ်... "ကျွန်မ နိုင်ငံရပ်ခြားကို ဟောပြောပွဲတွေသွားရတယ်။ ကျွန်မတို့ရဲ့ ရန်ကုန်မြို့လောက်ပဲ ရှိတဲ့ စင်ကာပူနိုင်ငံကို ကျွန်မ (၃)ခါရောက်ဖူးတယ်။ စင်ကာပူဟာ ကျွန်မတို့ မြန်မာနိုင်ငံလို "ရန်ကုန်မြို့၊ မန္တလေးမြို့၊ တောင်ကြီးမြို့၊ ကျောက်ပန်းတောင်းမြို့"ဆိုပြီး မြို့တွေ အများကြီး မရှိဘူး။ သူတို့ဆီမှာ မြို့ဆိုရင်လည်း "စင်ကာပူမြို့"ဆိုပြီး မြို့လေးတစ်မြို့ပဲ ရှိတယ်။ လည်စရာ၊ ပတ်စရာဆိုရင်လည်း ရေတွေပန်းထွက်ပြီး ဓာတ်ပုံရိုက်လို့ကောင်းတဲ့ ခြင်္သေ့ပုံစံရေပန်းကြီးနဲ့ အထပ်ပေါင်း(၅၅)ထပ်ပါရှိတဲ့ သင်္ဘောကြီးပဲရှိပါတယ်။ တစ်ခါနှစ်ခါ ရောက်ပြီး (၃)ခါမြောက်သွားရင် လည်ပတ်စရာမရှိတော့ဘူး။" တဲ့။

❖ ဆရာမ အဲ့လိုပြောလိုက်တဲ့အချိန်မှာ မြက မြတို့ရဲ့ ရွှေနိုင်ငံတော်ကြီးလို့ တင်စားထိုက်တဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးကို ချုံငုံပြီး ကြည့်လိုက်တဲ့အခါမှာတော့.....

❖ မြတို့ မြန်မာနိုင်ငံမှာဆိုရင် လည်ပတ်စရာ နေရာတွေက တစ်ပတ်နဲ့လည်း မကုန်နိုင်၊ တစ်လနဲ့လည်း မကုန်နိုင်၊ တစ်နှစ်လာပြီး လာပတ်နေလည်း သူ့ရာသီအလိုက် မကုန်နိုင်၊ တစ်သက်လုံးလာနေမယ်ဆိုရင်တောင်မှ မရောက်ဖူးတဲ့နေရာတွေက ကျန်နေခဲ့ဦးမှာ အမှန်ပါ။

⌕ "ရွှေတိဂုံစေတီတော်ကို သွာဖူးမျှော်မလား၊

⌕ ပုဂံသွားမှာလား၊

⌕ ပုပ္ပါးတောင် တက်ချင်လား၊

⌕ ကျိုက်ထီးရိုးဘုရားဖူးမလား၊

⌕ အင်းလေးကန်သွားချင်သလား။" စသဖြင့်ပေါ့ အများကြီးမှ အများကြီးကို ရှိသေးတာပေါ့ရှင်။

❖ ဟော သဘာဝသယံဇာတဘက်ကို ကြည့်လိုက်မယ်ဆိုရင်လည်း ကျောက်စိမ်း၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ခဲမဖြူ၊ အဖြိုက်နက်၊ ကျွန်းသစ်" အစရှိတဲ့ သယံဇာတတွေလည်း ပေါကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံဟာ စင်ကာပူလို သောက်ရေတောင် တစ်စက်မှမထွက်တဲ့ နိုင်ငံသေးသေးလေးကိုတောင်မှ ဘာ့ကြောင့် မကျော်နိုင်ရသလဲဆိုရင် မြတို့နိုင်ငံမှာ "အသိပညာနဲ့ ပြည့်စုံတဲ့ ဉာဏ်ပညာရှိတဲ့ လူငယ်တွေ နည်းလွန်းနေလို့ပဲ။" ဆိုတဲ့အချက်လေးကို မြ ကောက်ချက်ချလိုက်မိပါတယ်ရှင်။

