Author's Profile Photo

SarPhat Author

7/06/2024

မိမိကိုယ်တိုင် ပြုပြင်ပြီးမှ တစ်ပါးသူကို..............

2 mins read
Life Style
မိမိကိုယ်တိုင် ပြုပြင်ပြီးမှ တစ်ပါးသူကို..............'s photo

လူအများစုဟာ မိမိရဲ့မှားယွင်းနေတာတွေ၊ပြင်ရမဲ့အချက်တွေကို မစဥ်းစား မကြည့်ရှုဘဲ သူတစ်ပါးရဲ့ မကောင်းတဲ့အချက်၊ပြင်ရမဲ့ အချက်တွေကိုတော့ အရေးတယူကြည့်ကြတယ်။
အဲ့လို ကြည့်ရှုပြီးတော့ ဘယ်ဟာ ပြင်သင့်တယ်၊ဘယ်လို ​နေသင့်တယ်ဆိုတာတွေကို ဝေဖန်ကြတယ်။သူတို့ကိုယ်တိုင်ကြတော့ ထိုအရာတွေနဲ့ကင်းလွတ်နေသလားဆိုတာကိုတော့ သူတို့မသိကြဘူး။အဓိကက သူများအမှားကို ထောက်ပြီး ဆရာလုပ်ချင်ကြတာများတယ်။ဘုရားပြောဖူတဲ့စကားအရဆိုရင် မိမိကိုယ်တိုင်မပြုပြင်နိုင်ဘဲနဲ့ သူများကို ပြုပြင်ဖို့ မပြောနဲ့တဲ့လို့ ပြောတယ်။ဒါပေမဲ့လည်း လူအများစုက တစ်ပါးသူရဲ့ အပြစ်လေးတွေကို ပြောပြီး အရသာယူကြတယ်။
ကျွန်ုပ်သူငယ်ချင်း တစ်ယောက်ဆိုရင်လည်း ကျွန်ုပ်ရဲ့ပြင်သင့်တဲ့ အချက်တွေ၊မှားယွင်းနေတဲ့အရာတွေကို အထိန်းအချုပ်မရှိဘဲ ကုန်စင်အောင် သူပြောခဲ့တယ်။ကျွန်ုပ် အဲ့အချိန်က စဥ်းစားမိပုံက သူနဲ့ခင်တာက online က။အဲ့တစ်လျှောက်လုံး သူကျွန်ုပ်ရဲ့ data တွေကို စုဆောင်းတယ်။ တစ်နေ့ကျတော့ ဖြစ်သင့်တာတွေကို သူထောက်ပြတယ်။အဲ့အချိန်မှာ ကျွန်ုပ်သိလိုက်ရတာက သူအတော်လေး ကျွန်ုပ်အကြောင်းတွေကို ခရေစေ့တွင်းကျ ပြောပြနေတာကိုပဲ။ကျွန်ုပ်လည်း အံ့ဩသွားတယ်။မိမိကိုယ်တိုင်တောင် သတိမထားမိတဲ့အရာတွေကို ပြောဆိုထောက်ပြသွားတာ အတော်ကို များပြာလှလွန်းလို့ မနည်းတောင် ဖတ်လိုက်ရပါတယ်။
သူပြောပြတာတွေကလည်း ကျွန်ုပ်နဲ့မဆိုင်တာတွေ၊မပက်သက်တာတွေကများနေတယ်။ဘာကြောင့်လဲဆိုတော့ သူကကျွန်ုပ်နဲ့ chat တဲ့စကားတွေကိုပဲ သူကအမှန်မြင်နေတာလေ။ကျွန်ုပ်ကလည်း မိမိအကြောင်းကို ဘယ်လိုလုပ် အတိအကျ၊အမှန်အကန် ပြောနိုင်မလဲ။ဆို​တော့ သူက သူနဲ့စကားပြောတာတွေကို ပြန်ကောက်ပြိီးထောက်ပြထားတာ သက်သက်ဖြစ်သွားတယ်။သူ့စိတ်ထဲမှာတော့ သူပြောတာ၊ထောက်ပြတာတွေက အမှန်ပေါ့ဆိုပြီး ထင်သွားတယ်။
အဲ့မှာ ကျွန်ုပ်သူ့ကို မေးလိုက်တယ်။
