Phoo Thitsar Nyo
ဘာကြောင့်များ... မပျော်ရွှင်ရတာလဲ?
ဒီမေးခွန်းကို ကိုယ့်ကိုယ်ကိုယ်
ပြန်မေးဖူးကြလား...
ညိုကတော့ မေးခဲ့ဖူးတယ်...
ဒါပေမဲ့ အဖြေက ထွက်မလာခဲ့ပါဘူး
ဒါကြောင့်ပဲ ညိုစိတ်ညစ်တဲ့အခါတိုင်း
ချရေးဖြစ်တယ်၊ journaling လုပ်ဖြစ်တယ်
အချိန်ရတဲ့အခါတိုင်း အဲ့တာတွေကို
ပြန်ဖတ်ကြည့်မိတယ်...
အဲ့ဒီလို ဖတ်တဲ့အခါ
အဖြေတစ်ခုရသွားခဲ့ပါတယ်...
အဲ့ဒါက ဘာလဲဆိုရင်...
ညိုတို့တွေဟာ ကိုယ့်ရဲ့ပျော်ရွှင်မှုကို
သူများရဲ့ အမြင်တွေနဲ့ ဆုံးဖြတ်ကြလို့ပါ။
သူများတွေကိုပဲ ဂရုစိုက်ကြလို့ပါ။
ညို ဒီအဖြေကို ရသွားခဲ့ပါတယ်
ဒါပေမဲ့ အဲ့လိုဂရုစိုက်နေတာတွေကတော့
ရပ်မသွားခဲ့ဘူး... သူများတွေကို
ဂရုစိုက်မိနေတုန်းပဲ
ဒီစာလေးကို မရေးခင် ရက်ပိုင်းလောက်အလိုမှာ ညို့ရဲ့စိတ်တွေ ဟိုးအောက်ဆုံးထိ
ကျသွားခဲ့ပါတယ်...
ဘာမှလည်းမလုပ်ချင်တော့သလို၊
ပျော်လည်း မပျော်တော့ဘူး...
လမ်းပျောက်သွားခဲ့တယ်
ဒီလိုနဲ့ပဲ တစ်ရက်မှာ ညို့ရဲ့အဘွားနဲ့
စကားပြောဖြစ်တယ်...
အဲ့ဒီမှာ ညို ပျောက်သွားတဲ့အရာတစ်ခုကို
ပြန်ရှာတွေ့ခဲ့တယ်
ညို့ရဲ့အဓိကရည်ရွယ်ချက်ပေါ့
ညို သူများတွေရဲ့ အမြင်တွေကို ဂရုစိုက်ပြီး၊ သူများတွေနဲ့ နှိုင်းယှဥ်မိရင်း
ညို့ရဲ့ တကယ့်ရည်ရွယ်ချက်ကို
မေ့သွားခဲ့တယ်...
ညိုတကယ်ဖြစ်ချင်တာတွေ၊
ညို့ရဲ့တကယ့်ပုံစံအမှန်ကို မေ့သွားခဲ့တယ်
ဒါပေမဲ့ အဘွားကြောင့် ပြန်ရှာတွေ့ခဲ့တယ်
အဲ့အတွက်လည်း အဘွားကို
ကျေးဇူးအများကြီးတင်ပါတယ်
ညိုတို့တွေဟာ သူများတွေကို
အရမ်းဂရုစိုက်လွန်းကြပါတယ်...
ကိုယ်ပျော်လို့ လုပ်လိုက်တာထက်
သူများက လုပ်ရင် ကောင်းတယ်ဆိုတဲ့အရာကို လုပ်မိတတ်ကြတယ်...
ဒိီလိုနဲ့ပဲ ညိုတို့ရဲ့စိတ်၊ ညိုတို့ရဲ့ပုံစံတွေက
ပျောက်သွားပြီး ပျော်ရွှင်မှုဟာလည်း
ပျောက်သွားခဲ့တယ်...
ညို့လိုပဲ မပျော်တော့ဘူးလို့ ခံစားနေရရင်၊
လမ်းပျောက်နေတယ်လို့ ခံစားနေရတယ်ဆိုရင်
ကိုယ့်ရဲ့ပုံစံအစစ်မှန်ကို ပြန်ရှာပါ။
ကိုယ်လုပ်နေတဲ့အရာရဲ့ ရည်ရွယ်ချက်
အစစ်အမှန်ကို သိအောင်လုပ်ပါ။
ကိုယ့်ရဲ့ပျော်ရွှင်မှုအစစ်အမှန်ကို
သေချာသိအောင်လုပ်ပါ။
ညိုတို့အခုနောက်ပိုင်း
အဖြစ်များတဲ့အရာတစ်ခုရှိတယ်...
အဲ့ဒါက ချစ်သူရှိတဲ့သူတွေ ၁၀ယောက်မှာ
၇ ယောက်လောက်က စိတ်ညစ်နေကြတယ်
အဲ့ဒါက ဘာကြောင့်လဲဆိုရင်
ꕤ ချစ်သူကို ဂရုစိုက်ရင်း
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မေ့သွားကြတယ်
ꕤ ချစ်သူ့ရဲ့အကြိုက်ကိုလုပ်ရင်း
ကိုယ့်ရဲ့အကြိုက်တွေကို မေ့သွားကြတယ်
ꕤ ချစ်သူကို ပျော်အောင်ထားရင်း
ကိုယ့်ကိုယ်ကို ပျော်အောင်ထားဖို့
မေ့သွားကြတယ်...
သူများတွေကိုပဲ ဂရုစိုက်နေကြတဲ့အခါ
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ကို မေ့သွားကြတယ်
★ ★ ★ ★ ★
တကယ်ပျော်ရွှင်ချင်တယ်ဆိုရင်
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ...
ညိုတို့ရဲ့ပျော်ရွှင်မှုဟာ
ညိုတို့ရဲ့လက်ထဲမှာပဲ ရှိပါတယ်...
ဒါကြောင့်မလို့ ကိုယ့်ရဲ့ပျော်ရွှင်မှုကို
သူများရဲ့လက်ထဲ မထည့်လိုက်ပါနဲ့
ဖူးသစ္စာညို
(7.6.2024 Friday 12:10 p.m)
Keep Reading