Author's Profile Photo

SarPhat Author

7/06/2024

ရင်တွင်းနာ (အခန်းဆက်ဝတ္ထု

8 mins read
Book Review
Art
18 Again

#ရင်တွင်းနာ
(အခန်းဆက်ဝတ္ထု)
အပိုင်း (၂)
akyiphyu
************************************************
အခန်း(၂)

ဆုံးမသွန်သင်တာလား.....?

အိမ်တွင်း အကြ).*မ်းဖက်တာလား ...?

မိဘက ဆုံးမသွန်သင်နေတာပဲလေဆိုပြီး ...ကလေးငယ်တွေရဲ့ငိုသံတွေကို လျစ်လျူရှုခဲ့ကြတယ်................................

" ဘယ်အချိန်ရှိနေပြီလဲ နင်သိလား...နင်ကတော့ အိမ်မှာအဆင့်သင့်စားသောက်နေပြီးတော့ ...နေ့ခင်းနေ့လယ်ခဏတစ်ဖြုတ်လေး ဆိုင်လာထိုင်ပေးရတာကို မအားဘူးဖြစ်နေတာလား ....အဆော့မမက်နဲ့နော်....အရွယ်မရောက်သေးဘဲ ပိုးမထနဲ့ ..ကြပ်ကြပ်သတိထားနေနော် ကြားလား..."

" ဟုတ်...ဟုတ်ကဲ့ပါ အမေသိန်းနု "

တပေါင်းကြောက်ကြောက်နဲ့ခေါင်းငြိမ့်ပြလိုက်မိတယ်။

" သမီးလေး...နေခဲ့အုံးနော်...အမေ ရေပြန်ချိုုးလိုက်အုံးမယ်နော်..အမေပြန်လာရင် သမီးကို ခေါ်မယ်နော် "

မသိန်းနုကသမီးငယ်လေးရဲ့ ပါးပြင်လေးကိုနမ်းရှိုက်လိုက်ပြီး ဆိုင်ထဲကထွက်သွားခဲ့တယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

" ကြောက်ပါပြီး အဖေရဲ့ ...နောက်ကို မဖြစ်စေရပါဘူး အဖေရဲ့ ...နာလို့ tသပါတော့မယ် "

တပေါင်းနာနာကျင်ကျင်နဲ့အော်ဟစ်ငိုလိုက်ပေမဲ့ ကိုအောင်မင်းက သူ့လက်တွေကိုမရပ်တန့်ဘဲ သမီးဖြစ်သူရဲ့ခြေသလုံးနဲ့တင်ပါးကို ခါးပတ်နဲ့တစ်ချက်ပြီးတစ်ချက်ဆက်ရို*က်နေခဲ့တယ်။

" ဘာခိုင်းခိုင်းအချိုးကိုမပြေဘူး...အိမ်မှာရှိတဲ့ပစ္စည်းတွေလဲ နင်ခွဲပစ်လို့ကုန်တာ....နင် ဖျက်ဆီးပစ်လို့ ကုန်တာ...ကလေးထိန်းခိုင်းရင်လဲ ကလေးမှာဒဏ်ရာ မရတဲ့နေ့ကိုမရှိဘူး ..နင့်ကိုဘယ်နေရာသွားသုံးစားရမလဲ ...နင့်ကိုမနက်က ဘာမှာခဲ့လဲ ...အဲ့ဒီကြက်ဖက ရောင်းဖို့ဆိုင်ထားပြီးသားမို့ ကြည့်နေပါလို့မပြောခဲ့ဘူးလား ..မှာထားတဲ့ကြားက အခုပျောက်သွားပြီ ...အဲ့ဒီကြက်ကဘလောက်တန်လဲနင်သိရဲ့လား တပေါင်း... "

" မ..မသိပါဘူးအဖေ..သမီးကကြက်သားဟင်းလဲမစားဖူးပါဘူး...အဖေနဲ့အမေသိန်းနုပဲစားတာဆိုတော့ အမေသိန်းနုကိုမေးကြည့်ပါ ...ပြီး...ပြီးတော့ သမီးက ကြက်ကိုစောင့်ကြည့်နေတာကို ...အမေသိန်းနုကခေါ်ခိုင်းလို့သွားရတာပါ "

