မြ (စံကားဝါမြေ)
➽ ဒီနေ့မှာတော့ မြက ခေါင်းစဉ်လေးကို "လိပ်ပုံပြင်" ဆိုပြီး ရိုးရိုးရှင်းရှင်းလေး ပေးထားပြီးတော့ အဓိပ္ပာယ်နက်နက်နဲနဲရှိလှတဲ့ လူ့သဘာဝအဖြစ်အပျက်လေးကို ရေးသားသွားမှာပါရှင်။
➽ ခေါင်းစဉ်လေးကတော့ "လိပ်ပုံပြင်" ပေါ့နော်။ ဒီပုံပြင်လေးကို ကြားဖူးသူလည်း ရှိသလို၊ မကြားဖူးသေးတဲ့သူတွေအတွက်လည်း ကြားဖူးသွားအောင် မြ အရင်တုန်းက ဆရာမပြောခဲ့ဖူးတာလေးကို မှတ်စုစာအုပ်မှာ ရှာတွေ့မိလို့ ပြန်လည်မျှဝေပေးလိုက်ရပါတယ်ရှင်။
➽ ဟိုး.... ရှေးရှေးတုန်းက လိပ်မိသားစုဟာ ပျော်ပွဲစားထွက်ဖို့ ပြင်ဆင်ကြပါတယ်။ သူတို့သဘာဝကိုက နှေးကွေးတဲ့ လိပ်တွေဟာ ပျော်ပွဲစားထွက်ဖို့ ပြင်ဆင်တာကလည်း အချိန်အားဖြင့် (၇)နှစ်တောင် ကြာမြင့်ပါသတဲ့ရှင်။
➽ နောက်ဆုံးမှာတော့ လိပ်မိသားစု အိမ်ကထွက်လာကြပြီး သင့်တော်တဲ့နေရာကို ရှာကြပါတယ်။ အဲ့ဒီလို ထွက်လာပြီး (၂)နှစ် အကြာမှာတော့ သူတို့အတွက် အကောင်းဆုံးနေရာတစ်ခုကို ရှာတွေ့သွားကြပါတယ်။
➽ အဲဒီနေရာကို သန့်ရှင်းရေးလုပ်တာတို့၊ ပျော်ပွဲစားအတွက် စားစရာတွေကို ခြင်းတောင်းထဲကထုတ်ပြီး ပြင်ဆင်တာတို့ကိုတော့ အချိန်(၆)လ ကြာတဲ့အခါမှာ ပြီးစီးသွားပါတော့တယ်။
➽ အဲဒီလို အကုန် အပြီးအစီး ပြုလုပ်ပြီးခါကျမှ သူတို့ ဆားမေ့ကျန်ခဲ့တာကို သိလိုက်ရပါတယ်။ "ဆားမပါသောဟင်းသည် ပေါ့ပျက်ပျက်နိုင်၏။" ဆိုသလိုပေါ့။ "ဆားမပါတဲ့ ပျော်ပွဲစားက ဘယ်လိုမှ ကောင်းနိုင်မှာ မဟုတ်ဘူး။" လို့ သူတို့ ထင်ကြတယ်။
➽ အဲဒီကိစ္စကိုလည်း အကြာကြီး ဆွေးနွေးအပြီးမှာတော့ အငယ်ဆုံးလိပ်ကလေးကို အိမ်မှာ ဆားပြန်ယူဖို့ ရွေးချယ်ပြီး တာဝန်ပေးလိုက်ကြပါတယ်။ အဲဒီအခါ မိသားစုထဲမှာ အငယ်ဆုံးနဲ့ အမြန်ဆုံးဖြစ်တဲ့ လိပ်ကလေးဟာ လူးလှိမ့်ပြီး ငိုယိုပါတော့တယ်။
➽ နောက်တော့ ကတိတစ်ခု တောင်းပြီးမှ သွားမယ်လို့ သဘောတူလိုက်ပါတယ်။ အဲဒီလိပ်ငယ်လေး တောင်းလိုက်တဲ့ ကတိလေးကတော့.... "သူပြန်မရောက်မချင်း ဘယ်သူမှ အသားအသောက်တွေကို မစားပါဘူး။" ဆိုတဲ့ ကတိလေးပါရှင်။ အဲဒီကတိလေးကို တစ်မိသားစုလုံးက သဘောတူလိုက်တော့မှပဲ လိပ်ကလေးက ထွက်သွားပါတော့တယ်တဲ့ရှင်။
