AJ
လူတိုင်းရှိသင့်တဲ့စည်းကမ်းတွေထဲ Ethics & Integrityကလည်းလိုက်နာသင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။
Ethics - လူကျင့်ဝတ် ၊ကျင့်ဝတ်စည်း
Integrity - ကိုယ်ကျင့်တရား ၊သီလ ၊သမ္မာဓိ
Ethics >>>>>>External mindset
Ethics ဆိုတာက ကိုယ့်ရဲ့ပြင်ပနေထိုင်မှုကနေပြောပြတာသိသင့်တာမျိုး။
အမှိုက်မပြစ်ရဘူးဆိုတဲ့နေရာမှာ အမှိုက်ပစ်တာ ၊ ငါးမမျှားရဘူးဆိုတဲ့နေရာမှာ ငါးမျှားတာ၊ သူများစကားပြော ရင် ကြားဖြတ်ပြောတာ၊ public area မှာ သီချင်းအကျယ်ကြီးဖွင့်တာ၊ဖုန်းအကျယ်ကြီးပြောတာတို့ ၊ privacy ကိုထိခိုက်စေတဲ့စကားလုံးတွေမေးမြန်းခြင်း၊ လစာဘယ်လောက်ရလဲ၊ အိမ်ထောင်မပြုသေးဘူးလား၊ physical ပိုင်းဆိုင်ရာ ဝေဖန်ခြင်း သည် ethics မရှိတဲ့လူတွေရဲ့ အပြုအမှုဖြစ်ပါတယ်။
Integrity >>>>>>Internal mindset
Integrity ကျတော့ ပင်ကိုဗီဇ အတွင်းစိတ်ထဲကဖြစ်ပေါ်လာတဲ့အရာ။
Integrity ဆိုတာကျ ရိုးသားဖြောင့်မတ်တာ၊ မှန်ကန်တဲ့စကားကိုဘဲပြောတယ် ၊ သူများပစ္စည်းကိုမခိုးဘူး ၊ ခက်ခဲနေတဲ့အချိန်မှာတောင် မှန်ကန်တဲ့လုပ်ရပ်ကိုဘဲလုပ်တာကျ integrity ကောင်းတဲ့သူတွေရဲ့လုပ်ရပ်တွေပါ။
Ethics& Integrityရှိဖို့ဆိုတာ ငွေကြေး ၊ရာထူး ၊ပညာအရည်အချင်းတွေနဲ့မဆိုင်ပါဘူး ဘယ်လောက်တော်တော် ဘယ်လောက်ပိုက်ဆံရှိရှိ ethics & integrity မရှိတဲ့သူကမရှိတာပါဘဲ ဒါကြောင့်မိတ်ဆွေရဲ့ အပြုအမှုအပြောအဆိုကမိတ်ဆွေရဲ့အဆင့်အတန်းကိုဖော်ပြနေမှာပါ ။
Nelson Mandela ပြောတဲ့စကားတစ်ခုရှိတယ်
` THE FIRST THING IS TO BE HONEST WITH YOURSELF ‘.
-ပထမဆုံး ကိုယ့်ကိုယ်ကို ရိုးသားပါ။
# self-coaching # your’s partnerAJ# AJ is learning
Keep Reading