" ဘာ...ဟဲ့...နင်ဘာပြောလိုက်တယ်...ကိုအောင်မင်း ရှင့်သမိးပြောတာကြားတယ်နော်....သူများတွေကြားရင် ..သူ့ကို ထမင်းမကျွေးဘဲထားတယ်ထင်နေအုံးမယ် ...သူ့ကိုခိုင်းတယ်ဆိုတာကလဲ ခဏလေးပါတော်...သူသွားတဲ့အချိန် ကျွန်မကြည့်ထားတာပါ...ကျွန်မဈေးဆိုင်သွားတော့မှပျောက်တာနေမှာပေါ့ ...ရှင့်သမီက လူကကြည့်တော့ အရွယ်မရောက်သေးဘူး...ဈေးထဲကမအေးလှိုင်သား ...ဖိုးဇင်ဆိုတဲ့ကောင်လေးနဲ့ တတွဲတွဲနဲ့ ...တစ်ခုခုခိုင်းလိုက်ရင် ...အဲ့ဒီကောင်လေးနဲ့စကားသွားပြေားနေရော "

အဖြစ်မှန်ကို‌ တပေါင်းရှင်းပြလိုက်ကာမှ ပိုရှုပ်သွားခဲ့ရပြီး မသိန်းနုကဒေါသတကြီးနဲ့ထအော်လိုက်တယ်။မသိန်းနုရဲ့ စကားကြောင့် ကိုအောင်မင်းစိတ်တိုဒေါသထွက်သွားပြီး

" ဘာ...ဘာပြောတယ်... ဟုတ်လား တပေါင်း...နင်ကအရွယ်မရောက်သေးဘူး ဘာအချိုုးချိုးတာလဲ..နွေတပေါင်း နင်တော်တော်ထိန်းမနိုင်ပါလား "

ကိုအောင်မင်းကဒေါသတကြီးဆဲဆိုလိုက်ရင်းနဲ့ ခါးပတ်ကိုထပ်ပြီးမြှောက်ကိုင်လိုက်တယ်။ဒီအခါမှာတော့ တပေါင်းကနေရာမှာဆက်ပြီး ရပ်မနေရဲတော့ပါ။တိုင်ကိုဖက်ထားတဲ့ သူမလက်တွေကိုလွှတ်လိုက်ပြီး အိမ်ပေါက်ဝကနေ တစ်ဟုန်ထိုးပြေးဆင်းလာခဲ့မိတယ်။

" တပေါင်း နင်ဘယ်ပြေးတာလဲရပ်စမ်း..ရပ်လို့်ပြောနေတာ ကြားလား...အေး..မိရင် ဒီထက်ပိုနာမယ်နော်...တောက်...ဒီ ( ....) "

အိမ်ပေါ်ကဆင်းပြေးသွားတဲ့ တပေါင်းနောက်ကို ပြေးလိုက်ရင်းက ကိုအောင်မင်းတစ်ယောက် အော်ဟစ်ဆဲဆိုလိုက်တယ်။ကိုအောင်မင်းကနောက်ကနေ ဒေါသတကြီးနဲ့လိုက်၊တပေါင်းကရှေ့ကနေ ငိုပြီးပြေးနဲ့ ရပ်ကွက်လမ်းကျဉ်းလေးထဲမှာအသံတွေဆူညံသွားတယ်။

တပေါင်းရဲ့ဦးတည်ပြေးရာအရပ်က မိခင်အရင်းရဲ့အစ်မဖြစ်သူအိမ်သို့ဖြစ်လေတယ်။

" တပေါင်း...မပြေးနဲ့လို့ပြောနေတာ မကြားဘူးလား ခွေးမ ရဲ့..နင်‌ေ*သချင်နေတာလား ဟုတ်လား ..ဂန်းနာမရဲ့ "

" အီး..ဟီး ..ဟီး ..ကြောက်ပါပြီ အဖေရဲ့ ..နောက်ကို သမီးသေချာကြည့်ထားပါ့မယ် "

တပေါင်းက အော်ဟစ်ငိုယိုပြီး ကြောက်ကြောက်လန့်လန့်နဲ့ပြေးတာမို့ ကိုအောင်မင်းမှာ ယောက်ျားတန်မဲ့ သမီးဖြစ်သူတပေါင်းကို ဘယ်လိုမှလိုက်လို့မမီဘဲဖြစ်နေခဲ့တယ်။ကိုအောင်မင်းနဲ့ တပေါင်းအဖြစ်ကို ရပ်ကွက်ထဲကလူတွေက ကြည့်ပြီး သက်ပြင်းချကြသူတွေချကြသလို နှာခေါင်းရှုံ့သူတွေလဲ ရှုံ့ကြတယ်။

