SarPhat Author
ပင်လယ်ပြာနဲ့ တံငါအို ကလေ မဖြစ်နိုင်ဘူးလို့ တွေးချင်စရာပေမယ့် လက်တွေ့ဆန်တယ်သိလား။
အဲ့အဘိုးကြီး ငါးကြီးကို စိတ်ရှည်ရှည်နဲ့ သေအောင်ကြိုးစားပြီး ဖမ်းလို့ရလိုက်ပါသည် ဆိုတာနဲ့တင် ဘဝက မပြီးသွားဘူး။
အိမ်ပြန်တော့ လမ်းမှာ လှေနဲ့မဆံ့လို့ဘေးက တွဲလာတဲ့ ငါးကြီးကို တခြားကောင်တွေဝိုင်းစားတာနဲ့တင် အရိုးပဲပါလာတော့တာ၊
အဘိုးကြီးလည်း သူ့တဲလေးဆီသွားပြီ တန်းအိပ်ပစ်တာ အာဖရိကက ခြင်္သေ့ကြီးတွေ အကြောင်း အိပ်မက်မက်နေတယ်တဲ့လေ။
ကိုယ်သာသူ့နေရာဆို ဘယ်လိုမှ မခံစားနိုင်လောက်ဘူးလို့တွေးမိမှာပဲ၊
ဒါပေမဲ့ ခံစားရတယ်ဆိုတာ ခံစားလို့ဖြစ်တာ၊
ငယ်တုန်းက ပန်းကန်စဆေးကြည့်တုန်းကလည်း ဒီဆီတွေပေနေတာကြီးနဲ့ အော့ ခဲ့ဖူးမှာပဲ၊ နောက်တော့ အဲ့လိုမဖြစ်တော့ဘူး၊
ဘာကွာလဲဆို မခံစားတော့တာပဲ ကွာတယ်။
ကိုယ့်အပေါ်ဖြစ်လာသမျှကို လိုက်ခံစားနေရင်တော့ ဒီနေ့ အင်္ကျီဝတ်ထားတာ မလိုက်ဘူး ပြောခံရလည်း ထိုင်ငိုလို့ရတယ်။
နောက်သုံးလ လောက်နေရင် ခေါင်းထဲက လုံးဝ ပျောက်သွားမယ့် သူစိမ်းတွေနဲ့ ခုခွဲရတာကိုလည်း ထိုင်ငိုလို့ရတယ်။
ဘာလုပ်မှာလဲ တွေ့တုန်းပဲ စိတ်ထဲနှစ်ပြီး နှုတ်ဆက်လိုက်ပေါ့။
ဒါဒီလိုပဲ။
Keep Reading