Leo(Nann)❤️
❤️အမျိုးသမီးငယ်လေးများသို့
ညီမလေး
မင်းဘဝရှေ့ရေးအတွက်ဘာတွေပြင်ဆင်ပြီးပြီလဲ
ပန်းတိုင်ကိုသွားမဲ့လမ်းပေါ်မှာလျှောက်လှမ်းနေနိုင်ပြီလား
အမှီအခိုလေးတွေကို အားကိုးချင်တဲ့စိတ်ကိုလျှော့
"အိမ်ထောင်ပြုရင်
ယောက်ျားလုပ်ကျွေးမှာပါ"ဆိုတဲ့အတွေးအခေါ်တွေကအတိတ်မှာကျန်ခဲ့ပြီနော်
ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်အောင်လုပ်
ကိုယ့်ပိုက်ဆံကိုယ်ရှာ
ဘယ်သူ့ကိုမှဦးညွှတ်စရာမလိုအောင်နေ
အလိမ်အညာ၊မာယာတွေများလွန်းတဲ့ခေတ်ထဲမှာ
ဘာကိုမှလွယ်လွယ်မယုံလိုက်နဲ့
အချစ်နွံထဲကို မနစ်ပါစေနဲ့
မင်းငွေရှာနိုင်ရင် ဘာမှမလိုဘူး
ယောက်ျားတွေကလည်း
မိန်းမတစ်ယောက်ကို
သူတို့ရဲ့လက်တွဲဖော်အဖြစ်ရွေးချယ်တဲ့အခါမှာ
မင်းမှာဘယ်လောက်အရည်အချင်းရှိလဲ!
မင်းကတန်ဖိုးရှိရဲ့လား!
ဒါတွေကြည့်ပြီးရွေးမှာဘဲ
ဒါကလဲ ဖြစ်သင့်တဲ့အချက်ပါဘဲ
တချို့တွေပြောကြပါလိမ့်မယ်
"အချစ်မှာမျက်စိမရှိဘူးတို့၊
ပကာသနတွေမလိုဘူးတို့၊
ချစ်နေရင်ပြီးပြီတို့"
ဒါတွေကမှန်ကောင်းမှန်လိမ့်မယ်။
သို့ပေမဲ့
အဲ့လိုချစ်ပြီးမှဝေးသွားတဲ့သူတွေလည်းဒုနဲ့ဒေး
ဒီတော့ဈေးမပေါမိပါစေနဲ့
အဆင့်အတန်းရှိရှိ၊standardရှိရှိနေ
မနွမ်းသေးတဲ့ပန်းက
သူ့အလှနဲ့သူတော့ရှိနေမြဲဘဲ။
ဒီတော့ ကိုယ့်ဝင်ငွေကိုယ်ရှာ၊
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တာအကောင်းဆုံးဘဲ
အဲ့လိုပြောလို့ မချစ်ရတော့ဘူးလားဆို၊
မဟုတ်ပါဘူး
အိနြ္ဒေရရချစ်
အချစ်ကိုတော့မကိုးကွယ်လိုက်ပါနဲ့
မင်းဘဝကို သန်မာတဲ့မိန်းမတစ်ယောက်အဖြစ်
ကိုယ်တိုင်ဦးဆောင်ပါ ညီမလေး
❤️အမျိုးသားထုကြီးသို့ပေးစာ
-ထက်မြက်တဲ့မိန်းမဆိုတာ အချစ်ကိုမကိုးကွယ်ဘူးနော်
-ယောက်ျားတစ်ယောက်ကိုလက်တွဲဖော်အဖြစ်ရွေးချယ်တဲ့အခါမှာ
အချစ်ဆိုတာထက် ထက်ထက်မြက်မြက်နဲ့
ဦးဆောင်နိုင်တဲ့သူကိုဘဲရွေးကြမှာ
-ကိုယ့်လောက်မှ အဆင့်မရှိတဲ့ယောက်ျားကို
ဘယ်မိန်းမမှမရွေးဘူး
-ရွေးခဲ့တယ်ဆိုရင်တော့အဲ့မိန်းမက
စဥ်းစားဉာဏ်မရှိလို့ (ဒါမှမဟုတ်)အချစ်ကိုရှေ့တန်းတင်ရလောက်အောင်ထိပျော့ညံ့လို့ပေါ့
-စဥ်းစားကြည့်သင့်တယ်
-အချစ်က စားလို့လည်းမရဘူးနော်
-ငွေက ဒုတိယဘုရားသခင်ဖြစ်နေတဲ့ခေတ်မှာ
မိန်းမတစ်ယောက်က ဆင်းရဲတဲ့သူထက်
ချမ်းသာတဲ့ယောက်ျားကိုရွေးတာလည်းအပြစ်ပြောလို့မရဘူးနော် မောင်လေးတို့
-မင်းတို့ညံ့ရင် မင်းတို့ကောင်မလေးတွေက
ထားသွားဖို့အလားအလာရှိပြီးသား
-အမရာလိုမိန်းမကိုလိုချင်ရင်
မဟော်သဓာလိုယောက်ျားဖြစ်အောင်အရင်လုပ်
-ကြိုးစားရင်ဘာမဆိုဖြစ်နိုင်တယ်
-ငါကဆင်းရဲပါတယ်ဆိုပြီး စိတ်ဓာတ်ကျနေရင် မင်းတို့မှာဘာမှတိုးတက်လာမှာတော့မဟုတ်ဘူး
-ခပ်နနယောက်ျားကိုဘယ်မိန်းမကမှ
အထင်မကြီးဘူး
-ယောက်ျားဆိုတာသတ္ိတရှိရတယ်
ငွေရှာနိုင်တဲ့ယောက်ျားက
ဘာမှမလိုဘူး
မင်းမှာငွေရှိရင် မင်းအနားမှာလူတွေဝဲနေလိမ့်မယ်
မင်းသူတို့ကို သွားခယနေစရာမလိုဘူး
သူတို့ဘာသာမင်းအနားကိုရောက်လာလိမ့်မယ်
မိန်းမဆိုတာ ငွေမက်တဲ့သတ္တဝါနော်
ရိုးရိုးအေးအေးလေးတွေဆိုတာရှားသွားပြီ
ကြိုးစားလို့ရတဲ့အရွယ်မှာ တဟုန်ထိုးကြိုးစားပစ်လိုက်
လမ်းမှားကိုမျက်စတောင်မပစ်နဲ့
မာယာတွေနဲ့ချည်နှောင်ထားတဲ့
relationတွေရှောင်
ဘယ်ကိစ္စမဆို သတိထား
မင်းပန်းတိုင်ရောက်တဲ့အခါ
မင်းကိုပြောတဲ့အတင်းအဖျင်းတွေရပ်သွားမယ်
မင်းကိုကြည့်မဲ့အထင်သေးတဲ့အကြည့်တွေ
ပျောက်ကွယ်သွားလိမ့်မယ်
(4.6.2024)
#Leo #Sarphat
#အမိျုးသားနဲ့အမျိုးသမီးအမြင်နှစ်ဘက်လုံးမှရေးထားပါတယ်
#လိုအပ်ချက်များရှိရင်လည်းဝေဖန်ပေးကြပါဦးရှင့်
Keep Reading