SarPhat Author
နှစ်ခုလုံးကတော့ဘဝအတွက် အရေးကြီးတဲ့အရာတွေဖြစ်တယ် ။ ဒါပေမယ့် ဒီနေ့ခေတ်မှာ ပိုက်ဆံမရှိရင် အရာရာမှာနောက်ကျတယ်လို့ ခံစားနေရတဲ့လူတွေရဲ့ ခံစားချက်တွေကြောင့် အများစုက ပိုက်ဆံကို ငယ်စဉ်မှာရွေးချယ်ခဲ့ကြတယ် ။ငယ်ရွယ်တဲ့အချိန်မှာ ပိုက်ဆံတွေအများကြီးရှာပြီး သုံးဖြုန်းနိုင်တာကြောင့် အပေါင်းအသင်းလည်းဆန့်ပြီး ပေါ်ပြူလာလည်းဖြစ်တယ်လို့ ခံစားရတာကြောင့်ပျော်နေခဲ့ကြတယ်။ ဒါပေမယ့် အသက်အရွယ်တစ်ခုရောက်လာတဲ့အခါ အရင်လိုပျော်ပါးရတာတွေကို မခုံမင်မနှစ်သက်တော့ဘူး ။ တိတ်ဆိတ်အေးချမ်းတဲ့ဘဝလေးကို လိုချင်လာကြတယ် ။ အဲ့လိုအချိန်မှာ ပြန်ပေါ်လာတတ်တာက ငယ်စဉ်ကစွန့်လွှတ်ခဲ့တဲ့ ဝါသနာလေးတွေကို ပြန်လုပ်ချင်လာတယ် ။ ဒါပေမယ့် အချို့ဝါသနာတွေက ပြန်လုပ်လို့မရတော့တာတွေဖြစ်လာခဲ့တယ်။ အဲ့အချိန်ရောက်တော့မှ ကိုယ်ဝါသနာပါတဲ့အရာတွေနဲ့ အောင်မြင်နေကြတဲ့သူတွေကိုကြည့်ပြီး ငါသာဆက်လုပ်ဖြစ်ခဲ့ရင် သူတို့နေရာမှာငါဖြစ်နေမှာဆိုပြီး နောင်တတွေဝင်လာတတ်ကြတယ် ။ ဒါပေမယ့် သူတို့အဲ့အချိန်မှာ ဘာမှမတတ်နိုင်ကြတော့ဘူး ။ ပိုက်ဆံအများကြီးရှာနိုင်တယ်ဆိုတာကောင်းပါတယ် ။ သူ့ထက်ပိုကောင်းတာက ကိုယ်ဝါသနာပါတဲ့အရာနဲ့ ပိုက်ဆံအများကြီးရှာနိုင်တာဘဲ ။ ဘယ်နယ်ပယ်မဆို အချိန်တစ်ခုကြာလာတဲ့အခါskillတစ်ခုရလာပြီး income လည်းများလာကြတာပါဘဲ ။ အကယ်၍ကိုယ်က မဖြစ်မနေပိုက်ဆံကို ရွေးချယ်ရမယ်ဆိုရင်တောင်မှ ကိုယ်ဝါသနာပါတဲ့အရာလေးကို အချိန်အနည်းငယ်ပေးပြီးtryနေတာက ကိုယ့်စိတ်ကူးထဲကဘဝကို ခြေလှမ်းလေးတွေလှမ်းနေတာနဲ့အတူတူပါဘဲ ။ အချိန်မပေးနိုင်လို့ ခြေလှမ်းလေးတွေစိပ်နေပေမယ့် ကိုယ်ဆက်လှမ်းနေသ၍တစ်ချိန်တော့ပန်းတိုင်ကို ရောက်မည်သာဖြစ်တယ်။
8.6.2024
Keep Reading