မြ (စံကားဝါမြေ)
ဒီဆောင်းပါလေးကို ကျွန်မ ရေးမယ် ရေးမယ်ဆိုပြီး စိတ်ကူးရင်းနဲ့ပဲ အချိန်ကြာသွားခဲ့တယ်ပေါ့နော်။ တစ်နေ့မှာတော့ Life Explored Channelရဲ့ Comment Boxလေးထဲမှာ စကားပြောရင်းကနေ ခွေးလေးတွေအကြောင်း ဆက်စပ်မိပြီးတော့ စာဖတ်သူလေးတစ်ယောက်ရဲ့ တောင်းဆိုမှုကြောင့် ချစ်စရာကောင်းလှတဲ့ ခွေးလေးတွေအကြောင်းကို ရေးသားလိုက်ရပါတယ်ရှင်...
ဒီဆောင်းပါးလေးကတော့ အရင်ကတည်းက ခွေးချစ်တတ်တဲ့သူလေးတွေအတွက် ပိုပြီးချစ်မြတ်နိုးစိတ် ဖြစ်သွားနိုင်ပြီး ခွေးကြောက်လို့၊ ခွေးမချစ်တတ်တဲ့သူလေးတွေအတွက် ခွေးလေးတွေကို စတင်ပြီး မွေးမြူချင်စိတ်တွေ တဖွားဖွား ဖြစ်ပေါ်လာလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်ရှင်။
ကျွန်မအိမ်မှာဆိုရင် ခွေးလေးတွေ (၃)ကောင် ရှိပါတယ်ရှင်။ သူတို့လေးတွေဟာ လူတွေလို စကားလုံးတွေနဲ့ မပြောတတ်ကြပေမယ့် ကျွန်မတို့ နားလည်စေနိုင်မယ့် အမူအရာလေတွေနဲ့ ဖော်ပြလေ့ရှိပါတယ်။ ဘယ်လိုပုံစံလေးတွေလဲဆိုရင်.....
မနက်ကြီးအိပ်ရာထရင် ကျွန်မတို့က မနိုးသေးဘူး။ ဘေဘီလေးတွေက အိပ်ရာထဲထိလာပြီး လျှာလေးနဲ့ လျက်လျက်ပြီး နေ့တိုင်း လာနှိုးပေးတတ်တယ်။ မနက်ကြီး ကျွန်မ အိပ်ရာထလာပြီဆိုရင်လည်း သူတို့လေးတွေ ဆော့ကစားနေရာကနေ အပြေးအလွှား ထလာပြီး နမ်းကြ၊ ရှုံ့ကြနဲ့ တအားကို ချစ်စရာကောင်းတာပါရှင်။
တစ်ခါတစ်ရံဆိုရင် သူတို့နှုတ်ဆက်တာက အားတွေပါပြီးတော့ ကျွန်မတောင် မြေကြီးပေါ်မှာ လဲသွားတတ်သေးတာ။ အဲ့လိုလဲသွားရင် သူတို့လေးတွေက ပ်ိုသဘောကျပြီး တအားနမ်းကြပြန်ရော့ပဲ။ ?
ကျွန်မ Toiletသွားရင်လည်း အဲ့အရှေ့မှာ ထိုင်စောင့်နေတတ်ကြတယ်။ ကျွန်မ Toiletပေါ်က ပြန်လာမှ သူတို့လုပ်စရာရှိတာတွေကို သွားပြန်လုပ်တယ်။
သူတို့လေးတွေကို "ခွေးလေးတွေကို ရေးချိုးမယ်ဟေ့" လို့ ပြောလိုက်တာနဲ့ (၃)ကောင်လုံး အစအနကို ရှာမတွေ့ရတော့တာပဲ။ ချောင်ကြားတွေထဲ ဝပ်ပြီး ပုန်းကြတာ တအား။ သူတို့လေးတွေကို ရေချိုးမယ်လို့ ပြောပြီး ပြေးပြီး ပုန်းကုန်ကြလို့ "ထမင်းကျွေးမယ်ဟေ့ လာလာ အုံ့အုံ့ ချင်မီ၊ ကုကီ၊ ပူတူးရေ" ဆိုပြီး ကြိုက်သလောက် ခေါ်နေပါစေ။ ထွက်ကိုမလာကြတာပါ။ ?
