SarPhat Author
( ၁)
ဒီဇင်ဘာလ ဟုဆိုလိုက်လျှင် ချမ်းစိမ့်နေမည်ထင်ခဲ့မိသည်။သို့သော် မုဒုံမြို့လေး၏ ဒီဇင်ဘာမှာ မအေးနိုင်ပဲ နွေရာသီအလားပူလောင်လျက်ရှိသည်။ဆောင်းအပူနှင့်အတူပူေလာင်နေသော လူတစ်ယောက်ရှိသေးသည်။
ကျော်ဇင်နိုင်တစ်ယောက်စိတ်တိုနေလျက်ရှိနေသည်။
မျက်မှောင်လည်းကြုတ်ပြီး ပါးစပ်မှ ပွစိပွစိရေရွတ်နေေသးသည်။က"တောက်စ် ဒီလိုမျိုးလုပ်ပြီး ဒီလိုမျိုးဖြစ်ေနမယ်ဆိုရင် ဒီမိုကရေစီဆိုတာနဲ့တန်မှာမဟုတ်ဘူး"ကြီးကြီးကျယ်ကျယ်ရေရွတ်လိုက်သည်။ဖြစ်ကြောင်းကုန်စင်မှာ မိမိ မေမေ၏ တစ်သွေးတစ်သံတစ်မိန့်ကြောင့် မပယ်ရှား၀ံ့ပဲ လက်ခံလိုက်ရသောကြောင့် ဖြစ်သည်။
"နင်ကို့ delivery လုပ်ငန်းတစ်ခုမှာ အလုပ်လုပ်ရမယ်လို့ပြောထားတယ်။ နင်က ဆိုင်ကယ်လိုင်စင်မရှိဘူးဆိုတော့ နင့်အဖေလိုင်စင်နဲ့ အတုသွားလုပ်
အဲ့မိတ္တူဆိုင်နဲ့ ငါက ရင်းနှီးတယ်။ ငါပြောထားပေးမယ်။ မျက်မှောင်ကြီးမကြုတ် နေနဲ့။ အဲ့လိုပဲ လိုင်စင်က အတုလုပ်ပြီးမှ အစစ်ဆိုတာဖြစ်လာတယ် သွား အဲ့မိတ္တူဆိုင်ကို" ဒါဟာေမေမေေဒါ်ေဆွ၀င်း၏ ပြတ်သားသောစကား။
မျက်မှောင်ကြုတ်လျက်နှင့်ပင် ကျော်ဇင်နိုင်တစ်ယောက် ထွက်လာခဲ့ပြီး မေမေ့မိတ်ဆွေဆိုင်တွင် လိုင်စင်အတုကို စောင့်ယူခဲ့သည်။တစ်နေ့ကုန်အလုပ်ရှုပ်ခဲ့သည်။ onlineကနေ လျှောက်ရမည့်ဟုသိထားသည်။ ထိုေကြာင့် deliလုပ်ငန်းလုပ်နေသောအကိုကြီးတစ်ေယာက်၏အကူအညီယူပြီး လျှောက်ခဲ့သည်။ မနက်ဖြန်တွင် မော်လမြိုင်မြို့ကိုတက်ပြီး ရုံးချုပ်၌ လူတွေ့စစ်ဆေးစရာရှိေကြာင်းမိမိအားကူညီေပးေသာအစ်ကိုကြီးမှ ပြောပြသည်။"ငါ့ညီ ရုံးချုပ်ကိုသွား အဲ့မှာ အစ်ကိုမင်းခန့်နဲ့တွေ့ချင်တာလို့ပြော အဲ့မှာတွေ့ပြီး အင်တာဗျုးဖြေပြီးရင် ရပြီး"..