❐ စင်ကာပူနိုင်ငံက သယံဇာတမရှိပေမယ့် "ဉာဏ်ပညာ" ရှိတဲ့ ဦးနှောက်တွေ ပိုများလို့ပါ။

❖ ဒါ့ကြောင့် မြတို့မြန်မာနိုင်ငံက တခြားနိုင်ငံတွေကို အမီလိုက်ပြီး ကျော်တက်နိုင်ဖို့ဆိုရင် "အသိဉာဏ်ပညာနဲ့ ပြည့်စုံတဲ့ ဦးနှောက်" တွေ အများကြီးမှ အများကြီးကို လိုအပ်ပါတယ်ရှင်။ အဲဒီအတွက် လုပ်ဆောင်ရမယ့် နည်းလမ်းကတော့ တစ်ခုပဲရှိပါတယ်။

❖ အဲဒီတစ်ခုတည်းသော နည်းလမ်းလေးက "စာဖတ်ခြင်း"ပဲ ဖြစ်ပါတယ်။ မြက ဘာ့ကြောင့် "စာဖတ်ခြင်း"ဆိုပြီး တထစ်ချပြောရသလဲဆိုရင် "စာပေမြင့်မှ လူမျိုးတင့်မည်"ဆိုတဲ့ စကားပုံလေးအတိုင်း စာပေအရှိန်အဝါ ထွန်းလင်းတောက်ပလာရင် ဘယ်မီးရှူးအလင်းရောင်မှ လိုက်မမီနိုင်အောင် လင်းလက်ပြီး ထိပ်ဆုံးထိ တက်လှမ်းနိုင်တဲ့အတွက်ကြောင့် မြရဲ့ စာဖတ်သူလေးတွေလည်း "မအားလပ်ရင်တောင်မှ နေ့စဉ်ပုံမှန် တစ်ရက်ကို (၁၀)မိနစ်လောက်လေးပဲဖြစ်ဖြစ် စာကို ဖတ်ဖြစ်အောင် ဖတ်ကြပါ။" လို့ မြက ဒီဆောင်းပါးလေးနဲ့ တိုက်တွန်းလိုက်ချင်ပါတယ်ရှင်။

❖ မြတို့ရဲ့ အမေစုပြောခဲ့တဲ့ စကားလေးတစ်ခွန်းရှိပါတယ်။ ဒီစကားလေးကို လူတိုင်းရဲ့ နှလုံးသားထဲမှာလည်း စွဲမြဲအောက်မေ့ သတိရနေလိမ့်မယ်လို့ ယုံကြည်ပါတယ်ရှင်။

❖ အဲဒီစကားလေးတစ်ခွန်းကတော့.... "နောင်အနှစ်(၂၀)နေရင် စင်ကာပူကို ကျော်ကို ကျော်နိုင်ရမယ်" ဆိုတဲ့ အမေ့ရဲ့ မိန့်ခွန်း ဩဝါဒလေးတစ်ခုပါရှင်။ အဲ့တာဆိုရင် အမေစုရဲ့ အမေ့စကားလေးတစ်ခွန်းကို ဖြစ်ထွန်း‌လာအောင် ပံ့ပိုးဖို့အတွက် မြတို့တွေ ကိုယ်တိုင်က စာပေတွေကို ဖတ်ရှုလိုက်စား လေ့လာမှတ်သားမှ တော်ကာကြပါလိမ့်မယ်။

❐ ဒါ့ကြောင့်မို့ ❝မြတို့ မြန်မာနိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ စားများများ ဖတ်ကြပါစို့။❞

စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်....

✍️ မြ (စံကားဝါမြေ)

#SarPhat
#Mya_Kyaukpadaung
11.6.2024(Tuesday)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအာရုံစူးစိုက်မှုစိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါဒေါင်လိုက်ဒရာမာ (Vertical Drama)ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအချိန်ဆွဲတာကိုကုစားမယ် စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်