" အင်း ..ဒီကလေးမလဲ ဝဋ်ကြွေးကြီးပါတယ်...နေ့တိုင်းကိုအရို*က်ခံနေရတာပဲ...ရို*က်တဲ့သူကလဲ မိထွေးမဟုတ်ဘဲ... သူ့ဖအေအရင်းကရို*က်တာဆိုတော့ ...ဝင်ဆွဲလို့်လဲမဖြစ်ဘူး "

အမြင်မတော်သူတစ်ယောက်က စိတ်ပျက်လက်ပျက်နဲ့ပြောလိုက်တယ်။

" အမယ်လေး သွားမဆွဲနဲ့နော်..ကြားသုံးကြားဝင်မပါချင်ပါနဲ့.....သူ့အဖေနဲ့သူ့သမီးအချိန်တန်ရင် ပြန်တည့်ကြမှာ ...မသိသလိုသာနေ...မကြည့်ချင်ရင်မျက်လုံးမှိတ်ထားလိုက်...မကြားချင်ရင်နားပိတ်ထားလိုက်...ဝင်ပါဖို့တော့လုံးလုံးမတွေးနဲ့နော်... သူတို့ကနေ့တိုင်းဖြစ်နေတာ "

သားအဖကြားဝင်ပါချင်သူကို တစ်ယောက်ကတားမြစ်လိုက်တယ်။နောက်တစ်ယောက်ကလဲ ပြေးနေကြတဲ့တပေါင်းတို့သားအဖကိုလှမ်းကြည့်လိုက်ပြီးမှ

" ဟုတ်တယ် ...ဝင်မပါနဲ့...ဒီခေတ်ကလေးတွေလဲ လွယ်တာမဟုတ်ဘူး...သူတို့က မိဘကိုပြန်ခံပြောချင်နေကြတာ ....ကိုယ်နဲ့လဲမဆိုင်ဘူး..မဆိုင်သလိုသာနေလိုက် "

တစ်ယောက်တစ်ပေါက်စကားတွေတီးတိုးပြောနေကြချိန်မှာ တပေါင်းကလဲ သူမတို့ရပ်ကွက်လမ်းအတိုင်းပြေးထွက်ခဲ့ပြီး ကြီးတော်ဖြစ်သူရှိတဲ့ဘေးရပ်ကွက်ဆီကို ပြေးလွှားခဲ့တယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လမ်းပေါ်မှာ အော်ဟစ်ငိုယိုပြီး ပြေးသွားတဲ့တပေါင်းကိုမြင်လိုက်ရတော့ ဖိုးဇင်ကြောင်ပြီးငေးကြည့်နေခဲ့မိတယ်။တပေါင်းကို သူ့အဖေလိုက်ရို*/က်နေတာကိုမြင်ပေမဲ့ ဖိုးဇင်လဲမကယ်နိုင်ပါ။တပေါင်းကိုသနားပေမဲ့ ဖိုးဇင်မကူနိုင်ဘဲ လမ်းပေါ်ကပဲငေးကြည့်နေမိတယ်။ဖိုးဇင်လဲ တစ်ခါတလေဆိုရင် အမေနဲ့အဖေရို/က်တာ နာလွန်းလို့ တပေါင်းလိုပဲ လမ်းပေါ်လျှောက်ပြေးနေရတတ်တယ်။ဒီလိုအချိန်ဆိုရင် ဖိုးဇင်ကိုလဲကူမဲ့သူမရှိခဲ့ဘူး။

" ဖိုးဇင်...နင်ဘာကြည့်နေတာလဲ ..အလုပ်လာလုပ်လေ..ဘာလဲ...နင်လဲပြေးချင်နေတာလား.....နင်ကြပ်ကြပ်သတိထားနော်ဖိုးဇင်...တပေါင်းဆိုတဲ့ဟာမလေးဘယ်လောက်အကြောတင်းလဲရိုင်းလဲတွေ့လား...နင်..အဲ့ဒီဟာမလေးနဲ့အပေါင်းအသင်းမလုပ်နဲ့ကြားလား..ဘယ့်နှယ့် မိန်းကလေးဖြစ်ပြီး ...မိဘကဆုံးမတာကို လမ်းပေါ်ထွက်ပြေးရတယ်လို့ ...အဲ့ဒီလိုအကြောတင်းမျိုးကို အေးလှိုင်ဆီကို တစ်ရက်ပဲပို့ထားကြည့်စမ်းပါ ...တင်းနေတဲ့အကြောကိုလျှော့ပေးလိုက်မယ်....သားသမီးဖြစ်ပြီး မိဘကိုလာမလုပ်နဲ့မရဘူး.....အေးလှိုင်တို့က သားသမီးကိုစည်းကမ်းနဲ့အုပ်ချုပ်တာ...စားစရာမရှိရင်အန်ကျွေးလိုက်မယ်...အချိုးမပြေတော့လာမလုပ်နဲ့ ...တစ်ခါတည်းခြေလက်တွေကို ရို***က်ချိုးပြီး တစ်သက်လုံးရှာကျွေးပစ်လိုက်မယ် "

