Author's Profile Photo

SarPhat Author

6/06/2024

ရင့်ကျက်အောင်ဘယ်လိုနေ ထိုင်ရမလဲ

1 min read
Life Style
Personal Development
Startup


ရင့်ကျက်အောင်အောင်ဘယ်လိုနေရမလဲဘယ်လိုထိုင်ရမလဲမ
ပြောခင်ဆရာကြီးဉီးအောင်သင်းစကားနဲ့စတင်ချင်ပါတယ်
အဲ့တာက လူတစ်ယောက်ရင့်ကျက်တယ်မရင့်ကျက်ဘူးဆိုတာ"အသက်နဲ့လည်းမဆိုင်ဘူးပျော်ပျော်နေတတ်တာ ခပ်တည်တည်နေတတ်တာနဲ့လည်း မဆိုင်သလို ဘွဲ့ဘယ်နှခု ရထားတယ်ဆိုတာနဲ့လည်း မပတ်သက်ဘူး" တဲ့
အဲ့စကားကသိပ်မှန်တာဘဲ စာဖတ်သူလေးတို့ကော ဘယ်လိုယူဆလဲ
မှန်ကန်ရဲ့လား ကျွန်တော်အတွက်တော့ သွေးထွက်အောင်မှန်ကန်ပါပေတယ်
တကယ့်တော့ လူတစ်ယောက် ရင့်ကျက်တယ်ဆိုတာ တစ်ခြားသူတွေရဲ့အမြင်တစ်ခြားသူတွေရဲ့ အတွေးခေါ်တွေကို ဖြည့်တွေးပေးတာလို့ ခေါ်တာပါ
အဲ့ဒါဆို ရင့်ကျက်အောင်ဘယ်လိုနေမလဲ စာကိုအဆုံးထိဖတ်ကြည့်လိုက်ပါ

(၁) ကိုယ်ချင်းစာစိတ်ထားပါ
သင်ဟာလူတစ်ယောက်အပေါ်တိရစ္ဆာန်တစ်ကောင်အပေါ်ကိုယ်ချင်းစာစိတ်ထားပါ။ ကိုယ်ချင်းစာစိတ်ရှိဖို့ ဆို သင့်စိတ်ထဲမာ ကိုယ်ချင်းစာစိတ်ရှိဖို့နေဖို့ပါဘဲ

(၂) ဖြစ်ပေါ်လာတယ့်ကိစ္စအရာရာတိုင်းကိုခေါင်းအေးအေးထားပါ
ပြသနာတစ်ခုဖြစ်ပေါ်လာလို့ စိတ်ထဲရှိတာလုပ်တာ စိတ်မြန်လက်မြန်လုပ်တာ ဘာမှမစဉ်းစားဘဲလုပ်တာ မျိုးမဖြစ်စေနဲ့ ဖြစ်လာတယ့်အရာရာတိုင်းကို ခေါင်းအေးအေးထားပြီးစဉ်းစားပြီးလုပ်ခြင်းဖြင့်သင့်ကိုယ်သင်ရင့်ကျက်တယ့်သူဖြစ်လာစေတယ်

(၃) ကိုယ်စိတ်ကိုကိုယ်ထိန်းချုပ်နိုင်အောင်ကြိုးစားပါ
ကိုယ်စိတ်ကိုထိန်းချုပ်ဖို့ဆိုတာအပြောလွယ်သလောက်လုပ်ရခက်တဲ့အရာထဲပါတယ် စိတ်တိုတိုင်း ဒေါသထွက်တိုင်း သင်လုပ်ချင်ရာသာလုပ်နေရင် သင်ဟာကလေးတစ်ယောက်နဲ့တူသွားစေတယ် တစ်ခူခူဖြစ်လာတိုင်း စိတ်ကိုမထိန်းနိုင်သ၍ သင်ရင့်ကျက်သူမဖြစ်လာနိုင်ပါ ဒါကြောင့်စိတ်ကိုထိန်းခြင်းအားဖြင့်ရင့်ကျက်အောင်ကြိုးစားကြည့်ပါ

(၄)အကောင်းဘက်ကများများတွေးပါ
ဘာကိုပဲဖြစ်ဖြစ်ဘာကိစ္စဘဲဖြစ်ဖြစ် မကောင်းတဲ့ဘက်ကပဲတွေးပြီး စိတ်ပူတာ၊ စိုးရိမ်ဒေါသထွက်တာမျိုးက ရင့်ကျက်တဲ့သူတွေရဲ့ အလုပ်မဟုတ်ပါဘူး။ အကောင်းဘက်ကများများတွေးပြီး စိတ်ကောင်းထားပါ။

(၅) ဖြစ်သင့်တဲ့အရာတွေကိုသာတွေးတောဆင်ခြင်ပါ
တစ်ချို့ကရှိတယ် မဖြစ်လာတဲ့အရာတွေတွေးပြီးစိတ်ညစ်နေတာတို့ ဖြစ်ပြီးသားအတိတ်ကအရာတွေ ပြန်တူးဆွနေတာကို အဲ့လိုတွေမလုပ်သင့်ပါဘူး လောလောဆယ်သင့်ရှေ့မှောက်ဖြစ်ပေါ်လာမယ့်အရာတွေသာတွေးတောခြင်းဖြင့်သင့်ကိုယ်သင့်ရင့်ကျက်စေပါတယ်

Eric 6/6/2024 17:10 PM

https://t.me/KnowledgeHeavenByEric

Keep Reading

ဒေါင်လိုက်ဒရာမာ (Vertical Drama)အချိန်ဆွဲတာကိုကုစားမယ် ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း