Author's Profile Photo

SarPhat Author

5/06/2024

the White version နဲ့ဖတ်ရမယ့်စာအုပ်တွေ အကြောင်း

2 mins read
Life Style
Education
General Knowledge
the White version နဲ့ဖတ်ရမယ့်စာအုပ်တွေ အကြောင်း's photo

Google ကနေ စာအုပ်ပုံလေး
သွား Save ပြီးရင် တစ်အုပ်လုံးကိုပဲ

တစ်ပတ်လောက် အချိန်ယူပြီး
ပါသမျှ အကုန်ဖတ်ထားသလို

ဟိတ်ကြီးဟန်ကြီးနဲ့ ရေးပြလို့
ရနေလျက်သားနဲ့ ဘာလို့
the White က မလုပ်တာလဲ?

အားလုံးပဲ မင်္ဂလာပါ ✨
The White writes Creations ရဲ့
Founder "the White" ဖြစ်ပါတယ်

မှတ်ပုံတင်ထဲက နာမည်ကတော့
"Phoo Pyae Sone" လို့ခေါ်ပြီး
စာတွေရေးသားလျက် ရှိပါတယ်

အခု ဒီ "1 book in one post" Album
လေးရဲ့ အဖွင့်အနေနဲ့ စာဖတ်သူ‌တွေ

မဖြစ်မနေ သိထားရမယ့်အရာတွေကို
အသိပေး ရေးသားလိုက်ရပါတယ် ?

Album လေးရဲ့ နာမည်အတိုင်းပဲ
Post တစ်ခုတည်းမှာတင် စာအုပ်
တစ်အုပ်ရဲ့ အကြောင်းအရာတွေကို

လွယ်ကူလျင်မြန်စွာနဲ့ ဖတ်လို့ရနိုင်အောင်
လိုတိုရှင်း ပြန်ရေးပေးထားပြီး

တစ်ပတ်ကို အလျင်းသင့်သလို
ပုံမှန် တင်ပေးသွားမှာ ဖြစ်ပါတယ်

ဒီ အိုင်ဒီယာလေး ဖြစ်ပေါ်လာပုံက
ဒေါက်တာဖြိုးပိုင် တစ်နေ့တစ်အုပ်
ဖတ်သွားတဲ့ Toe Tet insidernote ရဲ့
လွှမ်းမိုးမှုတွေ အများကြီးပါပါတယ်

"ငါ တစ်နေ့" စာတွေသာ
ဖတ်နေရတယ်ပြီးရင်လည်း
မေ့သွားတာပါပဲ" ဆိုပြီးပေါ့

အဲ့လိုနဲ့ စဉ်းစားကြည့်မိတယ် ဒါဆိုရင်

မမေ့အောင်ဘာလုပ်လို့ ရနိုင်မလဲ?
1. ဖတ်ပြီး Note ထုတ်လို့ရမယ်

ပြီးရင်ရော ဘာထပ်လုပ်လို့ရသေးလဲ?

2. ကိုယ့်စကားလုံး ကိုယ့်အာဘော်အတိုင်း
ကိုယ်သိထားတဲ့ အကြောင်းအရာတွေနဲ့
ပြန်ချိတ်ဆက်ရေးရင် ပိုမှတ်မိနိုင်တယ်

"ဟုတ်ပြီ ဒါဆိုရင် အဲ့လို
လုပ်လို့ရနိုင်မလား ဆိုတာ
စမ်း‌ရေးကြည့်ပြီး အဖြေရှာမယ်"

အဲ့လိုနဲ့ တစ်ပုဒ်စ နှစ်ပုဒ်စ
စမ်းရေးကြည့်ပြီးသွားတဲ့ အခါမှာ

"Oh my God it's work"

စာတွေ့တင်မဟုတ်
လက်တွေ့ပါ လိုက်ပါ
ကျင့်သုံးဖြစ်သွားတဲ့အထိ
အဲ့ဒါက အလုပ်ဖြစ်တယ်

အိုင်ဒီယာတစ်ခုကို အသုံးချဖို့
စာမျက်နှာ ၃၀၀ လောက်
သွားဖတ်နေစရာ မလိုတော့ဘူး

Post တစ်ခုစာ ဖတ်ရုံနဲ့တင်
လိုအပ်တဲ့ အချက်တွေအကုန်
ခြုံငုံ သိနိုင်သွားလို့
အချိန်ကုန် သက်သာတယ်