နေ့ခင်းမှသည် ညဘက်သို့ရောက်လာလေပြီး။ညနေစာ စားပြီး
ထုံးစမ်းတိုင်း လိုင်းပေါ်တက် ချစ်သူအား ဒီနေ့အဖြစ်အပျက်ပြောမည်။ တွေ့ပါပြီး ချစ်လှပါသော "သိမ့်"၏ active nowလေး။
ချစ်စနိုးနဲ့ "သိမ့်"ဟုမိမိခေါ်သည်။ အမည်အပြည့်အစုံကား သိမ့်စန္ဒီ။
"သိမ့်ရေ ဒီနေ့ ကိုယ် အလုပ်လျှောက်ခဲ့ပြီး။ ရဖို့တော့များမယ်
ရန်ကုန်ရုံးချုပ်ကိုယ်တိုင်က လူခေါ်ဖို့ညွှန်တာလို့ကြားတယ်"
"Congratulations ပါ နိုင်.."
ဒီနေ့တွင် လိုင်စင်အတုလုပ်ခဲ့ရကြောင်း ဒီလိုလုပ်ရ၍ နေရခက်ကြောင်း မိမိချစ်သူအားပြောပြလိုက်သည်။
သူ့မ၏ replyကား
" နင်နဲ့ ငါသိလို့လား နင့်ကို ငါမသိဘူးနော်။ အဖမ်းခံရင် နင်ဟာနင်ရှင်း"
"သိမ့်နော်.. သိမ့်ကပါ ဒီလိုလုပ်ရင် ကိုဘယ်လိုနေရမှာလဲ"
"ဟွန်း တကယ်တည်းနော် ။ အဲ့အကြောင်းကို လူတစ်ကာ လိုက်ပြောစရာလား"
"ဪ အဲ့တာလား အဲ့အေကြာင်းကို မေ့မေရယ် သိမ့်ရယ်ကလွဲရင် ဘယ်သူမှ မသိဘူး စိတ်ချ ဟီးဟီး"
ဒီလိုနှင့်ပင် နှစ်ဦးသား စကားစမြည်ပြောဆိုပြီး goodnightဟုနှုတ်ဆက်ကာ
အိပ်ယာ ၀င်ခဲ့လေသည်။
နေ့တစ်နေ့၏ မနက်ခင်းကား စတင်ခဲ့ပြီး။
"ကျော်ကြီးရေ.... ထတော့ နင်မော်လမြိုင်တက်ရဦးမယ် မဟုတ်လား"
မေမေဒေါ်ဆွေ၀င်း၏ ခုနှစ်ချီအသံနှင့်အစပြုခဲ့တော့သည်။
ဟုတ်ပေသည်။ ရုံးချိန်က ၁၀နာရီတွင်ဆုံရမည်။ နိုးလာသည်က ၈နာရီခွဲဖြစ်ရာ အော်ချင်စရာပင်ဖြစ်ပေသည်။
မုဒုံနှင့်မော်လမြိုင် အမြန်မောင်းလျှင် မိနစ်နှစ်ဆယ် လောက်နှင့်ရောက်သည်။ မိမိ ဆိုင်ကယ်မောင်းလျှင် ဘေးနားကဖြတ်သွားသည့်စက်ဘီးပင် ကျော်လို့ရသည့်အရှိန်မျိုး။
မနက်စာစားပြီး ကတ္တာကားလှိမ့်သည့်အရှိန်နှင့် မော်လမြိုင်သို့တက်ခဲ့သည်။ ရုံးလိပ်စာကား
-- center အကျော် လမ်းသုံးခွဆုံ မီးပွိုင့် --လမ်း
