Author's Profile Photo

သင်္ကေတ

6/06/2024

June 5

1 min read
General Knowledge
18 Again
June 5's photo

စာဖတ်သူလေးတွေရေ..."ဒီနေ့ ဘာနေ့လဲ သိကြလား"
အဖြေကတော့...
ဒီနေ့ ဇွန်လ ၅ ရက်နေ့၊ World Environment Day ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ပဲဖြစ်ပါတယ်။

ကျွန်မလူတွေက ကျန်းမာရေးအမျိုးမျိုးကြောင့် နေမကောင်းဖြစ် ဖျားနာကြသလို ကျွန်မတို့ ကမ္ဘာကြီးကလည်း ဖျားနေပါတယ်၊ ဘာကြောင့် ဖျားနာနေတာလဲ ဆိုတာသိကြဖို့လိုပါတယ်၊ သိရင် ဝိုင်းဝန်းကုသပေးဖို့ကလည်း အဓိက လိုအပ်ပါတယ်။

World Environment Day  ဖြစ်ပေါ် လာပုံ

World Environment Day
(WED)ကို 1973 ခုနှစ် June လ ၅ရက်နေ့မှာ United Nations Environment Programm ကနေ စတင်ခဲ့တာဖြစ်ပြီး နိုင်ငံပေါင်း ၁၅၀ မှ လူသန်းပေါင်းများစွာကလည်း ပါ၀င်ဆင်နွှဲခဲ့ကြပါတယ်

World Environment Day မှာ

  • သစ်ပင်များစိုက်ခြင်း?
  • အမှိုက်ကောက်ခြင်း ?
  • ပင်လယ်ကမ်းခြေများတွင်သန့်ရှင်းရေးလုပ်ခြင်း အစရှိတဲ့ Campaigs တွေကိုပြုလုပ်ကြပြီး

Online များမှလည်း Meeting များပြုလုပ်ပြီး ကမ္ဘာကြီးကိုထိန်းသိမ်းဖို့ နှိုးဆော်ကြပါတယ်။

▫️ ဒီနေ့ ၂၀၂၄ ခုနှစ် ဇွန်  လ ၅ရက်နေ့အထိ World Environment ကို ကျင်းပ လာတာဆိုရင်  ၅၂နှစ်မြောက်အထိရှိခဲ့ပြီဖြစ်ပါတယ်
▫️ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို နှစ်စဥ်နှစ်တိုင်း မတူညီတဲ့ဆောင်ပုဒ်များနဲ့ နိုင်ငံပေါင်း ၁၄၃ နိုင်ငံကျော်မှာ ကျင်းပလေ့ရှိကြပြီး ၂၀၂၄ ခုနစ်အတွက် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ရည်ရွယ်ချက်က Land Restoration, , Desertification AND Drought Resilience (မြေဆီလွှာ ထိန်းသိမ်းတတ်ရန်၊ ကြုံတွေ့နေရတဲ့ သဲကန္တာရ ပေါများမှုနှင့်မိုးခေါင်မှု ကို တားဆီးနိုင်ရန်) ဖြစ်ပါတယ်။
၂၀၂၃ခုနှစ်မှာတုန်းက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ရဲ့ရည်ရွယ်ချက်ကတော့ "Beat Plastic Pollution" "ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုများကို အတတ်နိုင်ဆုံး လျှော့ချနိုင်စေဖို့" ဖြစ်ပါတယ်။
၂၀၂၂ခုနစ်မှာ "Only One Earth" "သဘာဝနဲ့လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်ခြင်း" ပဲဖြစ်ပါတယ်။

ကျွန်မတို့က ကမ္ဘာကြီးအောက်မှာ နေထိုင်နေကြတဲ့လူတွေပါ၊ ကျွန်မတို့ လူသားတွေကြောင့် ကမ္ဘာကြီး ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးဝာာပဲဖြစ်ဖြစ် ကျွန်မတို့ ခံစားကြရမှာပါ၊ လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းက ကမ္ဘာကြီးကို ထိန်းသိမ်းကာကွယ်ဖို့ အရေးကြီးပါတယ်။

"Look deep into the nature, and then you will understand everything better."
_ Albert Einstein


Albert Einstein ကလည်း ပြောခဲ့တာရှိပါတယ်၊ လောကသဘာဝကြီးကို နက်နက်နဲနဲ မြင်အောင်ကြည့်ပါ၊ အဲ့ဒါဆို မင်း အရာအာလုံးကို ပိုပြီး နားလည်လာပါလိမ့်တဲ့။


အခုလိုမျိုး ရက်ကျရောက်လာမှလုပ်တာမျိုး မဟုတ်ဘဲ နေ့ရက်တိုင်းကိုယ်တတ်နိုင်ရာနေ လုပ်ဖို့ ရေးသားလိုက်ပါတယ်၊
(အခုလိုရက်တစ်ရက်ထဲက စာရေးသူ ဆိုလိုခြင်းမဟုတ်ပါ၊ တခြားသောရက်များမှာလည်း အတူတူသာဖြစ်ပါသည်)

World Environment Day အကြောင်းကို အကျဉ်းချုပ်ဖော်ပြလိုက်ပါတယ်၊ ရက်ကို မေ့နေသူများလည်း သတိရသွားမယ်လို့ မျှော်လင့်ပါတယ်။

စာဖတ်သူများအား ထာဝစဉ်လေးစား လျှက်....

June 5 Wednesday 2024
9PM (@Ag) ✍?
#Landrestorationdesertificationanddroughtresilience

Keep Reading

နည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအချိန်ဆွဲတဲ့အကျင့်ဆိုး"စကားချိုသာလျှင် လိုရာကိုရသည်"ဒေါင်လိုက်ဒရာမာ (Vertical Drama)ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအင်တာနက်နဲ့ လူနေမှုဘဝ လိုမှသုံးပါရှောင်တာက ကြောက်ခြင်းမဟုတ်