လမ်းပေါ်ပြေးလွှားနေကြတဲ့ တပေါင်းတို့သားအဖကိုကြည့်ပြီး မအေးလှိုင်ကနှုတ်ခမ်းကိုမဲ့ရွှဲ့ပြီးပြောလိုက်တယ်။

~~~~~~~~~~~~~~~~~~~~~-
တပေါင်းပြေးရလွန်းလို့ မောနေပြီ။အော်ငိုရလွန်းလို့လဲ အသံက မထွက်တော့ဘူး။လမ်းတစ်လျှောက်မှာ ချော်လဲခဲ့တာမို့ ညာဘက်ခြေချင်းဝတ်ကလဲ အထိမခံနိုင်လောက်အောင် နာနေခဲ့တယ်။ " မလိုက်ပါနဲ့တော့ အဖေရယ်လို့ "စိတ်ထဲက ဆုတောင်းနေပေမဲ့ နောက်ကနေပြေးလိုက်လာနေဆဲဖြစ်တဲ့ ဖခင်ကြောင့် တပေါင်းခြေလှမ်းတွေကို မရပ်ရဲဘူး။တပေါင်းတစ်ကိုယ်လုံး အရမ်းကိုနာကျင်နေပြီ။နောက်ထပ် အရို*က်ခံရရင် tသဖို့ပဲရှိတော့တယ်။တဖြည်းဖြည်းနီးကပ်လာတဲ့ ဖခင်ကြီးကို ကြည့်ပြီး ကြီးတော်ဖြစ်သူရဲ့ အိမ်ရှိရာဆီကို တပေါင်းအားကုန်ပြေးသွားလိုက်တယ်။

"ကြီးကြီးရေ...ကြီးကြီး ... တပေါင်းကိုအဖေလိုက်ရို**က်နေလို့ ကယ်ပါအုံး "

" ဟဲ့ ..ဟဲ့ ....ဘာဖြစ်လာတာလဲ တပေါင်းရဲ့ "

တပေါင်းရဲ့အော်သံကြောင့် ကြီးတော်ဖြစ်သူက အိမ်ပေါ်က ပြေးဆင်းလာခဲ့ပြီး တပေါင်းကို လှမ်းမေးလိုက်တယ်။

" အ ..အဖေ ..သမီးကို... လိုက်ရို*က်နေလို့ ကယ်ပါအုံးကြီးကြီးရဲ့ "

တပေါင်းရဲ့ ပြောစကားမဆုံးခင်မှာဘဲ ကိုအောင်မင်းတစ်ယောက် မရီးဖြစ်သူရဲ့ခြံထဲကို ဝင်ရောက်လာခဲ့တယ်။

" ဟဲ့ ..အောင်မင်း ..ဘာဖြစ်တာလဲ ....ကိုယ့်သားသမီးကို ရန်သူလို သဲကြီးမဲကြီးလိုက်ရို*က်နေရလားဟဲ့ "

မရီးဖြစ်သူရဲ့စကားကြောင့် ကိုအောင်မင်းရဲ့ ဒေါသက အထွတ်အထိပ်သို့ ရောက်သွားခဲ့ရတယ်။

'' အေး ..အပြစ်ရှိလို့ လိုက်တာလေ ...ကိုယ့်သားသမီး ကိုယ်ဆုံးမတာဘာဖြစ်လဲ ....နင်တို့ ဝင်မပါနဲ့ ...အေး... သူ့တာဝန်တွေကို တစ်သက်လုံးယူနိုင်တယ်ဆိုရင်တော့ ဝင်ပါလို့ရတယ်နော် ... တာဝန်မယူနိုင်ဘဲနဲ့တော့ နှမ်းလာမဖြူးနဲ့ "

ကိုအောင်မင်းက မရီးဖြစ်သူကို ခပ်ရိုင်းရိုင်းပြန်ပြောလိုက်တယ်။ကိုအောင်မင်းရဲ့ စကားကြောင့် မရီးဖြစ်သူလဲ မျက်နှာပျက်သွားရပြီး

" အေး ....၀င်မပါဘူး ..နင်လဲ ငါ့ခြံထဲက ထွက်သွား...နင်လိုကောင်မျိုးနဲ့ ငါတို့လဲမပတ်သက်ချင်ဘူးဟေ့ ...တပေါင်း...နင်လဲသွားတော့ .... နောက်တစ်ခါကြီးကြီးဆီကို မလာနဲ့နော် ကြားလား ... သူက ဖအေအရင်းပဲ tသအောင်တော့ သ*တ်မှာမဟုတ်ဘူး .."

ကြီးတော်ဖြစ်သူရဲ့ ယတိပြတ်စကားကြောင့် တပေါင်းနေရာမှာ ပုံလျက်လဲကျသွားရတယ်။

"ဂန်းနာမလေး ... ထစမ်း မြန်မြန် ... နင့်အချိုးကို ဒီနေ့ ရအောင်ပြင်မယ် ....ထစမ်း ..ရှေ့ကမြန်မြန်သွား "

ဒေါသတကြီးနဲ့ပြောလိုက်တဲ့ ဖခင်ဖြစ်သူရဲ့အသံကြောင့် တပေါင်း လဲနေရာကထလိုက်ပြီး အိမ်ဘက်ကိုအမြန်ပြန်လျှောက်လာခဲ့တယ်။