--ဆေးခန်း လမ်းကွေ့ဝင်ရမည်။ ရှေ့နည်းနည်းဆင်း ညာဘက် ပထမဆုံးလမ်းဖြစ်ပြီအလယ်လမ်း --လမ်း ထဲကွေ့၀င် ရမည်ဟုတ် သိရသည်။
ရုံးသို့ရောက်သွားသော် အစ်ကိုမင်းခန့်နှင့်တွေလိုကြောင်းပြောရာ
အထဲသို့၀င်ရန် အစောင့်မှ ပြောလေသည်။
ရုံးတွင်ရောက်နေသော အစ်ကိုတစ်ယောက်မှ
"လာညီ အစ်ကို က မင်းခန့် ပဲ အလုပ်နဲ့ပက်သက်တာတွေ ပြောပြမယ်နော်။"
ယခုလုပ်မည့် အလုပ်အား မည်သို့မည်ပုံနားလည်သလဲနှင့်မေးမြန်းသည်။ delivery appတစ်ခုကိုလည်းဒေါင်းခိုင်းသည်။ ထိုappမှ အလုပ်ချိန်အကြောင်း
အော်ဒါ လက်မခံမိလျှင် breakကြောင်း။ သည်အလုပ်တွင် အဆင့်များ သတ်မှတ်ထားကြောင်း စသဖြင့် စိတ်ရှည်စွာရှင်းပြသည်။ မိမိအလုပ်သမား Idကိုလည်းပြောပြသည်။ တစ်နေ့ လုပ်ခများကို ငွေလွှဲကိုယ်စားလှယ်ဆိုင်တွင် လွဲပေးရမည်ဟုတ်ပြောသည်။မိမိတို့ရမည် နှုန်းထားမှာ ခေါက်ကြေးနှင့်ဆိုင်သည်။တစ်နေ့ခေါက်ရေဘယ်လောက် ခေါက်ရေများလေ ပိုက်ဆံရလေ
တစ်ပတ်တစ်ခါရှင်းပေးသည်။ ငွေလွှဲကုမ္မဏီတစ်ခုနဲ့ချိတ်ထားသည် သောကြာနေ့တိုင်း ငွေလွှဲကြောင်းစာပို့ပေးသည်။ ထိုကြောင့်ဖုန်းနံပါတ် လည်းမှန်ဖို့လိုသည်။အစရှိသဖြင့် ရှင်းပြသည်။
"နားလည်ပြီးလား ညီ"
"ဟုတ်နားလည်ပြီး အစ်ကို"
"ဒါဆို 6ရက်နေ့ကစအလုပ်၀င်တော့။ ဒီနေ့က 1ရက်နေ့ပဲရှိသေးတယ်။ ၅ရက်ကျန်သေးတယ်။ အေးဆေးနားနေဦးပေါ့ကွာဟုတ်ပြီးလား ဆိုင်တွေမသိရင်လည်း လျှောက်ပတ်ကြည့်ထားပေါ့"
"ဟုတ်"
မော်လမြိုင်မှပြန်လာပြီး အိမ်တွင်တရေးတမောအိပ်လိုက်သည်။
ညနေစောင်းတွင် မုဒုံမြို့ရှိ ဆိုင်များကိုတစ်ပတ် ပတ်ကြည့်လိုက်သည်။ မိမိနေသည်က လမ်းမကြီး မြို့မ(-)--လမ်းတွင်နေသည်။
မိမိ၏ ချစ်လှစွာသော သိမ့်ကတော့ --လမ်း --ဈေး -လမ်းထိပ်တွင်နေသည်။လမ်းမကြီးက ဆိုင်တော်တော်များများတော့သိသည်။ မသိသေးသည်က လမ်းကြိုလမ်းကြားများက ဆိုင် အင်း လမ်းကြိုလမ်းကြားများကဆိုင်.....
