Author's Profile Photo

SarPhat Author

6/06/2024

ကိုယ့်ချစ်သူကို ရင်ခွင်ထဲ ထည့်ထားရသလို ခံစားသွားရစေမယ့် ရေမွှေးစွတ်နည်း?

2 mins read
Life Style
Art
ကိုယ့်ချစ်သူကို ရင်ခွင်ထဲ ထည့်ထားရသလို ခံစားသွားရစေမယ့် ရေမွှေးစွတ်နည်း?'s photo

ရေမွှေးဆိုတာ အများအားဖြင့်တော့
ကိုယ်ကြိုက်တဲ့ ရနံ့လေးကိုသာ
ရွေးဝယ်သုံးကြတာ ပေမယ့်

ကိုယ့်ချစ်သူ အမြဲသုံးတတ်တဲ့
ရေမွှေးရနံ့လေးကိုရော ကိုယ့်ကိုယ်ပေါ်မှာ
ယူဖြန်းကြည့်ဖူးလား

တကယ်လို့ မလုပ်ဖူးသေးဘူးဆိုရင်
အရင်ဆုံး စမ်းစွတ်ကြည့်ရမယ့် နေရာက
ကိုယ့် ရင်ဘတ်‌နားလောက်ကိုပါ

ဒါမှ ကိုယ့်ရဲ့ဝင်သက်ထွက်သက်တိုင်းမှာ
ရင်ခွင်ထဲရောက်နေတဲ့ ကိုယ့်ချစ်သူရဲ့
ကိုယ်သင်းနံ့လေးကို ခံစားမိနေမှာ

ရနံ့တွေဆိုတာ ဘယ်ချိန်မှာပဲရရ
အဲ့အငွေ့အသက်နဲ့အတူ တွဲမှတ်မိထားတဲ့

အခိုက်အတန့်တိုင်းကို ချက်ချင်း
ပြန်ခံစားကြည့်လို့ရတာမျိုး မဟုတ်လား

အဲ့ဒါကြောင့်မို့ တစ်ချို့ဆို
ဒီအချိန်မှာ ဒါလုပ်ရမယ်ဆိုတဲ့
အလေ့အကျင့်မျိုး ဖြစ်အောင်

တစ်ခုခုအာရုံစိုက်လုပ်ရတဲ့ အခါတိုင်း
Scented candles လေးထွန်းထားပြီး
အဲ့အနံ့လေး ရနေတိုင်းမှာ ကိုယ့်ရဲ့

သိစိတ်ကို ဒါလုပ်ရမယ်လို့
အသားကျ စေတာမျိုးတွေ
လုပ်ကြတာလည်း ရှိပါရဲ့

နောက်ပြီး ..
ရနံ့တွေရဲ့ သိမ်မွေ့မှုကို
ခံစားတတ်တဲ့ စိတ်ကလည်း
လူနည်းစုပဲ သေချာလုပ်နိုင်တဲ့
ကိစ္စတစ်ခု မဟုတ်လား

ဒီလိုဆို.. ကိုယ်ရဲ့
အာရုံခံ အစိတ်အပိုင်းလေးတွေကို
လာထိတွေ့မယ့် အငွေ့အသက်တွေဟာ
ဆပ်ပြာဆီနံ့လိုမျိုး ဖြစ်မနေစေဖို့

စစ်မှန်တဲ့ရနံ့တွေဟာ "ဒီလိုမျိုးပါလား"
ဆိုတဲ့ အတွေ့အကြုံတွေဆီကို

Luci's Perfume Journey က
ထူးခြားတဲ့ အသွင်အပြင်လှိုင်းလုံလေးတွေနဲ့
ခေါ်ဆောင်ပေးသွားပါလိမ့်မယ်

ရနံ့တွေဟာ စကားလုံးတွေကနေ
တစ်ဆင့်လည်း ခံစားလို့ရကြောင်း

Page Admin ရဲ့ ရေမွှေးကောက်ကြောင်း
ကြေပုံကြောင့် ရုပ်ဝတ္ထုမရှိတဲ့ ရနံ့တွေရဲ့
အလှအပကိုတောင် သိနိုင် မြင်နိုင်ကြောင်း

Page မှာ ရိုက်တင်သမျှပုံတိုင်းမှာ
ရေမွှေးရဲ့ဟိတ်ဟန်ဟာ နည်းနည်းလေးမှ
ညှိုးငယ် မနေပါကြောင်း

ဘယ်သွားသွား ကိုယ်နဲ့အတူ
ခေါ်သွားချင်တဲ့ ချစ်သူလေးတော့
တစ်ယောက်တည်း ရှိတာဆိုပေမယ့်

