Author's Profile Photo

ယဥ်သီရိလှိုင်(ဆောင်း)

5/06/2024

အသိုက်

1 min read
Art
History
18 Again
အသိုက်'s photo

အသိုက်
ဇာတ်သိမ်းပိုင်း

မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာကျွန်မဆေးရုံရောက်နေပါတယ် ခေါင်းကနာတာမရှိဘဲထုံနေတယ်ကကည့်ရတာထုံဆေးထိုးထားတယ်ထင်တယ်
"နီ နီသက်သာလား ဘယ်လိုနေလဲ"
"မမနီ တော်တော်နာနေလားဟင် "
"မနာပါဘူး ထုံနေတာ ကို ထုံဆေးလား"
"အင်းနောက် ၂နာရီလောက်မှ ပျယ်မှာ နေရတာဘယ်လိုနေလဲ လက်ရော"
"ဘာမှမဖြစ်ပါဘူး တော်တော်လေးနေလို့ကောင်းတယ် အကိုလေးရော"
"ဖမ်းသွားပြီ"
"ဟင် ဘယ်ကိုဖမ်းတာလဲ နီမှဘာမှမဖြစ်တာ အခုသွားပြောရင်ရသေးတယ်မလား "
"နီကဘာမှမဖြစ်ဘူးဆိုရင်တောင် တခြားလူကိုသူသတ်ခဲ့ပြီးပြီလေ ဘာကြောင့်ဖြစ်ဖြစ်သူကထောင်ကျမှာဘဲ "
"ဘယ်လို အကိုလေးကလူသတ်တယ်ဟုတ်လား မဖြစ်နိုင်တာ "
"သူ့အကြွေးရှင်ကို နောက်ပြီးအိမ်မှာဆေးတွေလည်းတွေ့တယ်ပြောတယ် နီရယ်ဘာမှမတွေးပါနဲ့တော့ နီဘာမှကြီးကြီးမားမားမဖြစ်တာကံကောင်းတယ် "
"ဒါမယ့်အကိုလေးကသူ့အသိစိတ်နဲ့မှမဟုတ်တာ‌ပြီးတော့ပူပူတို့ကိုရောဘယ်သူကစောင့်ရှောက်မှာလဲ ".
"မမနီ တကယ်တော့ အမကြီးတို့တွေအပြင်မှာစောင့်နေတယ် မမနီကိုတွေ့ချင်လို့တဲ့ ဝင်ခိုင်းလိုက်မယ်နော် "
"ညီမ သက်သာသွားပြီလားဟင် အမဘယ်ကနေစပြောရမလဲမသိတော့ပါဘူး"
"ရပါတယ် အမလုပ်တာမှမဟုတ်ဘဲ နောက်ပြီးအကိုလေးကသူ့အသိစိတ်နဲ့လုပ်ခဲ့တာမဟုတ်ဘူးလေ နီနားလည်ပါတယ်"
"ကျေးဇူးပါ ညီမရယ် အမတော့ရှေ့လျှောက်ဘယ်လိုလုပ်စားရမှန်းမသိတော့ဘူး အမှန်တိုင်းပြောရရင် ကိုကျော်ထင်ဆေးစွဲနေတာအမသိပါတယ် အဲ့ဆေးတွေရောင်းပေးနေတာလဲသိတယ် ဒါမယ့်အဲ့ကရတဲ့ပိုက်ဆံကိုလောဘဖြစ်မိပြီး ဒီတိုင်းဘဲနေခဲ့တာ အမအမှားတွေပါ "
"ဖြစ်ပြီးတာတွေဖြစ်ပြီးပြီအမရယ် ဒီလိုလုပ်ပါလား ညီမအလုပ်ရှာပေးမယ်လေ ရုံးမှာမေးကြည့်ပေးမယ် မရှိလည်းနောက်ထပ်တူတူရှာတာပေါ့ "
ဒီနေ့ ကိုနဲ့ရုံးမှာလက်မှတ်ထိုးပြီး အိမ်မှာတော့မဂ်လာဆွမ်းလေးကျွေးလိုက်တယ် အခုချိန်ထိဘာပြသနာမဆိုအတူဖြေရှင်းပေးခဲ့တဲ့ ကို့လိုလူကကျွန်မဘဝမှာတော့ အကောင်းဆုံးလူသားလေးပါ ဝမ်းနည်းစရာကောင်းတာက ကိုနဲ့ကျွန်မမှာကလေးမရနိုင်ဘူး ကို့နဲ့ကျွန်မရဲ့ဆုံးဖြတ်ချက်‌တူနေတာကြောင့်ပူပူနဲ့လုံးလေးကိုသူ့အဖေလွတ်တဲ့အချိန်ထိ တာဝန်ယူပြီးစောင့်ရှောက်ပေးမယ်ဆုံးဖြတ်လိုက်ပါတယ် ကျွန်မတို့အားလုံးကမောင်နှမတွေမဟုတ်လား တယောက်နဲ့တယောက်အေးအတူပူအမျှဖေးမရမှာဓမ္မတာပါ
တဖက်လူကကိုယ့်အပေါ်ဘယ်လောက်မကောင်းဘူးဆိုပါစေ သူတို့ရဲ့အတွင်းစိတ်ထဲမှာ ကျွန်မတို့ရဲ့မောင်နှမဆိုတဲ့သွေးတွေစီးဆင်းနေတာပါ နောက်ပြီး ဘယ်လောက်ဘဲကိုယ့်အပေါ်မကောင်းပါစေ ကျွန်မတို့ကအသိုက်တခုထဲကငှက်လေးတွေလိုမျိုးဘဲ မွေးတည်းကဒီအသိုက်လေးထဲမှာနေခဲ့ကြတယ် အမေ့ရဲ့နွေးထွေးမှုကိုလဲအတူမျှယူခဲ့ကြတယ် အတောင်စုံလို့အရပ်ကိုယ်စီပျံသန်းသွားရင်တောင် ကိုယ့်ရဲ့သွေးသားကိုမမေ့ကြပါဘူး အန္တရာယ်ကြုံလာရင် အဓိကဦးစားပေးကကိုယ့်သွေးသားဘဲလေ စာဖတ်သူလေးတွေမှာရောသွေးသားရင်းချာတွေရှိကြမယ်ထင်တယ် ရှိတဲ့သူတွေရောရန်ဖြစ်ဖူးကြမှာပေါ့ ဘယ်လောက်ဘဲစကားအချေတင်ဖြစ်ပါစေ စိတ်ထဲမှာတော့သူတို့ကိုစကားအဆိုးတွေပြောပြီးရင် ဝမ်းနည်းနေတတ်မှာပါ ကိုယ့်ကိုကိုယ်မလိမ်ပါနဲ့နော် လူချင်းတူတူဆိုရင်တောင်ကိုယ့်သွေးသားကိုပိုပြီးဦးစားပေးကြမှာပါ ဘာလို့ဆိုအသိုက်တခုတည်းကမို့လို့ပါ

