Sandi Cho

Confidenceမှာဆို physical confidenceနဲ့inner self confidenceဆိုပြီးနှစ်မျိုးရှိပါတယ်။ခုဆောင်းပါးမှာတော့ inner self confidenceရှိအောင် ဘယ်လိုနေရမလဲဆိုတာကို အဓိကထား ဝေမျှပေးသွားမှာပါ။
Confidenceမရှိစေတဲ့ အဓိကအကြောင်းအရင်းကတော့ ကြောက်တာပါ။စကားပြောရမှာကြောက်တယ်၊အမှားလုပ်မိမှာကြောက်တယ်၊ကဲ့ရဲ့ခံရမှာကြောက်တယ် အစရှိသဖြင့်ပေါ့။အဲတော့ ချိုတို့အနေနဲ့ confidenceရှိဖို့ဆို ကြောက်စိတ်ကို အရင်ဖျောက်ထားရပါမယ်။
အမှားလုပ်မိမှာမကြောက်ပါနဲ့?
အမှားတွေကနေမှ အမှန်ကိုသိလာရတာပါ။ပြီးတော့ ယူတတ်မယ်ဆို အမှားတွေကနေ သင်ခန်းစာတွေအများကြီး ယူလို့ရတယ်။“အရာရာဟာပိုကောင်းဖို့ဖြစ်လာတယ်"ဆိုတဲ့ စကားလေးကို လက်ကိုင်ထားပြီး အမှားလုပ်လိုက်မိမှာကို မကြောက်ပါနဲ့။
ဝေဖန်ခံရမှာမကြောက်ပါနဲ့❌
ချီးမွန်း ခုနှစ်ရပ်၊ကဲ့ရဲ့ ခုနှစ်ရပ်ဆိုတဲ့ စကားလေးလိုပဲ ကိုယ်ဘယ်လောက်ကောင်းကောင်း အကောင်းမမြင်နိုင်တဲ့သူတွေကေတာ့ရှိနေမှာပါပဲ။အဲတော့ ကိုယ်လုပ်စရာရှိတာသာလုပ်ပါ။ဝေဖန်ခံရမှာတွေးပြီး ကြောက်စိတ်တွေမဖြစ်ပါနဲ့။
Self_respectရှိအောင်နေပါ?
ကိုယ့်ကိုယ်ကိုလေးစားမှုကနေတစ်ဆင့် ယုံကြည်မှုဆိုတာဖြစ်လာတာပါ။အဲတော့self_respectရှိအောင် တစ်နေ့တာမှာ goalအသေးစားလေးတွေလုပ်ပြီး တစ်ဖြည်းဖြည်းချင်းတည်ဆောက်ကြည့်ပါ။
Toxic peopleတွေနဲ့ဝေးအောင်နေပါ‼️
တစ်ခါတစ်လေ ကိုယ့်ဟာကိုယ်တော့အဆင်ပြေနေပေမယ့် ဘေးလူတွေရဲ့ စကားတွေကြောင့် ကိုယ့်ဟာကိုယ်ယုံကြည်မှုမရှိတော့တာမျိုးဖြစ်တတ်ပါတယ်။ဥပမာ_နင်မလုပ်နိုင်ပါဘူး၊နင်ကမတော်ဘူးလေ။အဲလိုnegative စကားတွေပြောတတ်တဲ့ သူတွေနဲ့ရှောင်ပြီး ကိုယ်အရည်အချင်ကို အသိအမှတ်ပြုပြီး အားပေးတတ်တဲ့ ပတ်၀န်းကျင်မှာနေမယ်ဆို ကိုယ့်ရဲ့ ယုံကြည်မှု မြင့်မားလာစေပါတယ်။
နှိုင်းယှဉ်တာတွေရပ်ပါ?
လူတိုင်းမှာအားသာချက်၊အားနည်းချက်ရှိကြပါတယ်။တစ်ခြားသူအားသာနေတဲ့နေရာမှာ ကိုယ်က အားနည်းနေလို့ ကိုယ့်ကိုယ်ကို မတော်ဘူးလို့မသတ်မှတ်လိုက်ပါနဲ့။ကိုယ်တော်တဲ့ အရာတစ်ခုခုတော့ရှိနေမှာပါ။အဲဒါကြောင့် တစ်ခြားသူနဲ့ နှိုင်းယှဉ်တတ်တဲ့ စိတ်ကိုဖျောက်ပါ။
အခြားသူတွေကို ကူညီပေးပါ?
အခြားသူတွေကို ကူညီပေးခြင်းနဲ့ ကိုယ့်ရဲ့မသိစိတ်ထဲမှာ ကိုယ်ဟာ အသုံးချတယ်ဆိုတဲ့ ခံစားချက်ဖြစ်လာစေတယ်။အဲ့ကနေတစ်ဆင့် ကိုယ့်ရဲ့ ယုံကြည်မှုလည်းတိုးလာနိုင်ပါတယ်။
အဆက်မပြတ်လေ့လာပါ?
ယုံကြည်မှုဆိုတာ ကျွမ်းကျင်မှုကနေလာတယ်ဆိုတဲ့စကားလေးကို ကြားဖူးမယ်ထင်ပါတယ်။ကိုယ်တတ်ထားတဲ့အရာတစ်ခုမှာဆို ကျွန်မတို့တွေဟာ ယုံကြည်မှုရှိတတ်ကြပါတယ်။အဲဒါကြောင့် အဆက်မပြတ်လေ့လာနေမယ်ဆို ကိုယ်ရဲ့ အသိဉာဏ်တွေဖွံဖြိုးလာပြီး confidenceမြင့်လာစေပါတယ်။
စာဖတ်ပြီးတော့ အသုံးချပါ?
စာအုပ်တွေကနေ အများကြီးသင်ယူလို့ရပါတယ်။သုတစာပေတွေဖတ်ရင် ကိုယ်မှာပြန်လည်sharingလုပ်စရာအသိဗဟုသုတတွေပေါသလို ရသဖတ်မယ်ဆိုရင် အဲကနေမှတစ်ဆင့် လူတွေနဲ့အဆင်ပြေပြေဆက်သွယ်နိုင်ပါလိမ့်မယ်။
စကားပြောပါ⚡️
စကားပြောရမှာမေကြာက်ပါနဲ့။လူတွေအများကြီးရှေ့မပြောရဲသေးဘူဆို လူနည်းနည်းရှေ့မှာ ပြောကြည့်ပါ။စကားတွေကနေတစ်ဆင့် ကိုယ်ဘယ်လိုလူလည်းဆိုတာထုပ်ပြလို့ရသလို တစ်ခြားသူတွေကိုလည်းအကဲခတ်လို့ရနိုင်ပါတယ်။အဲဒါကြောင့် စကားများများပြောပေးခြင်းနဲ့ confidenceကို တည်ဆောက်လို့ရပါတယ်။
#SandiCho
#inner self confidence
#Photo_crd
Keep Reading