Author's Profile Photo

SarPhat Author

5/06/2024

Move on ဆိုတဲ့အဓိပ္ပါယ်

1 min read
Life Style
Personal Development
General Knowledge
Move on ဆိုတဲ့အဓိပ္ပါယ်'s photo

ချစ်ခြင်းတွေ မတိုက်ဆိုင်လို့ လမ်းခွဲလိုက်တယ်၊ ကိုယ့်အပေါ်မကောင်းလို့ စွန့်လွှတ်လိုက်တယ်၊ ကိုယ်ကချစ်ပေးနေရက်နဲ့ စွန့်ပစ်ခံရတယ်။

ဆက်ဆံရေးတွေရပ်လိုက်ရပေမယ့် တဖက်လူကို မမေ့နိုင်ကြဘူး။ လွမ်းဆွတ်ကြတယ်၊ တမ်းတကြတယ်။ လွယ်လွယ်ပြောရရင် အသဲကွဲတယ်ပေါ့။ ခံစားရတာတွေကို တစ်ယောက်ထဲရင်မဆိုင်နိုင်တဲ့အခါမှာ ရင်းနှီးသူတွေကို ရင်ဖွင့်ကြရတယ်။ အများဆုံးအကြံပေးကြတာက (Move on လိုက်သူငယ်ချင်း) ကိုယ်နဲ့မတန်ဘူး မေ့ပစ်လိုက်တဲ့။

ပြောစကားဆိုစကား နားမထောင်တတ်တဲ့နေရာမှာ လူ့စိတ်၊ လူ့အတွေး၊ လူ့ဦးနှောက်က ထိပ်ဆုံး‌ကပါတယ်။ မေ့ချင်တာပေါ့ ဒါပေမယ့် မမေ့နိုင်ဘူးလေ၊ မတွေးပဲ နေချင်တာပေါ့ သို့သော်လဲ အကြောင်းတိုက်ဆိုင်ရင် အတွေးထဲအရင်ရောက်လာတာပဲလေ။

ဒီနေရာမှာ move on ဆိုတဲ့အဓိပ္ပါယ်ကို တော်တော်များများက မေ့ပစ်လိုက်တယ်လို့ ယူဆကြပေမယ့် ကိုယ်ကတော့ လက်မခံနိုင်ခဲ့ဘူး။ Move on ဆိုတာကို နေနိုင်သွားပြီဆိုတဲ့ အဓိပ္ပါယ်လို့ သတ်မှတ်ထားတယ်။

အကြောင်းမတိုက်ဆိုင်လို့ လမ်းခွဲရရင် သူဟာ ကိုယ်ချစ်တဲ့သူ၊ ချစ်ခဲ့တဲ့သူလေ မေ့ဖို့မလွယ်သလို အတင်းလဲမေ့ဖို့မလုပ်ဘူး။ သတိရနေမိရင်လဲ အတူတူရှိနေတုန်းက ကောင်းမွန်တဲ့အတိတ်လေးတွေကို တွေးနေမယ်၊ ကိုယ့်ဘက်က အကောင်းဆုံးလုပ်ပေးခဲ့တာလေးတွေ တွေးမယ်၊ ငိုရင်လဲ ငိုမိနေမှာပေါ့။ တဖက်မှာလဲ ရှေ့ဆက်ရမယ့် အနာဂတ်အတွက် တစ်ခုခုပြင်ဆင်၊လုပ်ဆောင်နေမယ်။ တ‌ဖြည်းဖြည်းနဲ့ ကိုယ်ဟာ အသဲကွဲနေတာကို ကျင့်သားရသွားလိမ့်မယ်။ သတိရရင်တောင် မျက်ရည်မစို့ အပြုံးမပျက်ပဲ ဪသူဟာတချိန်က ကိုယ်ချစ်ခဲ့ရတဲ့သူပါလားဆိုတဲ့အနေအထားလောက်ရောက်သွားလိမ့်မယ်။


ဘ၀တစ်ကွေ့မှာ တွေ့ဆုံကြုံကွဲရတာတွေက လူတိုင်းဖြစ်ပျက်ဖူးတဲ့ အမှန်တရားတွေပါ၊ အရှိကိုအရှိအတိုင်း လက်ခံသွားနိုင်ဖို့ပဲ လိုတာပါ။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၅-၈) စာစောင်သုံးဆယ့်လေး-နေ့စဉ်နဲ့အမျှကြိုးစားခြင်းစာစောင်သုံးဆယ့်ခုနစ်-အဆိုးထဲကအကောင်းစာစောင်လေးဆယ့်ကိုး - ဘဝရဲ့အစိုးမရမှု မပြိုင်ပါနဲ့ဖန်တီးပါစာစောင်သုံးဆယ့်တစ်-အမှားတွေကနေရနိုင်တဲ့ တန်ဖိုး