~~~~~~~~~~~~~~~~~~~~~~

" ခွပ် ... ခွပ် "

'' မငိုနဲ့ ..အသံမထွက်နဲ့နော် "

ကိုအောင်မင်းက သမီးဖြစ်သူတပေါင်းရဲ့ ခြေထောက်တွေကို ကြိုးနဲ့ချည်ထားလိုက်ကာ ပခုံးနဲ့ လက်မောင်းတွေကို လက်*သီးနဲ့ထိုးချလိုက်တယ်။တပေါင်းက ကြောက်လန့်ပြီးရုန်းရင် ခြေထောက်တွေကို ရို*က်တယ်။ဆေးလိပ်မီးနဲ့တို့တယ်။တပေါင်းမှာ ကြောက်ကြောက်လန့်လန့်နဲ့ ရုန်းကန်နေတာမို့ ခြေချင်းဝတ်တစ်ဖက်က ပွန်းပဲ့ကာthway တွေပင်ထွက်နေခဲ့တယ်။

" အဲ့ဒီကြက်ဖ ဘယ်လောက်တန်လဲ နင်သိလား ....ကြက်ကိုပြန်မတွေ့ရင် ...နင့်ကိုထမင်းမကျွေးဘဲထားမယ်..ခိုးစားဖို့မစဉ်းစားနဲ့ ...ဂြိုဟ်ကောင်မလေး ..ငါ့ကိုဒုက္ခပေးဖို့ လူဖြစ်လာတာ ..တောက် "

ကိုအောင်မင်း မကျေနိုင်မချမ်းနိုင်နဲ့ ပြောလိုက်ရင်းက ရုန်းကန်နေတဲ့ တပေါင်းရဲ့ခြေထောက်တွေကို သံပေတံ စောင်းနဲ့ ဆင့်ကာဆင့်ကာရို*က်လိုက်တယ်။

" ဒုက် ....ဒုက် "

" အား "

" အသံမထွက်နဲ့လို့ ပြောနေတာ မကြားဘူးလား ... မျိုချစမ်း ....ငိုသံလဲ မကြားချင်ဘူး ..ဘာသံမှမကြားချင်ဘူး ...ပါးစပ်ကို ပိတ်ထား "

သရဲသဘက်စီးနေသလိုဖြစ်နေတဲ့ ဖခင်ဖြစ်သူရဲ့ မျက်နှာကိုကြည့်ပြီး တပေါင်းတစ်ကိုယ်လုံး တဆတ်ဆတ်တုန်ယင်နေမိတယ်။

" ဒီနေ့ ...နင့်ကို ထမင်းမကျွေးဘူး ... တစ်ညလုံး ဒီအတိုင်းနေ ..ဘာသံမှ မကြားချင်ဘူးနော် "

" ဘုတ် "

ကိုအောင်မင်း ဒေါသမပြေနိုင်သေးဘဲ သမီးဖြစ်သူကို ခပ်ပြင်းပြင်းတစ်ချက်က *န်ကျောက်လိုက်ပြီး အိမ်ရှေ့ခန်းကို ထွက်ခဲ့တယ်။နောက်ဖေးမီးဖိုခန်းထဲက ချောင်ထဲမှာတော့ တပါင်းတစ်ယောက်တည်းကျန်နေခဲ့တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~

" ဖိုးဇင် သွားစမ်း ....အပျိုကြီး ဆိုင်မှာ အချိုမှုန့်သွားဝယ်စမ်း ... မြန်မြန်သွားမြန်မြန်ပြန်လာနော်... ဆိုင်သိမ်းတော့မှာ..."