➽ သုံးနှစ်ကြာတဲ့အထိ လိပ်ကလေးက ပြန်ရောက်မလာ။ ငါနှစ်.... ခြောက်နှစ်..... ခုနစ်နှစ်မြောက် ကြာလာတဲ့အခါမှာတော့ အသက်အကြီးဆုံး လိပ်ကြီးက ဗိုက်ဆာတဲ့ဒဏ်ကို မခံနိုင်ရှာတော့ဘူးလေနော်။ အဲ့ဒီတော့ "သူကတော့ စားတော့မယ်" လို့ ပြောပြီး အသားညှပ်ပေါင်မုန့်ထုပ်ကို ဖွင့်လိုက်ပါတော့တယ်။
➽ အဲဒီအချိန်မှာပဲ လိပ်ငယ်ကလေးက သစ်ပင်အနောက်ကနေ ရုတ်တရက်ထွက်လာပြီး ယခုလို အော်ပြောလိုက်ပါတော့တယ်။
➽ "တွေ့လား။ သားကို စောင့်ကြမှာ မဟုတ်ဘူးဆိုတာ သား သိသားပဲ။ တော်ပြီ။ ဆားသွားမယူတော့ဘူး။..." တဲ့။
➽ ကဲ.... မြရဲ့ "လိပ်ပုံပြင်" လေးကတော့ အဆုံးသတ်သွားပါပြီရှင်။ ဒီပုံပြင်လေးကို ဖတ်ပြီးသွားတဲ့အချိန်မှာ ရရှိလိုက်တဲ့ သင်ခန်းစာလေးကတော့.....
➽ လူတစ်ချို့ဟာ တခြားသူတွေကို ကိုယ်မျှော်လင့်ထားသလို လုပ်ပေးဖို့ စောင့်မျှော်ရင်းနဲ့ပဲ ကိုယ့်ရဲ့အချိန်တွေကို ဖြုန်းတီးပြစ်ကြတယ်။ သူများတွေ ဘာလုပ်သလဲဆိုတာကို အလေးထား စိတ်ဝင်စားနေရတာနဲ့ပဲ ကိုယ့်အတွက်တောင် ဘာမှမလုပ်ဖြစ်လိုက်ကြဘူး။
➽ ဒါ့အပြင် "အလုပ်တစ်ခုကို လုပ်ရမှာ ပျင်းနေရင် ဟိုဟာကြောင့်၊ ဒီဟာကြောင့်ဆိုပြီး အကြောင်းအမျိုးမျိုး၊ ဆင်ခြေ၊ ဆင်လက်၊ ဆင်နားရွက်တွေ ပေးမနေဘဲ ဖြည်းဖြည်းမှန်မှန်သာ လုပ်ဆောင်သွားကြပါ။"... ရှင်။ ဆင်ခြေပေးတာက မအောင်မြင်နိုင်တဲ့သူ၊ ပျင်းရိသူတွေရဲ့ လက်သုံးစကားတစ်ခုပါ။ "အောင်မြင်ပြီး ထိပ်ဆုံးရောက်ကြမယ့်သူတွေအဖို့ကတော့ ဆင်ခြေမပေးမိကြပါစေနဲ့"....ရှင်။
➽ ပြီးတော့ နောက်ဆုံးတစ်ချက်အနေနဲ့ မြ စာဖတ်သူလေးတွေကို ပြောချင်တာလေးတစ်ခုက
လို့ တိုက်တွန်းလိုက်ချင်ပါတယ်ရှင်။
စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....
✍️ မြ (စံကားဝါမြေ)
#SarPhat
#Mya_Kyaukpadaung
8.6.2024(Saturday)
Keep Reading