၅ရက်နေ့ညပိုင်းတွင် တော်တော်လေးစိတ်လှုပ်ရှားပြီးအိမ်မက်ထဲထိရောက်လာေတာ့သည်။
မိမိကားပဉ္ဇင်း၀တ်ထားသည်။ အော်ဒါ၀င်သည်ဟု မြင်လိုက်သည်။ သင်္ကန်းတစ်ကားကားဖြင့် ပြေးလွှားကာ ဆိုင်ကယ်သော့ပျောက်လိုက် သွားရမည့်
ဆိုင်ကို မသိလိုက်နှင့်ဗျာများရင်း လန့်နိုးလာသည်။နာရီကြည့်လိုက်မိသည်က 6နာရီထိုးနေချေပြီး
"ဟူးးး အိမ်မက်မို့လို့ပေါ့"စိတ်သက်သာရာရသွားတော့သည်။
ထို့နောက် အလုပ်သို့၀င်ရန် ပြင်ဆင်လေတော့သည်။
(၂)
မိမိသည် မုဒုံမြို့အား သေးသေးလေးဟုထင်ထားခဲ့သည်။ Deliလုပ်သောအခါ ထင်သလောက် မသေးေကြာင်းသိရသည်။
လမ်းကြိုလမ်းကြား ရပ်ကွက်ဘယ်လောက် လမ်းနာမည် မှတ်သားရလေသည်။ အော်ဒါမှာသူများ ဘယ်လောက်လမ်းညွှန် ညွှန် ဒေ၀ဒတ်ကဲ့သို့ လမ်းမှန်ကို မမြင်နိုင်သလို ဖြစ်နေတတ်သည်။ ထို့ကြောင့် --အနောက်ပိုင်း နတ်စင်လမ်း(ခေါ်)ယုဇနလမ်း ---ရပ်ကွက် ---ဘုရား --လမ်းသွယ် ----လမ်းသွယ် ---လမ်းသွယ် စသဖြင့်လမ်းအမည် နေရာများအားမှတ်မိနေအောင်ကျင့်ရသည်။
ဒီလိုနှင့် အသက်တစ်ရာ မနေရ အမှုတစ်ရာပွေရ ဆိုရိုးနှင့်အညီ ဒုက္ခနှင့်လှလှပြေးတွေ့ပါတော့သည်။
အလုပ်ချိန်ပြီး၍ ကိုယ့်စားလှယ်ဆိုင်သိူ့ ငွေသွားလွှဲချိန်တွင်
Idနံပါတ် သေချာပြီးအထင်နှင့်လွဲလိုက်မိသည်။ မိမိ Walletထဲငွေေတာ်ေတာ်နှင့်မထွက်သေးသည်အခါ
"အန်တီရေ ကျွန်တော့်မှာ ငွေ မလျော့သေးဘူး" ကျော်ဇင်နိုင်၏ခန္ဓာကိုယ်တစ်ခုလုံးတုန်တုန်ယင်ယင်ဖြစ်လာပြီးအသံပါတုန်လာသည်။
"သေချာကြည့်ပါဦး သားရေ လိုင်းမကောင်းတာများလား"
ဆိုင်ရှင် တည်ငြိမ်စွာပြောသော်လည်း ကျော်ဇင်နိုင်နားထဲတွင် ဇာတ်ကားထဲ၌ ခင်မို့မို့အေး၏ ပြောဟန်ပြောပုံအတိုင်းကြားယောင်နေသည်။
"ဟုတ်...တယ်ဗျာ... ငွေ..မ..ထွက်..သွား..သေးဘူး"ပြောရင်းနှင့်ပင်အသံကထပ်တုန်လာပြန်သည်။
ကိုယ့်ကိုအားငယ်စိတ်လား ရှက်စိတ်လား ကြောက်စိတ်လား အမျိုးအမည် မခွဲခြားနိုင်တော့။
"ဒါဆိုသား စိတ်မပူနဲ့နော် အန်တီ စင်တာကို ဖုန်းဆက်ပြီး ကွန်ပလိန်းတက်ပေးမယ် သားလည်း သားအထက်လူကြီးဆီဖုန်းဆက်ကြည့် ဟုတ်ပြီးလား"
"ဟုတ်... ဟုတ်"
ဖုန်း Contactထဲသွား လက်တွေ တုန်ယင်နေပြီး ကိုမင်းခန့်ဟူသော နာမည်လေးကို နှိပ်ပြီး ဆက်လိုက်သည်။
တီ.....