''ကိုယ်ကိုယ်ကိုတောင် သတိမထားမိတဲ့အရာတွေကို သူများတစ်ယောက်က ပြန်ပြာပြတာ ပျော်ဖို့တော့ကောင်းသားပဲ''လို့ကျွန်ုပ်ပြောလိုက်တော့ သူက သူနဲ့သိတဲ့သူတွေရဲ့ data တွေအားလုံး save လုပ်တယ်တဲ့။အဲ့မှာ ကျွန်ုပ်သူ့ကို သနားသွားတယ်။ဘာကြောင့်လဲဆိုတော့ သူ တခြားသူတွေရဲ့ data တွေအကုန် သူ့ခေါင်းထဲမှာ save ထားရတာ ပင်ပန်းမှာပေါ့လို့ တွေးလိုက်မိတယ်။
ဒါပေမဲ့ သူ့ကြည့်ရတာ သူကတော့ ပြင်သင့်ပြင်ထိုက်တာတွေ အားလုံးပြာပြီးပြီ။ကျန်တာသူ့အပိုင်းမဟုတ်တော့ဘူး။နောက်ပြီး သူ့စိတ်ထဲမှာ တခြားသူတစ်ယောက်ကို ဆရာလုပ်လိုက်ရပြီဟုထင်ကာ သူ့ကိုယ်သူ မာန်တက်သွားတယ်။အဲ့မှာ သူပြောခဲ့တဲ့အချက်တွေထဲမှာ သူကိုယ်တိုင်မပြင်မိတဲ့အရာတွေပါတယ်။ဒါပေမဲ့ သူက ကျွန်ုပ်ကိုပဲပြောနေတယ်။သူအတွက်တော့ ပြုပြင်သင့်တာတွေကို မစဥ်းစားတာ ယခုတိုင်ထိဘဲ။
ကျွန်ုပ်ထိုသို့ပြောရတာက လူအများစုဟာ မိမိပြင်သင့် ပြင်ထိုက်တာတွေ၊မှားယွင်းတာတွေကို သတိမထားဘဲ သူတစ်ပါးရဲ့ အပြစ်တွေကိုပဲ သတိထားပြီး သူတို့ထင်တာတွေကို ထောက်ပြတတ်ကြတယ်။ထို့သို့ထောက်ပြီးချိန်မှာလည်း သူတို့စိတ်ထဲမှာ သူတို့ဟာ ဆရာဖြစ်သွားပြီ၊ပိုတော်သွားပြီ၊ပိုတတ်သွားပြီဆိုပြီး မာန်တလွှားလွှားဖြစ်နေကြတယ်။
သို့သော်လည်း တစ်ချို့လူတွေက အမှန်တကယ်သိရှိနားလည်တယ်၊သူတို့ကိုယ်တိုင်လည်း ထိုအရာတွေကို ပြင်ဆင်ပြုပြင်နိုင်တယ်။ထိုအတွက်ကြောင့် တခြားသူကို အမှာထောက်ပြတာဟာ ကိစ္စမရှိ၊ကျေးဇူးတောင်တင်ဖို့ကောင်းတယ်။
သို့ပေမဲ့ လူအများစုကတော့ မိမိရဲ့ပြုပြင်ရမဲ့အရာတွေကို မမြင်ဘဲ၊မပြုပြင်ဘဲနဲ့ တစ်ပါးသူကို ထောက်ပြပြီး ဆရာလုပ်ချင်ကြတယ်။
ဥပမာ-အရက်သမားတစ်ယောက်က အရက်လာဝယ်တဲ့ကောင်လေးကို အရက်မသောက်နဲ့ မကောင်းဘူး ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ ပြောတော့ ထိုကောင်လေးက ဒီလူကြီးက မူးမူးရူးရူးနဲ့ဘာတွေပြောနေမှန်းမသိဘူး။သူကြတော့ အရက်သောက်နေပြီး ငါ့ကြတော့ မသာက်နဲ့လို့လာပြီး ဆရာလာလုပ်နေတယ်ဆိုပြီး ငြူစူမိမှာအမှန်။
ဒါကြောင့် မိမိကိုယ်တိုင် ဦးစွာ ပြင်သင့်တာ ပြင်ပြီးမှ တခြားသူတစ်ယောက်ကို ပြင်သင့်တာပြင်ဖို့ဆိုတဲ့ စကားပြောတာ ပိုပြီးအကျိုးရှိလိမ့်မယ်။နောက်ပြီး ထိုသို့ပြောပြီး မိမိဟာထိုသူရဲ့အမှားကို ထောက်ပြလိုက်ရလို့ ဆရာဖြစ်သွားပြီ၊ပိုတော်သွားပြီ၊ဘာညာဆိုပြီး မာန်မတက်ဖို့တော့ အကြံပြုလိုပါတယ်။

(ထိုအထဲမှပါဝင်သည့် ကျွန်ုပ်သူငယ်ချင်း မမြင်ဖို့ အထူးမျှော်လင့်မပါသည်။??)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)