ပြီးပါပြီရှင့် အဆုံးထိဖတ်ရှူပေးတဲ့တဦးတယောက်စီတိုင်းကိုကျေးဇူးအများကြီးပါရှင့် အဓိကပြောပြချင်တဲ့အကြောင်းရာလေးကမောင်နှမသံယောဇဉ်လေးကိုပြောချင်တာပါ သိပ်တော့ပေါ်လွင်အောင်မရေးနိုင်ဘူးရှင် ဒီထက်ပိုကြိုးစားသွားပါ့မယ်
ချစ်သော readers လေးတွေ?

Keep Reading

Oppenheimer ရုပ်ရှင်ကိုလေ့လာခြင်းနှစ်ခါပြန်မကြည့်ရဲတဲ့ရုပ်ရှင်ညမင်္ဂလာ (Movie Review)၂၁ရာစု မြန်မာ​ခေတ်ပြိုင် ပန်းချီ - ၁မိုင်နိမ်းအစ် ( စ် ) ဂျော့ ( အခန်းဆက်ဝတ္တုရှည်)လွင့်မျောနှင်းစက်များ❝ဈေးရောင်းခြင်း အနုပညာ❞ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့ နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်ဓမ္မတာနှင့် သဘာဝဓမ္မ (အပိုင်း - ၃)