
SarPhat Author

TikTok Shop Feature မြန်မာနိုင်ငံမှာရရင် အတော်လေးအဆင်ပြေသွားမှာ ။
TikTok shop ကို လက်ရှိ Indonesia, Malaysia,  Philippines, Singapore, Thailand, the United Kingdom, the United States, and Vietnam စတဲ့ နိုင်ငံတွေမှာ သုံးလို့ရနေပါတယ် ။ 
Shop create လုပ်တာကလည်း https://seller-th.tiktok.com/ ကနေ တိုက်ရိုက် shop ဖွင့် ၊ ပြီးတာနဲ့ လက်ရှိ သုံးနေတဲ့ Account နဲ့ link ချိတ်လိုက်ရုံပါပဲ ။
“ မြင်သာအောင်ပြောရရင် Facebook account ကနေ Facebook Page ထောင်သလိုမျိုးပါပဲ ။ “
နောက်တစ်ခု က TikTok မှာ Ads Run တဲ့ကိစ္စပါ ။ 
ထုံးစံအတိုင်းမြန်မာနိုင်ငံမှာမရသေးပါဘူး။  ( မရသေးတာမှ ကြော်ငြာဖို့ Ad account ဖွင့်မရတာတင်မဟုတ်ဘဲ မြန်မာ Audience ကိုပါ Target ထားမရတာပါ ။ ) 
TikTok Ads မှာ က Campaign တစ်ခု ကို အနည်းဆုံး 50$ budget သုံးပေးရတာပါပဲ။ 
စျေးကိတ်တာတော့ အနည်းငယ်အဆင်မပြေဘူးပေါ့ ။ 
Target audience ရွေးပုံကတော့ Facebook နဲ့ အရမ်းကြီးမကွာပါ ။ 
TikTok app ဟာ Entertainment Category အောက်ကပါ ။ 
အဲ့ဒါကြောင့် TikTok မှာ ကိုယ့်လုပ်ငန်းပေါက်ချင်ရင်တော့ သေချာပေါက် Entertainment နဲ့ တွဲသွားမှရပါမယ် ။ 
TikTok မှာ #Hashtag တွေ ၊ Trend Song တွေ သုံးတတ်ဖို့လိုပါတယ် ။
လက်ရှိမြန်မာနိုင်ငံအနေအထားကတော့ TikTok ဟာ Brand Awareness အတွက် လုပ်လို့အရမ်းကောင်းတဲ့နေရာပါ ။ 
Sale Closed ( အရောင်းပိတ် / ရောင်းရ ) ဖြစ်ဖို့ အတွက်ဆိုရင်တော့ အခြားသော Channel တွေ ဆွဲခေါ်ဖို့လိုပါတယ်။
ဥပမာ TikTok က အရောင်းလာမေးတဲ့သူကို Telegram / Viber Group တွေခေါ်ပြီး သေချာရှင်းပြတာမျိုးပေါ့ ။
FAQs 
TikTok မှာ Video တွေ / Photo တွေတင်ရုံနဲ့စျေးရောင်းရမှာလား ? 
ဟုတ်ကဲ့  ရောင်းရပါတယ် ။ ဒီကိစ္စတွေ မတိုင်ခင် ၃ နှစ်လောက်က ကျွန်တော့် Client တွေ TikTok ကိုရွေ့ဖို့အကြံပြုဖြစ်ပါတယ် ။ 
သူတို့တွေ အခုဆိုအတော်လေးအဆင်ပြေနေပါပြီ ။ 
သူတို့ ဘယ်လို Video တွေ / Post တွေတင်သလဲ ။ 
ထွေထွေထူးထူးမဟုတ်ပါ ။ Video လေးရိုက်ပြီး 
(Stock တွေ ပြတယ် ၊ ဘယ်မှာဝယ်လို့ရကြောင်း ၊ ဘယ်လိုအာမခံကြောင်း ) စသည်ဖြင့်ပြောတယ် ။
Photo slide တွေဆိုရင်လည်း  Trend ဖြစ်တဲ့ သီချင်းတွေ သုံးပြီး လုပ်ပါတယ် ။ ဒါလေးတွေကို နေ့စဉ်တင်သွားတဲ့အခါ လူတွေသတိထားမိပြီးနောက် Awareness ရ ပြီးတာနဲ့ Sale ဖြစ်သွားပါတယ် ။ 
အဲ့တော့ TikTok မှာ ပေါက်ချင်ရင် “ Consistency “ ရှိဖို့ပဲလိုပါတယ်ခင်ဗျာ ။ အားလုံး Fighting 
#nebwintour
Keep Reading