" ဟုတ်ကဲ့ပါ အမေ "

မိခင်ဖြစ်သူရဲ့ ခိုင်းစေမှုကြောင့် ဈေးလမ်းနဲ့တစ်လမ်းကျော်က လမ်းမတန်းမှာရှိတဲ့ အပျိုကြီးကုန်ခြောက်ဆိုင်ကို ဖိုးဇင် အပြေးထွက်လာခဲ့လိုက်တယ်။ဈေးလေးထိပ်ကိုရောက်တော့ တပေါင်းတို့ရဲ့ကုန်ခြောက်ဆိုင်လေးကို ဖိုးဇင် ငေးကြည့်မိတယ်။အရင်နေ့တွေကဆိုရင် ည(၇)နာရီကျော်မှ တပေါင်းတို့ဆိုင်က ပိတ်တာ။ဆိုင်ပိတ်ချိန်ဆိုရင် တပေါင်းရောက်လာပြီး သူ့မိထွေးနဲ့ဆိုင်ကူသိမ်းနေကြ။ ဒီနေ့တော့ နေ့လယ်ထဲက ဆိုင်ကိုပိတ်သွားတာ။ ကြားရတဲ့ သတင်းက တပေါင်းအဖေရောင်းဖို့ ယူလာခဲ့တဲ့ကြက်ဖကြီးပျောက်သွားလို့ ဆိုလား။ကြက်ဖကို ခြံထဲမှာ လှောင်ထားပြီး တပေါင်းကိုကြည့်ခိုင်းထားတဲ့ကြားက ပျောက်သွားလို့တဲ့။ ကြက်ပျောက်တာနဲ့ပဲ တပေါင်းကို အတင်းလိုက်ရို** က်နေတာကို ဖိုးဇင်လဲ တွေ့လိုက်တယ်လေ။ပျောက်သွားတဲ့ကြက်ကို ဖိုးဇင်ကူရှာ‌ပေးချင်ပေမဲ့ ဖိုးဇင်လဲလုံးဝကိုမအားတာ။ ဟိုဟာလိုရင် ပြေးဝယ်ပေးရ။ဒီဟာလိုရင် ပြေးဝယ်ပေးရနဲ့ အားတဲ့အချိန်မှာလဲ ပန်းကန်တွေဆေးရတယ်။ မိခင်ဖြစ်သူလှီးထားတဲ့ ပဲပြား၊ အာလူး၊ အသားတုစတာတွေကို တုတ်နဲ့ထိုးပေးရသေးတယ်။ဒီကြားထဲ အငယ်ဆုံးလေးကို ထိန်းပေးရတယ်။မိခင်ဖြစ်သူ အိမ်ကိုပြန်သွားရင်လဲ ဆိုင်မှာဈေးရောင်းပေးရတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~

" ဟာ....ပေါက်ပေါက်ရေ .. ဟေ့ ပေါက်ပေါက် "

ဖိုးဇင်ဈေးဝယ်ပြီးတော့ ထွက်လာချိန်မှာ ဆိုင်ရှေ့လမ်းမှာ သူငယ်ချင်းပေါက်ပေါက်ကို တွေ့လိုက်တာမို့ ဝမ်းသာအားရနဲ့ လှမ်းခေါ်လိုက်မိတယ်။ပေါက်ပေါက်က တပေါင်းတို့အိမ်နားမှာနေတာလေ။

" ပေါက်ပေါက် ..မင်းဈေးလာဝယ်တာလား .....ဒါနဲ့ တပေါင်းအခြေအနေ ဘယ်လိုလဲကွ ...နေ့လယ်က သူအရို**က်ခံနေရတာ မင်းတွေ့တယ်မဟုတ်လား ....အခုရောငြိမ်သွားပြီလား ....အရို**က်ခံနေရတုန်းပဲလားကွ "

" ဪ ..အေး ..နေ့လယ်က တော့ သူအရို**က်ခံနေရတယ်.....သူထွက်ပြေးသေးတယ်လေ ... သူ့အဖေပြန်ဖမ်းခေါ်လာခဲ့ပြီး ...မရို** က်တော့ဘူးထင်တယ် ..ငြိမ်နေတယ်ကွ "
" ဟုတ်လား ...ဒါဆို ကြက်ကိုပြန်တွေ့သွားပြီထင်တယ် "