အစအဆုံး မြေလှန်လိုက်ရှာဖတ်ရမယ့်
အကြောင်းအရာတွေ ရှိလာရင်လည်း

ဘယ်စာအုပ်ထဲမှာတော့
တွေ့ထားတယ် ဆိုတာမျိုးက
ခေါင်းထဲမှာ လာမှတ်မိနေလို့

အဲ့စာအုပ်ကို သေချာ
ပြန်သွားရှာဖတ်လို့ ရတယ်

ကျန်တဲ့ အသုံးချရုံ သိထားရမယ့်
စာတွေမှာ Note ထဲ မပါလာတာတွေဆို

Common sense ရယ် အတွေ့အကြုံရယ်ကို
ဆက်စပ်တွေးတော ကြည့်မိလာလို့
Thinking skill ပိုကောင်းလာတယ်

အဲ့လို အကျိုးကျေးဇူးတွေက
ထည့်‌ပြောပြရင် ပြောပြသလောက်
အများကြီး ရှိနေတယ်

"အာ အဲ့ဒါဆို ဒီ Note တွေကို
တခြားသူတွေကို မမျှဝေပေးချင်ဘူးလား"

"Why not? အတိုင်းထက်အလွန်ပေါ့"

3. မျှဝေရင်း စာဖတ်သူတွေရဲ့အမြင်တွေ
သူတို့အတွက် ဘယ်လိုအကျိုးရှိသွားတာတွေ

ဆိုတာက ဒါကို ပုံမှန်ဆက်လုပ်သွားနိုင်ဖို့
အားအင်တွေ ပြန်ဖြစ်လာစေလို့

စာတွေ ပိုဖတ်ဖြစ် ပိုရေးဖြစ်ရင်း
သိထားတာတွေကို ပိုမှတ်မိလာစေတယ်

ဒါဆိုရင် နောက်ဆုံး
မေးစရာ ရှိလာတော့မှာက

ဒီစာတွေကို ဘယ်ကနေ ဖတ်ပြီး
ဘယ်လို ရေးထားတာလဲ?

အဲ့လိုတွေ ရေးတာက
မူရင်းစာ‌ရေးဆရာ တွေကို
စော်ကားရာ မကျဘူးလား?

ဒီလိုမျိုး ရေးလို့ရော ရရဲ့လား ဆိုတဲ့
တစ်သီကြီးရှိနေမယ့် မေးခွန်းတွေပါ

ဒီမေးခွန်းကို မဖြေခင်
ဒီ Post အစကမေးခွန်းလေးကို
အရင်ဆုံး ဖြေဖို့ လိုပါလိမ့်မယ်

ပေါ်တင်ကြီး Fake လို့ရနေတဲ့
Social Media လို Platform မျိုးမှာ

"the White" နဲ့တွဲမြင်ရမှာက
ရိုးသားမှုနဲ့ ပွင့်လင်းမှု
စစ်မှန်မှုနဲ့ စေတနာ တွေပါ

ဒီစာတွေကို ShweNote App က
အနှစ်ချုပ်တွေကိုသာ ဖတ်ပြီး
နားလည်သလိို ပြန်ရေးထားတာပါ

ဘာလို့ ShweNote လဲ?

4. တစ်နှစ်စာ Premium က
အရင်တစ်ခေါက်လို မဖတ်ဖြစ်ဘဲ
အလဟဿ ကုန်သွားမှာ စိုးလို့:3

တခြားဆီက ဖတ်ထားတာ‌
သိထားတာတွေရော ပြန်ရေးဖို့ရှိလား?

5. ရှိပါတယ် အများဆုံး ရေးဖြစ်တာက
ShweNote App ကပေမယ့် တခြား
Dreamlab, Reader's Paradise နဲ့

YouTube က Audiobook တွေကိုလည်း
"the White" Version နဲ့မြင်ရပါလိမ့်မယ်

ဒါဆို တရားစွဲခံရမှာ မကြောက်ဘူးလား?