ဘယ်သွားသွား စွတ်သွားချင်တဲ့
ရေမွှေးကတော့ တစ်ခုထက် မကဘူးလေ

ဆိုတဲ့ အဝတ်အစားနဲ့ သွားမယ့်နေရာနဲ့
လိုက်ဖက်ချင်သူတွေ အတွက်

စမ်းချင်သလောက် မှာယူစမ်းလို့ရမယ့်
Decant bottle လေးတွေကိုလည်း
သပ်သပ်ရပ်ရပ် ခွဲထည့်ပေးပါကြောင်း

နောက်ဆုံး ပညာရနံ့လေးပဲ
မက်မောပါတယ် ဆိုတဲ့သူတွေတောင်
အကြိုက်တွေ့ သွားစေရမယ်လို့

"The White" ကနေ
Highly recommended
လုပ်လိုက်ရပါတယ်

အားလုံးပဲ မင်္ဂလာပါ ✨
The White writes Creations ရဲ့
Founder "the White" ဖြစ်ပါတယ်

မှတ်ပုံတင်ထဲက နာမည်ကတော့
"Phoo Pyae Sone" လို့ခေါ်ပြီး
စာတွေရေးသားလျက် ရှိပါတယ်

Luci's Perfume Journey နဲ့
"the White" တို့ရဲ့ Story လေးက ဒီလို..

ကိုယ်က အနံ့တွေကို Sensitive
ဖြစ်တတ်လွန်းတဲ့ သူမို့

အငွေ့အသက်တွေကို ရှောင်တိမ်း
နေခဲ့တဲ့အထဲမှာ ပါတယ်ရယ်

တစ်နေ့တော့ အဲ့လိုပဲ ဟိုရှာ ဒီရှာ
ဟိုလှန် ဒီလှောနဲ့ ဒီ Page ဆီကို
ဆိုက်"မြိုက်" ရောက်သွားပါလေရော

တကယ်တော့ ကိုယ်စိတ်မဝင်စားတဲ့
အကြောင်းအရာ လိုမျိုးကိုတောင်
See more နှိပ်ပြီး ဆက်ဖတ်တယ်ဆိုတာ

ရေးသား တင်ဆက်ပြပုံက
ဆွဲဆောင်နေလို့သာ မဟုတ်လား

ဒီမှာဆိုလည်း ကြည့်ပါဦး
ရေမွှေးတွေနဲ့ ပတ်သက်သမျှ
ဒီဇိုင်းကာလာ ဘာညာအနေအထားကို
စကားလုံးတွေနဲ့ ဖော်ပြနေတာတဲ့

"OMG ဒီလိုအနံ့မျိုးတွေဆိုတာ
ကိုယ်တစ်ခါမှ မရဖူးသေးတဲ့
ကဏ္ဍမှာ သပ်သပ်ရှိနေပါရောလား"

ဆိုတဲ့ အတွေးနောက်မှာ..
ရနံ့တွေကို ရင်ခုန်တတ်တဲ့
စိတ်ကလေးက ရင်ထဲ
ကိန်းအောင်းလာပါတော့တယ်

ဒီလိုနဲ့ .. ဘယ်သူဘယ်ဝါ ရေးနေမှန်း
မသိတဲ့ ကာလတစ်ခုကနေ ခုချိန်ထိ

တင်သမျှ လိုက်ငမ်းရ ဖတ်ရတဲ့
Page ဖြစ်ကြောင်း ဒီလိုမျိုးလေး
ရေးပြ လိုက်ရပါတော့တယ်လေ ✨

အခု ဒီစာကို ဖတ်သူတွေအနေနဲ့ရော
ဘယ်လို ရေမွှေးအမျိုးအစားတွေနဲ့

ကိုယ်ရဲ့ ကိုယ်ပိုင်ရနံ့လေး ဖန်တီးထားလဲ
ဆိုတာ Cmt မှာ ပြောပြပေးခဲ့ပါဦးနော်

the White writes Creations Page
အပြင် ဒီစာတွေကို တခြားဘယ်နေရာမှာ
သွားရှာဖတ်လို့ ရနိုင်ဦးမလဲ?

Long Contents

✅ 1. Insidernote
✅ 2. Facebook
✅ 3. Wattpad
✅ 4. LinkedIn

Short Versions

✅ 1. Telegram
✅ 2. Instagram
✅ 3. YouTube
✅ 4. TikTok

စတဲ့ ကိုယ်ကြိုက်နှစ်သက်ရာ
App တွေကို Play store မှာ
Download လုပ်ပြီး

Account လေးတစ်ခု ဖွင့်ထားရုံနဲ့
ဘယ်သူမဆို အလွယ်တကူ
အခမဲ့ ဖတ်ရှုနိုင်ပါတယ် ✨

The White writes Creations
Your S | lots of love ?

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)