ဖိုးဇင်ဝမ်းသာအားရနဲ့ ပြောလိုက်မိတယ်။ဖိုးဇင် ပြောလိုက်တော့ ပေါက်ပေါက်ကခေါင်းကို ခါယမ်းလိုက်ပြီး

" မတွေ့သေးဘူးဟ ..သူ့အဖေနဲ့ သူ့အဖေသူငယ်ချင်းလိုက်ရှာနေကြတယ် ..ငါတို့အိမ်ဘက်ကိုတောင် လာရှာသွားသေးတယ်လေ "

" ဟင် .. ဟုတ်လား ...ဒါဆို မတွေ့သေးဘူးပေါ့ ...ဒုက္ခပါပဲကွာ .....တပေါင်းတော့ ထပ်ပြီး အရိုက်ခံရအုံးမယ်ထင်တယ် ..... ငါလဲ ရပ်ကွက်ထဲပတ်ပြီး သူ့အဖေ့ရဲ့ ကြက်ကိုလိုက်ရှာပေးရင် ကောင်းမလားမသိဘူး "

" မင်းလိုက်ရှာမယ်ဆိုရင် ပြောလေ ... ဒီညတော့ မိုးချုပ်နေပြီ ....မနက်ကျမှ လိုက်ရှာကြတာပေါ့ "

" အေး ..အေး ....မနက်ကျရင် ငါ့အမေ့ကို ဝိုင်းကူပြီးတာနဲ့ ငါထွက်လာခဲ့မယ်ကွာ..ငါသွားတော့မယ်နော် "

ပေါက်ပေါက်ကို နှုတ်ဆက်ပြီးတာနဲ့ ဆိုင်ဘက်ကို ဖိုးဇင်ဒုန်းစိုင်းပြီးပြန်ပြေးလာခဲ့လိုက်တယ်။မပြေးလို့လဲ မဖြစ်ဘူး။မိခင်ဖြစ်သူ စိတ်မရှည်တာ၊ဒေါသကြီးတာကို ဖိုးဇင်အသိဆုံးပဲလေ။

~~~~~~~~~~~~~~~~~~~~~~~

ဖိုးဇင်မောကြီးပန်းကြီးနဲ့ ပြန်ပြေးလာခဲ့ပေမဲ့ ဆိုင်ရှေ့မှာ ခါးထောက်ပြီးရပ်နေတဲ့ မိခင်ဖြစ်သူကို တွေ့လိုက်ရတာမို့ ပြေးနေတဲ့ ခြေထောက်တွေတုံ့ခနဲဖြစ်သွားရတယ်။

" လာစမ်း ..လာစမ်း ... tသနာလေး ....ဟိုနားနဲ့ဒီနားကို ပေါ်မလာဘဲ ဘယ်မှာသွားtသနေတာလဲ ...ဆိုင်သိမ်းတော့မယ်လို့ နင့်ကိုပြောလိုက်တာ မကြားဘူးလား .....ကလေးတွေအိပ်ချင်နေပြီဟဲ့ tသနာလေးရဲ့ ...အပြင်ထွက်ရင် ဇောင်းထဲကမြင်းကို လွှတ်လိုက်သလိုပဲ ...အချိန်ရတာနဲ့ အလေလိုက်ဖို့ပဲ တွေးနေတယ်...အသုံးမကျတဲ့ကောင်... မစိန်လှသားတွေနဲ့များကွာပ...ဟိုကလေးတွေများ ..မိဘက တစ်ခွန်းဆိုတစ်ခွန်းပဲ ..မိဘအရိပ်အကဲကိုလဲသိတယ်.... သက်တူရွယ်တူတွေဖြစ်ပြီး နင်ဘာအသုံးကျလဲ ပြော "

" ဘုံး ....ဘုံး "

မအေးလှိုင်က ပါးစပ်က ပြောရင်းနဲ့ ဖိုးဇင်ရဲ့ကျောပြင်ကို လက်ဝါးနဲ့ ခပ်ပြင်းပြင်းနှစ်ချက်ဆင့် ရို**က်လိုက်တယ်။ပြီးတော့ လမ်းမဘက်ကို မျှော်ကြည့်လိုက်တယ်။

" tသနာလေးကလဲ ပြောမရဆိုမရ ....tသနာကြီးကလဲ အချိန်တန်ရင် အိမ်ပြန်မလာချင်ဘဲ အရည်ဆိုင်မှာပဲ အချိန်ကုန်နေတယ် ... တော်တော်လေးစိတ်ပျက်ဖို့ကောင်းတဲ့ဟာတွေ ... အားလုံးကို ထားပစ်ခဲ့ပြီး ထွက်သွားလိုက်ချင်တော့တယ် ...ဟဲ့ ..ဖိုးဇင် ....ဘာငိုင်နေတာလဲ ဆိုင်ကိုမြန်မြန်သိမ်းထားနှင့်စမ်း ...နင့်ပထွေးနောက်ကို ငါ လိုက်သွားလိုက်အုံးမယ် ....ကလေးမနိုးစေနဲ့နော် ..အကြီးမယ် မောင်လေးကို ယယပ်ခတ်ပေးထားလိုက်နော် ... ဖိုးဇင် ...ပစ္စည်းတွေကို လှည်းပေါ် တင်ထားလိုက် ... ပန်းကန်တွေကျမကွဲစေနဲ့နော်...ကျကွဲလို့ကတော့ နင့်ကို အtသသ *တ်မှာ "

" ဟုတ်...ဟုတ်ကဲ့ပါ အမေ "

ကလေးတွေကို မှာပြီးတာနဲ့ အရက်ဆိုင်တွေရှိတဲ့ လမ်းဘက်ကို မအေးလှိုင်ထွက်လာခဲ့လိုက်တယ်။

