Author's Profile Photo

SarPhat Author

5/06/2024

ဖတ်ခဲ့သော စာအုပ်ကောင်းများ

1 min read
Book Review
General Knowledge
Art
ဖတ်ခဲ့သော စာအုပ်ကောင်းများ's photo

ယွန်းထည်လုပ်ငန်းသည် မိသားစု လုပ်ငန်းဖြစ်သည်။

လုပ်ငန်းကားလက်ဝင်လှသည်။ အနုစိတ်သည်။ အချိန်ကုန်လှသည်။ သို့သော် ဤလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းသော ပညာရှင်
အဖိုးတို့ကား မသေရုံစား၊
မအားအောင်နေရသော ဘဝ။
အဖိုးတို့ အဖွားတို့တွင်ကား နောင်ရေးကောင်းမည့် ဘဝအာမခံချက် ဘာမှမရှိ။

✨✨✨

“မှတ်ထား … လောကကြီးမှာ ဟိုဒင်း
နှစ်မျိူးနှစ်စားရှိတယ်။
တစ်မျိူးက အထက်တန်းစား ဟိုဟာနဲ့..
နောက်တစ်မျိူးက ဆင်းရဲလို့ မလွဲသာ မရှောင်သာ
ကိုယ်ကိုရောင်းစားလိုက်တဲ့ မိန်းကလေးတွေ။
ဒုတိယ အမျိူးအစားကို ကယ်တင်လို့ရတယ်။
ပထမ အမျိူးအစားတော့ မရဘူး။”

✨✨✨

ဆရာမ ခင်ဆွေဦး၏
မပုံ့ အကြောင်း ဝတ္ထုမှ….

~~~~~~~

မပုံ့အကြောင်းသည် ထူးခြားလှသည်။
ပြဇာတ်ဆန်သည်။ ဘဝနာသည်ဟုဆိုခြင်းထက်
ပိုသည်။ မပုံ့သည် ရဲရင့်ပြတ်သားသင့်သည့်
နေရာတွင် သူမတူသလို ၊
ကဗျာဆန်၍လည်းနွဲ့တတ်သေးသည်။
သူမအချစ်ဆုံးဖြစ်သော
ဆင့်ဆင့်ကိုလည်း သနားညှာတာရသည်။
ဆရာမခင်ဆွေဦး၏ မပုံ့က စာဖတ်သူများကို
မတူညီကွဲပြားသည့် အခြားကမ္ဘာသို့
ခေါ်ဆောင်သွားသည်။
စာနာတတ်စေသည်။ ကြင်နာတတ်စေသည်။
စာပေဗဟုသုတကိုလည်း ချစ်တတ်စေသည်။
မပုံ့ကို ကျေးဇူးတင်ရင်း ဤသို့
မျှဝေလိုက်ရပါသည်။

~~~~~~

အေဝမ်း မေသစ်ရှင်
1:09 pm
Apr 15, 2024

(ပြန်လည်ကူးယူဖော်ပြခွင့် မပြုပါ။)

-photo credit

#စာပေ #စာအုပ် #စာရေး #author #booklover #literature

Keep Reading

အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်အော်ဆွေးအဲလ်ဘတ်ကမူး၏ကိုးကွယ်ရာမရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းတစ်မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းနှစ်ဂျက်ကီချန်းဘဝအကြောင်းမြန်မာပြည်မြောက်ပိုင်း𝘼𝙡𝙗𝙚𝙧𝙩 𝘾𝙖𝙢𝙪𝙨 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣📚တကယ်မရှိသောနှစ်များစိတ်ရှည်ပါ။