Author's Profile Photo

SarPhat Author

6/06/2024

The Subtle Art of Giving Up - with people

1 min read
Life Style
Personal Development
18 Again
The Subtle Art of Giving Up - with people's photo


လူတစ်ချို့နဲ့ ဆက်ဆံရတာ ပင်ပန်းလာလား။

လွှတ်ချလိုက်။

ငါလည်း အရင်က ပင်ပန်းတာနဲ့ ဖြတ်တာ၊ ဘာလား၊ အပျော်လား၊ စရိုက်ဆန်တယ် တွေးတယ်။ ကိုယ်က အရင် မျှော်လင့်အောင်တော့မလုပ်နဲ့ပေါ့၊ စွဲအောင်လုပ်ပြီးမှ စကားတွေအလွယ်ပြော ကစားတာတော့ တကယ်စရိုက်ဆန်တာပေါ့။

တစ်ချို့ကျတော့လည်း ဒီဆက်ဆံရေးမှာ တည်တည်ကြည်ကြည် ရှိနေရက်နဲ့ ငါတွဲပြတ်ကြီး အဖြစ်မခံနိုင်လို့ သည်းခံရတာတွေလည်းရှိတယ်။

ဘယ်သူမှ ဘယ်သူ့ကို နေရာတကာ လိုက်မထိန်းသင့်ဘူး သိလား။

ကိုယ်လည်း ကိုယ့်လွတ်လပ်မှုတော့လိုချင်တာပေါ့။ အရမ်းတွေကစားရင်တော့ ကစားတဲ့သူ အဆိုးပဲရယ်။

အခုဟာက အဲ့လိုချောင်ပိတ်မိနေတဲ့သူတွေရှိတယ်ကွာ၊ ကိုယ်က ကိုယ့်ကိုယ်ကိုယ် လေးစားလို့ ဒီ relationship တစ်ခုကို ရေရှည် တစ်စိုက်မတ်မတ်ဖြစ်ချင်ပေမယ့်

ဟို လဒတွေက သူ့မျိုးတူ ဘယ်သူနဲ့မှ မပြောနဲ့တွေ၊

ဘာမတင် ညာမတင်နဲ့တွေ၊

ချစ်လို့အမည်ခံ manipulat လုပ်ပြီး ပျော်အောင်လည်း ထားတယ်။ တစ်ပြိုင်တည်း မွန်းကြပ်တာကို ပျော်လာအောင်လည်း လုပ်ပေးတယ်။

ကိုယ်ကိုယ့်ကိုယ် အရင်ကလိုမဟုတ်တော့ဘဲ၊ သူလေးကြောင့်ပဲ အရမ်းပျော်ရ၊ သူလေးကြောင့်ပဲ ဝမ်းနည်းတတ်နေပြီဆို ထွက်ခဲ့သင့်တဲ့ လဏ္ခဏာပဲ။


လူတစ်ယောက်ကို ကိုယ့်စိတ်ထဲ အဲ့လောက်နေရာပေးမိတာ ပြဿနာရှယ်တက်မှာနော်။

လူတွေဆီက ပျော်နေရသရွေ့ ကိုယ့်အိပ်မက်တွေလည်း တကယ်ချရဲမှာမဟုတ်ဘူး၊ အဲ့ အတွေးထဲက လဒ စိတ်ပူလို့ မကောင်းဘူးပြောတာနဲ့ပဲ 'ဟုတ်ကဲ့ ကိုကို' လုပ်ပြီး ကိုယ့် potential တွေဖြုန်းပစ်တဲ့ silent losers, happy gf တွေအများကြီး။


လိုလို့လား။

တကယ်ရော သူရှိမှ ဖြစ်မှာလား၊

မွေးကတည်းက သူနဲ့မတွေ့ခင်ထိရော နေပျော်လာတာပဲမဟုတ်လား။

အခုမှ သူမရှိရင် မနေတတ်တော့တာ တစ်ခုခုလွဲနေပြီ မထင်ဘူးလား။

မလိုပါဘူးဟ အဲ့လောက်ကြီး ဦးခိုက်စရာ။ ကိုယ်လည်း အစွမ်းအစနဲ့ လုပ်နိုင်တဲ့သူပဲ။


ကိုယ်အိပ်မက်တွေပြောပြရင်း အောင်မြင်တာတွေရှိဖူးတာပဲ၊

ကိုယ့်ဝါသနာတွေလုပ်ရင်း၊ ကိုယ့်အိပ်မက်တွေဆီ လျှောက်ရင်းလည်း တကယ်ပျော်ရွှင်မှုကိုရနိုင်ပဲဟာ။


နောင် အသက်တွေကြီးလာရင် ငယ်တုန်း သန်တုန်းမှာ ငါမစွန့်စားလိုက်ရလေခြင်းလို့ပဲ နောင်တရမှာ။


အခု ဘေးက လဒ လား။ ဝေးသေး၊ သူ့ထက်ကောင်းတာနဲ့ တွေ့ပြီး အိပ်မက်တွေတူတူမက်ရင်း ပျော်နေမှာပါ။






Keep Reading

အာရုံစူးစိုက်မှုစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါင်လိုက်ဒရာမာ (Vertical Drama)ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတာကိုကုစားမယ် စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်