~~~~~~~~~~~~~~~~~~~~~~~~~~

ခြေချင်းဝတ်ဆီက တဆစ်ဆစ်ကိုက်ခဲနာကျင်နေတာကြောင့် တပေါင်းလန့်နိုးလာခဲ့တယ်။လူကနိုးလာတာနဲ့ တစ်ပြိုင်နက် ခြေချင်းဝတ်ဆီက တဆစ်ဆစ်ကိုက်ခဲနာကျင်နေသလိုဝမ်းဗိုက်ထဲကလဲ တဂွီဂွီမြည်ကာ ဆာလောင်နေခဲ့တယ်။
==================================
အပိုင်း (၃) ဆက်ရန်

A Kyi Phyu
#ဧကြည်ဖြူ

" မင်္ဂလာပါ "

စာချစ်သူများရှင်

#ရင်တွင်းနာ
(အခန်းဆက်ဝတ္ထု) ကိုစာဖတ်ခ 1000 Ksပေးသွင်းပြီး နေ့စဉ်ဖတ်ရှုနိုင်ပါတယ်။

စာဖတ်ခ 1000Ks ပေးသွင်းဖို့ရန်အခြေအနေအခက်အခဲရှိပါကလဲ Free ဖတ်ရှုလို့ရပါတယ်ရှင်
စ/ဆုံး ဖတ်ရှုပြီးမှလဲ စာဖတ်ခကိုပေးသွင်းလို့လဲရပါတယ်ရှင် ....

စာဖတ်သူများကို မေတ္တာရပ်ခံချင်တာက စာဖတ်ခ 1000 Ks ပေးသွင်းနိုင်သူများအနေဖြင့်စာဖတ်ခပေးသွင်းပေးပါရန်နှင့်
အခန်းဆက်ဝတ္ထုမှာလဲရေးသားထားပြီးသော ဝတ္ထုမဟုတ်ပါဘူးရှင် ..
နေ့စဉ်ရေးသားပြီးတစ်ပိုင်းစီတင်ပေးသွားမှာဖြစ်ပါတယ်...
စာဖတ်ခကို KPay (or) Wave နဲ့ ပေးသွင်းလို့ရပါတယ်

A Kyi phyu မှာ Paid group မရှိပါဘူးနော်
ငွေအများကြီးပေးလဲ စ/ဆုံး ပေးဖတ်စရာမရှိပါဘူးရှင်
တစ်နေ့တစ်ပိုင်းပဲ ရေးပြီး
ရေးပြီးတာနဲ့တင်တာပါ

စာဖတ်ခ 1000 ကျပ်ကိုလဲ စ/ဆုံး ဖတ်ပြီးမှ ဇာတ်လမ်းကြိုက်မှလဲ ချီးမြှင့်လို့ရပါတယ်

ငွေပို့ထားတဲ့ ss ပြပြီး စ/ဆုံး Link လာတောင်းရင် A Kyi မျက်နှာပူလို့ပါရှင်

ပေးသွင်းရမည့် အကောင့်များမှာ
KPay
09773745413
Lai Lai Win

Wave
09773745413
Lae Lae Win ဖြစ်ပါတယ်

အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်

#AKyiPhyu
#ဧကြည်ဖြူ

(၁)
https://www.facebook.com/100067151540690/posts/734556598792718/

Keep Reading

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးလိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ မေတ္တာမဏ္ဍိုင်ရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)