6. ShweNote မှာ Premium
ဝယ်ထားသူ တစ်ယောက်က
ဒီလို မှတ်ချက်ပေးဖူးပါတယ်

"ShweNote က ဖတ်ပြီးသားစာအုပ်ကိုပဲ
the White ဆီမှာ ပြန်ဖတ်ရတာက
အကြောင်းအရာတစ်ခုကို မတူညီတဲ့

စာရေးဆရာ နှစ်ယောက်က
သူတို့ရဲ့ အတွေ့အကြုံတွေ
ဝမ်းစာဖြည့်ထားတဲ့ အသိတွေ

စာအထားအသို ဇာတ်အိမ်တွေ
အရေးအသား အဖွဲ့အနွဲ့တွေနဲ့
ပြောပြ ရှင်းပြထားသလိုကို
သူ့ပုံစံနဲ့သူ မတူ ကွာပြားနေတယ်

စာနှစ်ခုကို ယှဉ်ဖတ်ကြည့်ဖူးတာတောင်
ShweNote ကဟာ ဖတ်ပြီးရေးထားတာ

ဟုတ်ရဲ့လား လို့ မယုံနိုင်လောက်အောင်
ထပ်ခါ" ပြန်မေးမိပါတယ်

the White အနေနဲ့ ဒီလိုစာမျိုးကို
ဘယ်လို‌ရေးနိုင်လဲဆိုတာ
အရမ်း သိချင်မိပါတယ် တဲ့"

ဒီ မှတ်ချက်ပေးသူကို အခုဒီကနေပြီး
ထပ်ပြီး ကျေးဇူးတင်လိုက်ရပါတယ်နော် ✨

ဒါကို ဖြည့်စွက်ပြီး ပြောပါဦးဆိုရင်

7. "တက္ကသိုလ်တစ်ခုက သင်ပေးလိုက်တဲ့
ပညာတွေကို ဘဝတစ်လျှောက်လုံးမှာ

ပြန်အသုံးချသွားတဲ့သူ တစ်ယောက်ကို
တက္ကသိုလ်က အရေးယူအပြစ်တင်ပါသလား"

လို့သာ ပြန်ပြီး မေးလိုက်ချင်ပါတယ်

ပြီးတော့ ဒီ Album တစ်ခုလုံးဟာ
အခကြေးငွေ မယူဘဲ စာဖတ်နေ
ရေးဖြစ်နေသရွေ့ ပုံမှန် မျှဝေသွားမှာ

ဖြစ်ကြောင်းကိုလည်း ဝမ်းသာအားရ
သတင်းကောင်း ပါးလိုက်ရပါတယ်✨

the White writes Creations Page
အပြင် ဒီစာတွေကို တခြားဘယ်နေရာမှာ
သွားရှာဖတ်လို့ ရနိုင်ဦးမလဲ?

✅ 1. Insidernote
✅ 2. Facebook
✅ 3. Wattpad
✅ 4. LinkedIn

စတဲ့ ကိုယ်ကြိုက်နှစ်သက်ရာ
App တွေကို Play store မှာ
Download လုပ်ပြီး

Account လေးတစ်ခု ဖွင့်ထားရုံနဲ့
ဘယ်သူမဆို အလွယ်တကူ
အခမဲ့ ဖတ်ရှုနိုင်ပါတယ် ✨

အခု ဒီစာကိုဖတ်သူတွေ အနေနဲ့
"the White"ရဲ့ သဘောထားအပေါ်
ဘယ်လိုမြင်မိလဲ ဆိုတာရယ်

ဒီစာဖတ်ပြီး ရှေ့လျှောက် ဘာတွေ
ဆက်လုပ်သွားစေချင်လဲ ဆိုတာရယ်
Cmt မှာ ပြောခဲ့ပေးပါဦး နော်

စာဖတ်သူတွေရဲ့ စကား‌သံတွေကို
အမြဲ နားစွင့်ပြီး ကောင်းမွန်တဲ့
ပြုပြင်မှုတွေ ခြေလှမ်းတွေနဲ့သာ
အမြဲ ရှေ့ဆက် သွားဦးမယ့်

The White writes Creations
1.6.2024 (2819 words)

Keep Reading

နောက်ဆုံးရွေးချယ်မှုစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအဆုံးသည်......အသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်