Author's Profile Photo

SarPhat Author

4/06/2024

ဘာလုပ်ရမှန်းမသိသေးရင်

1 min read
Personal Development
General Knowledge
Entrepreneurship
ဘာလုပ်ရမှန်းမသိသေးရင်'s photo

တွေးရင်းတွေးရင်းနဲ့ ကျွန်တော်ဘာတွေမှားခဲ့လဲ ဘာတွေမှားနေလဲ သိလာတယ်
အမှားတွေသိလာတော့ အမှန်တွေဖြစ်အောင် ဘယ်လိုပြင်ရမလဲသိလာ‌တယ်
ဘဝမှာအဆင်ပြေနေရင် ကျွန်တော်တို့ ဘာမှပူပန်မနေရဘူးဆိုရင်
ကျွန်တော်တို့ ရုန်းကန်ဖို့ ကြိုးစားစရာမလိုတဲ့အခြေအနေမျိုးဆိုရင်
ထားပါတော့ ငါက သူဌေးသား တစ်ယောက်ပဲ
အဖေရှိရင် ငွေရှိတယ်ပေါ့ ငါဘာအလုပ်မှလုပ်စရာမလိုဘူး
ဒီလိုပဲ ဘဝကို နေသာသလို နေဖြစ်သလို ဖြတ်သန်းနေမိလိမ့်မယ်
ကျွန်တော်တို့ ဘဝတွေအတွက်ဘာမှ “သိပ်မတွေးဖြစ်ဘူး”
မိုးလင်းရင် အမေလုပ်ပေးတဲ့မနက်စာစားမယ်
ပြီးတာနဲ့အပေါင်းအသင်းယောင်းရင်းတွေနဲ့
လည်မယ်ပတ်မယ် အချိန်တန်ရင် အိမ်ပြန်လာ
အမေချက်ထားတဲ့ ညစာလေးစားပြီးတာနဲ့
ဖုန်းလေးပွတ်ပြီး အိပ်လိုက်
ဒီလိုနဲ့အချိန်တွေ ရေလိုက်ငါးလိုက်နဲ့ကုန်
ကိုယ့်ဝေရာဝစ္စကို အိမ်ကအမေက လုပ်ပေးရတယ်
နှမကလုပ်ပေးရတယ် ကျွန်တော်တို့ စိတ်ဓာတ်တွေဘယ်လောက်တောင်နှိမ့်ကျနေပြီလဲ
တစ်ချို့ကျတော့လဲ သီးသန့်စိတ်(introvert )ဆန်လွန်းပြီး
အိပ်ယာထဲမှာပဲ ဂိမ်း ဆော့လိုက် ဖေ့ဘုတ် ကြည့်လိုက်နဲ့
အချိန်ကုန်နေတာမျိုး
ကိုယ့်တာဝန်ကိုယ်ယူဖို့ မေ့နေတတ်ကြတယ်
မှားမှန်းမသိမှားနေတာကို ကိုယ်တိုင်မသိရှာဘူး
ဘေးလူကထောက်ပြရင်လဲလက်မခံချင်ဘူး
ပြဿနာကဘယ်မှာစလဲဆိုရင် အဖေရှိရင်ငွေရှိတာပဲဆိုတာကနေစတာပဲ
အဖေမရှိတော့တဲ့အခါ အဖေမရှိတော့ရင် ဆိုတာမျိုးမတွေးမိဘူး
ဘဝကို ဒီပုံစံအတိုင်း လွယ်လွယ်ဖြတ်သန်းလို့ရမယ်ထင်နေတာ
တစ်ကယ်တော့ထင်သလောက်မလွယ်ဘူး
တစ်ကယ့်တစ်ကယ်တန်း မိုးထဲရေထဲ မုန်တိုင်းထဲရောက်တဲ့အခါ
အဖေလဲလာမကယ်နိုင်ဘူး အမေလဲလာမကယ်နိုင်ဘူး
ဘဝမှာ ရေကူးသင်ဖို့သင့်တဲ့အချိန်တုန်းက မသင်ခဲ့တော့
(ဘဝကအဆင်ပြေနေခဲ့တာကိုး)
စကားလေးတစ်ခွန်းရှိတယ်"မင်းအဆင်ပြေနေတယ်ဆိုရင်,မင်းဟာအဆင်မပြေတော့ဘူး(It’s okay,you don't Okay)"တဲ့(သေချာတွေးကြည့်နာ်)
ရေထဲမခုန်ချဖူးတဲ့သူအတွက် ရေမကူးတတ်တော့ နစ်နေပြီ
ဒီအချိန်မှာ စိတ်ဓာတ်ပျော့တဲ့သူတွေက စပြီးကျရှုံးတော့တာပဲ
ဒီအခြေအနေရောက်တဲ့အထိ ကိုယ့်အမှားတွေမသိသေးဘူးဆိုရင် သွားပြီ
ဘဝဟာ ဘယ်တော့မှအမြင့်မရောက်တော့ဘူး
ကျွန်တော်တို့ဟာ လူသားတွေပါ အမှားနဲ့တော့ဘယ်ကင်းကြမလဲ
အမှားတွေသိပြီဆိုရင်တော့ အမှန်ပြင်ဖို့စပြီးကြိုးစားတော့
အမှားသိရဲ့နဲ့ မပြင်ဘူးဆိုရင်တော့ မင်းဟာ လူမိုက်ပဲ

ဒီဘက်ခေတ်လူငယ်‌တွေမှာ အရေမရ အဖတ်မရ ဗီဒီယို တွေနဲ့အချိန်ကုန်နေရတာကိုကြိုက်တဲ့လူက ၁၀၀ မှာ ၉၀ လောက်ရှိတယ်
ဒါတောင်ကျန်တဲ့ ၁၀ ယောက်ထဲက ၉ ယောက်က ကြည့်စရာဖုန်းမရှိလို့
၁၀၀ ထဲက ၁ ယောက်ဖြစ်လာဖို့အတွက်
ကျွန်တော်ကိုယ်တိုင် ၉၉ ယောက်ထဲမပါနိုင်အောင် ဂရုစိုက်နေရတယ်

ဒီတော့အမှားတွေပြင်ပါ
ကောက်ရိုးမီးစိတ်ဓာတ်ကိုပြင် ဖွဲမီးလိုကျင့်
မလုပ်နိုင်စရာဘာရှိမှာလဲ ငါတို့ဟာ “လူငယ်”
၁၀၀ ထဲက တစ်ယောက်ဖြစ်နိုင်အောင်ကြိုးစားပါ

"လူတွေဟာ သေရမှာထက် တွေးရမှာကိုပိုကြောက်ကြတယ်"တဲ့
တွေးရတာဟာကြောက်စရာမဟုတ်ဘူး အောင်မြင်ဖို့လမ်းစပဲ
တွေးရင်းတွေးရင်း ကိုယ့်အကြောင်းကိုပိုသိလာမယ်
ကိုယ့်ရဲ့ပန်းတိုင်ကိုပြန်မြင်လာမယ်
လုပ်စရာရှိတာတွေ အကြွေးမထားပဲလုပ်ဖြစ်လာမယ်
ဘာလုပ်ရမှန်းမသိသေးရင် ကိုယ်ဘာမှားနေလဲဆိုတာက စတွေးကြည့်လိုက်ပါ ။

#2024kyawzaya
#personaldevelopment

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ Life is what you make itစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်