"ဟဲလို"
"အစ်ကို..ရေ ကျွန်တော် ကျော်.ေကျာ်ဇင်နိုင်ပါ။ မှား မှားသွားလို့ ဘာလုပ်မရလဲ ဟင် ဟင်"
မိမိ အမှားလုပ်မိသည်တွက် ငယ်ငယ်ကလိုအော်ခံရမည်ထင်နေသေးသည်။
"ဟေ့ ညီ ဖြေးဖြေးပြောပါ ဖြေးဖြေး ဘာဖြစ်တာတုံး"
သူတို့တွေ မည်သိူ့ပင် ဂရုဏာသက်သောစကားကိုဆိုစေကာမူ ဗီလိန်တို့၏ ပြောစကားကိုမင်းသားအံကြိတ်ပြီးနားေထာင်နေသည်အတိုင်းေကျာ်ဇင်နိုင်တစ်ယောက်ခံစားမိနေသည်။
"ကျွန်တော် ငွေလွှဲတာ Idမှားသွားလို့ ဘယ်လိုလုပ်ရမလဲ"
"ဪ ညီရေ Ticketတင်ဟေ့ မတင်တတ်ရင် ညီကို ကူညီပေးတဲ့ အစ်ကိုတစ်ယောက်ဆီသွား သူကိုကူညီခိုင်းပေါ့ ဟုတ်ပြီးလား"
"ဟုတ်ဟုတ်ကိုကြီးမင်းခန့်"
"ဒါဆို အဲ့အစ်ကိုကြီးဆီသွားမြန်မြန်လေး အစ်ကို ဖုန်းဆက်အကြောင်းကြားထားပေးမယ်"
"ဟုတ်ဟုတ်"
ဆိုင်ကယ်အား အသည်းအသန် စက်နှိုးပြီး မိမိအား ကူညီပေးသောကိုကြီးအိမ် ဆီသို့ပြေးလေတော့သည်။
"ကိုကြီး ညီကို့ ကူညီပေးပါဦး...."
ကျော်ဇင်နိုင်တစ်ယောက် ဆောက်တည်ရာမရစွာနှင့်ပင် အကူညီတောင်းမိတော့သည်။ မိမိအားလျှောက်လွှာတင်ပေးခဲ့သော အကိုကြီးကား တည်ငြိမ်စွာနှင့်ပင်
"အကြောင်းစုံကို သေချာပြောပြနော် ဟုတ်ပြီးလား"
ကျော်ဇင်နိုင်တစ်ယောက် စိတ်ကို အတတ်နိုင်ဆုံးအေးအေးထားပြီး အကြောင်းစုံကိုသေချာပြောပြလိုက်သည်။ အစ်ကိုကြီးက ခေါင်းတငြိမ့်ငြိမ့်နှင့်
"ညီ ငွေလွှဲမှားတာတွေ screen shotရိုက်လိုက်ကွာ
ပြီးရင် ကိုကြီးပြောထားတွေ လိုက်မှတ် ပြီးရင်ရေးပေါ့ကွာ"
"ဟုတ်"
Onlineနေလျှောက်စဉ်အခါက အစအဆုံးကူညီပြီးလျှောက်ပေးသော
ကိုကြီးသည် ယခုအချိန်တွင်လည်းဖြစ်စဉ်တစ်ခုလုံးကို သေချာတွေးပြီး
"ကဲကဲ ကိုကြီးခေါ်ပေးမယ် လိုက်ရေး
"ကျွန်တော် မုဒုံ rider ကျော်ဇင်နိုင် ID(...........)သည် biller accသိူ့ငွေလွှဲရာ ID(...........)ဆီသို့ ငွေ(.....)မှားယွင်းစွာ လွှဲမိသဖြင့် IDနံပါတ်အမှန်(..........)ဆီသို့ ငွေ (.......)ပြန်လည်လွှဲပြောင်းပေးရန် တင်ပြအပ်ပါသည်။"
Ticketတင်ခဲ့ပြီးသည်နှင့် အိမ်သို့ပြန်လာခဲ့သည်။ မိမိသည် စိတ်မော လူမောဖြစ်သွားသည့်တွက် ထမင်းနည်းနည်းသာစားနိုင်ပြီး အခန်းထဲတွင် ၀င်ခွေနေတော့သည်။
စိတ်ညစ်ရသည်ဖြစ်၍ လိုင်းတက်ရန်ပင် စိတ်မပါတော့ ဆိုပင်ကာမူ
