Author's Profile Photo

SarPhat Author

28/08/2023

လူငယ်များမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အထီးကျန်မှုတွေကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မယ့် အချက် (3)ချက်

2 mins read
Life Style
Personal Development
Health
လူငယ်များမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အထီးကျန်မှုတွေကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မယ့် အချက် (3)ချက်  's photo

အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့လေးမှာတော့ လူငယ်များအနေဖြင့် အခြေအနေအမျိုးမျိုးကြောင့် အထီးကျန်ခြင်းခံစားရတဲ့ အခါမျိုးမှာ မိမိရဲ့ ခံစားချက်တွေကို လိုက်လျောညီထွေ ထိန်းသိမ်းထားနိုင်ဖို့အတွက် ထိရောက်စွာ ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းများကို
မျှဝေပေးသွားမှာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ Ipsos Organization ရဲ့ သုတေသနပြုချက်များအရ 18-25 နှစ်အကြား လူငယ်များက အထီးကျန်ခြင်းကို အများဆုံးခံစားရတဲ့ အသက်အရွယ်များ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အထီးကျန်ခြင်း ခံစားမှုများကြောင့် Cortisol level မြင့်မားမှုကို​ဖြစ်စေတဲ့အတွက် Anxiety များခြင်း ၊
Depression ဝင်ခြင်း ၊ ကိုယ်ခံအားစနစ် အားနည်းလာ​ခြင်း ၊ကိုယ်အလေးချိန်လျော့ကျခြင်း စတဲ့ ကျန်းမာရေးချို့ယွင်းမှုများ ကြုံတွေ့ရတတ်ပါတယ်။

ဒါဆိုရင် ယခုလို အထီးကျန်ခြင်း ခံစားရတဲ့အခါမျိုးမှာ ဘယ်လို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မလဲ ဆိုတာကို လူငယ်များအတွက်အောက်ပါ အချက်လေး (၃) ချက် ကို မျှဝေလိုက်ပါတယ်။

? Self-Reflection နှင့် Mindfulness
အလေ့အကျင့်များ မွေးမြူခြင်း။

အထီးကျန်ခြင်းဆိုတာက မိမိကိုယ်ကို အဆိပ်အတောက်ဖြစ်စေတဲ့ ခံယူချက်များ နဲ့ကိုယ့်ရဲ့ ယုံကြည်ချက်များကို ကန့်သတ်ထားမိတဲ့အခါမျိုးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုဖြစ်ပါတယ်။

ဒါကြောင့် အထီးကျန်ခြင်းခံစားချက်များကို လျှော့ချနိုင်ရန်အတွက် Meditation လုပ်ဆောင်ခြင်း၊ အသက်ရှုလေ့ကျင့်ခန်းများပြုလုပ်ခြင်း တို့ကို လေ့ကျင့်ထားခြင်းဖြင့် မိမိရဲ့ခံစားချက်များနှင့် အတွေးများကို ပိုမိုသိရှိနားလည်လာပြီး အထီးကျန်မှုကိုဖြစ်စေတဲ့ Negative Self-talk များကို ကျော်လွှားနိုင်ကာ မိမိရဲ့ စစ်မှန်တဲ့ပုံရိပ်များကို ပြန်လည်ပုံဖော်စေနိုင်ပါတယ်။

ဒါ့အပြင် Self-Reflection များ ပုံမှန်ပြုလုပ်ခြင်းဖြင့်
မိမိရဲ့ လိုအပ်ချက်များ၊ ဆန္ဒများနှင့် ရည်မှန်းချက်များကို ရှင်းလင်းစွာ သိမြင်စေတဲ့အတွက် ယုံကြည်ရာ အိပ်မက်များကိုအကောင်အထည်ဖော် လုပ်ဆောင်နိုင်ဖို့အတွက် များစွာကူညီပေးနိုင်ပါတယ်။

? Network ချဲ့ထွင်ခြင်း

ဒုတိယတစ်ချက်အနေဖြင့် မိမိရဲ့Passion ၊ စိတ်ဝင်စားမှု ၊ ဝါသနာများနှင့် ကိုက်ညီတဲ့ Language clubများ ၊ Seminar များ ၊ Event များ တက်ရောက်ခြင်းဖြင့် မိမိအတွက် အကျိုးရှိစေတဲ့ လူမှုဆက်ဆံရေးတွေကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။

ဒါ့အပြင် မိမိရဲ့ ရည်မှန်းချက်များနဲ့ Personal Branding တွေကို မြှင့်တင်ဖို့အတွက် Volunteering, Program ၊ Internship ၊ Organizations များမှာ ပူးပေါင်းပါဝင်ခြင်းဖြင့် ဝါသနာတူမိတ်ဆွေများနှင့်တွေ့ဆုံနိုင်ပြီး မိမိအတွက် အကျိုးရှိစေမယ့် Networking တည်ဆောက်ဖို့အတွက်
အထောက်အကူဖြစ်စေပါတယ်။

ယခုလို Passion ၊ ခံယူချက်များတူညီတဲ့
မိတ်ဆွေများနှင့် ပူးပေါင်းဆောင်ရွက်ကာ Networking ချဲ့ထွင်ခြင်းဖြင့် အထီးကျန်မှုများကို
လျှော့ချနိုင်ကာ Social Media ကို အကျိုးရှိစွာ
အသုံးချနိုင်မှာဖြစ်ပါတယ်။

? Mental health Professional များရဲ့ အကူအညီရယူခြင်း

အထီးကျန်မှုဆိုတာက ခံစားရသူများကို အလွန်နာကျင်စေပြီး စိတ်ကျန်းမာရေးကို ထိခိုက်စေတဲ့ ​ပြင်းထန်တဲ့ စိတ်ခံစားမှုတစ်ခုဖြစ်တာကြောင့် အထီးကျန်မှုများ ပိုမိုဆိုးရွားစွာ လွှမ်းမိုးလာပါက Professional များရဲ့ အကူအညီကို ရယူရန် အရေးကြီးပါတယ်။

Mental Health Professional များက အထီးကျန်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းကို အခြေခံပြီး ရှာဖွေဖော်ထုတ်ပေးနိုင်တဲ့အပြင် အခုလို အထီးကျန်ခြင်း ခံစားချက်တွေကို ဖြတ်ကျော်နိုင်မယ့် ထိရောက်တဲ့ နည်းလမ်းကောင်းတွေကို မျှဝေကူညီပေးနိုင်ပါတယ်။

အခုဆိုရင်တော့ လူငယ်များမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့
အထီးကျန်ခြင်းကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းတွေကို သိရှိသွားကြပြီလို့ ထင်ပါတယ်။

ဒါကြောင့် လူငယ်များအနေဖြင့် အထီးကျန်ခြင်းခံစားရတဲ့အခါမျိုးမှာ ဒီအချက်​​လေးတွေကို လက်​တွေ့စမ်းသပ် အသုံးချကြ​ည့်ဖို့ တိုက်တွန်းရင်း မိမိတို့ရဲ့အိပ်မက်များကို
တစိုက်မတ်မတ်လုပ်ဆောင်သွားနိုင်ဖို့အတွက်တစ်စုံတစ်ရာအကျိုးရရှိစေဖို့ ရည်ရွယ်ကာ မျှဝေလိုက်ရပါတယ်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်