သိမ့်လေးကို သတိရမိသည်။ မိမိသည်ယောကျာ်းဖြစ်သည်အလျောက် နေရာတကာပျော့ညံ့မသင့်၊ စိတ်တင်းထားလည်း သိမ့်အား စကားနည်းနည်းပြောလိုက်လျှင် စိတ် သက်သာရာရသွားမည်ဟုတွေးမိလိုက်သည်။
(၃)
လိုင်း လေး ဖွင့် ကာ သိမ့် massagerထဲအသင့်ေစာင့်ေနေတာ့သည်။ Active 1hour ago...လေးကထီးထီးတည်း။ စောင့်နေရင်းနက် ကျော်ဇင်နိုင်သည်အတိတ်ဆီသို့ရောက်သွားလေသည်။
ဆယ်တန်းဖြစ်သည်မို့ကျူရှင်ချိန်ဆက်တိုက်ဖြစ်နေသည်။မနက်၆နာရီကနေ နေ့လည်၁၂ နာရီထိ နှစ်နာရီကိုတစ်ဘာသာဖြစ်သည်။ ထို မျှ နှင့် မပြီးသေး
ေန့လည်၂နာရီ အချိန်တွင် ပြန်စရသေးသည်။ညနေ ၆နာရီတွင်ပြီးမည်ဖြစ်ေသာ်လည်း တစ်ခါ တစ်ရံတွင် English ဆရာက လတစ်လတစ်စာသင်တာမပြတ်ဟုဆိုတာ ညနေ၆နာရီ၃၀မှ ၈နာရီထိယူတတ်ေသးသည်။
ကျော်ဇင်နိုင်ကား အိမ်တွင်နေပြီး အဆောင်တွင်ကျူရှင်တက်ရသည်။ အဆောင်မနေရသည်မို့ အဆောင်သမားများ ထမင်းစာချိန်၁၅မိနစ်တွင် အားနေသည်။ မျက်လုံးများလည်းကစားကြည့်သေးသည်။ မျက်လုံးမှာတစ်နေရာသိူ့ရောက်သွားသောအခါ မခွာနိုင်တော့။
ကြယ်တာရာကြားမှ ငွေလမင်းလေး ဟုတ်ပါသည်။ မမှားနိုင်ပါ။ငွေလမင်းလေးပါ။
နက်မှောင်သန်စွမ်းသည့် ဆံသားပျော့ပျော့လေးကကျောပေါ်မှာဝဲကျ၍ နီနီမြန်းမြန်းပါးအို့လေးတို့ဖြင့်ရယ်သွမ်းနေသောသူမမျက်နှာအလှကလေးကို မြင်ရသော ကျော်ဇင်နိုင်၏ နှလုံးကားတဒိတ်ဒိတ်ခုန်လာသည်။
ကာတွန်းဘောင်ဘီ၀တ်ထားသော်လည်း သူမအလှကို မဖုံးနိုင်။ နာမည်ဘယ်လိုခေါ်လဲသိချင်လာသည်။ အဆောင်တွင် နေသော မိမိ သူငယ်ချင်း ဖြစ်သူ ခန့်ဇော် အား အားကိုးရတော့မည်။
"သားကြီးရေ ငါတော့ ပါးအို့နီနီလေးကိုသေဘာကျသွားပြီးကွာ"
ခန့်ဇော်ကားမျက်ေမှာင်ကြီးကျုံ့ကာ
"ဟေ့ကောင် အရင်း မရှိအဖျားမရှိကွာ ဘာလဲကွ"
ကျော်ဇင်နိုင်မှ မေးလေးငေါ့ပြကာ
"ဟိုမှာ ဟိုမိန်းကလေး"
ခန့်ဇော် သည်ေကျာ်ဇင်နိုင်ညွှန်ပြရာနေရာသို့ကြည့်လိုက်ကာ မျက်ပြူးဆန်ပြူးဖြစ်ပြီး
"မင်း ငါးပါးတင်မကဘူး ဆယ်ပါး ပါေမှာက်တော့မှာ အဲ့တာအဆောင်မှူး တူမလေး နာမည်ကသိမ့်စန္ဒီလို့ခေါ်တယ်ကွ"
"အဲ့တာ ဘာဖြစ်လဲ အချစ်စစ်မှန်ရင်အခက်
Unlock to read this premium article with 10 points.