ထမင်းစားတဲ့အခါမှာလည်း "သူ့ခွက်ထဲက ပိုကောင်းမလား၊ ငါ့ခွက်ထဲမှာ အသားဖက်နည်းနေမလား၊ သူ့ထဲမှာ အရိုးကြီးနဲ့ ငါ့ထဲကျ အရိုးသေးသေး"ကအစ စကားနဲ့ မဟုတ်ပေမယ့် သူတို့လေးတွေရဲ့ မနာလိုဖြစ်မှုကို အမူအရာ၊ အသံတွေနဲ့ ဖော်ပြပြန်ရော့ပဲ။
ဒါတွေအပြင် ကျွန်မတို့ဘက်ကလည်း သူတို့လေးတွေရဲ့ ကျန်းမာရေးကို အထူးဂရုပြုစောင့်ရှောက်ပေးကြရတာပေါ့ရှင်။
(၁) 5 in 1 ကာကွယ်ဆေး ထိုးပေးရတယ်၊
(၂) ကျောက်ရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေးရတယ်၊
(၃) အကယ်၍ လူတစ်ယောက်ယောက်ကို ကိုက်မိသွားခဲ့သည်ရှိသော် မရူးအောင်လည်း ခွေးရူးကာကွယ်ဆေးတွေပါ ဆရာဝန်နဲ့တိုင်ပင်ပြီး လစဉ် အရစ်ကျ ဂရုပြုပေးရတာပေါ့ရှင်။
ကျွန်မအိမ်က ခွေးလေးတွေက ကြောင်နဲ့များ မှားနေသလား အောက်မေ့ရလာက်အောင်ထိကို ကြွက်ခုပ်ကြပါသေးတယ်။ ကြွက်အပြင် ကျွန်မတို့အိမ်ထဲ ဝင်လာမိတဲ့ တိရစ္ဆာန်ကတော့ ဘဝပြောင်းရရှာပါတယ်။ မြွေတွေ့နေရင် အိမ်ရှင်တွေကို ထူးခြားတဲ့ဟောင်သံလေးနဲ့ အချက်ပြတယ်။ သူတို့အချက်ပြလို့ လူက လာနေတုန်းရှိသေး မြွေကို ဆောင့်ဆွဲရမ်းပစ်တာနဲ့ မြွေက နှစ်ပိုင်းပိုင်းသွားရှာပေါ့။ ?
ခွေးလေးတွေဆိုတာက မိမိသခင်အတွက်ဆိုရင် အသေခံပြီးတော့ကို ကျေးဇူးသိတတ်တဲ့ သတ္တဝါထဲမှာပါတယ်။ ဘာ့ကြောင့်လဲဆိုရင် ကိုယ့်သခင် နေမကောင်းဘူး။ သေလုဆဲဆဲ ဖြစ်နေပြီဆိုရင် သူတို့က ကိုယ်စားသေပေးကြတယ်။ အဲ့တာက တကယ့်လက်တွေမှာ များသောအားဖြင့် ဖြစ်ပေါ်နေတာပါ။
ကျွန်မကိုယ်တွေ့ ဖြစ်ရပ်လေးတစ်ခုက COVID-19တုန်းက ကျွန်မအဒေါ်တစ်ယောက် သေလုဆဲဆဲ ခံစားပြီး ဆေးရုံတက်နေရတဲ့အချိန်မှာ ခွေးလေးက အိမ်မှာပဲ ကျန်ခဲ့ပြီး သူ့သခင်အတွက် အသက်ပေးသွားခဲ့တာပါ။ ကျွန်မအဒေါ်ကတော့ ကျန်းမာရေးပြန်ကောင်းပြီး ဆေးရုံက ဆင်းလာနိုင်ခဲ့တာပေါ့ရှင်။
အိမ်စောင့်လည်း အရမ်းကောင်းကြတယ်။ လူစိမ်းလာတာနဲ့ ဟောင်ကြတာ၊ အဲ့ဒီလူ မပြန်မချင်းကို မရပ်ဘဲ ဟောင်တာ၊ မဟောင်နဲ့လို့ ပြောရင်လည်း အဲ့အချိန်ကျ ပြောစကားနားမထောင်တော့ဘူး၊ သွေးကြီးနေကြတာတအား။ ?
ပြီးတော့ တစ်ခါတစ်ရံမှာ ကျွန်မကိုယ်တိုင်တောင်မှ သူတို့လေးတွေဆီကနေ သင်ယူရတဲ့ အချက်လေးတွေရှိတယ်။ အဲ့တာက ဘာလဲဆိုတော့ ဟိုတစ်လောကမှမွေးထားတဲ့ ပူတူးလေးက အခုဆို (၅)လပဲ ရှိသေးပေမယ့် သူရဲ့ စိတ်ဓာတ်လေးက (လုံးဝ)ကို လေးစားစရာကောင်းတယ်။
♡ အဲ့တာက ဘယ်လိုမျိုးလဲဆိုတော့ ပူတူးလေးက သူလုပ်ချင်တဲ့အရာဆိုရင် မရမချင်း အလျှော့မပေးဘူး။ သူက ငယ်သေးတော့ ပစ္စည်းတွေကို အမြင်ပေါ်မှာ ထားရင်လည်း မရရအောင်ကို ယူတတ်တယ်။ ဇွဲလုံးဝမလျှော့ဘူး။ အဲ့ဒီစိတ်ဓာတ်လေးကိုတော့ ကျွန်မ တကယ်ကို လေးစားမိပါတယ်။
နောက်ဆုံးတစ်ခုပြောချင်တာက သူတို့လေးတွေက တိရစ္ဆာန်လေးတွေ ဖြစ်နေပေမယ့် တအားကို အချစ်ခံချင်ကြတာပါ။ လူတွေရှိတဲ့နေရာကိုပဲ ကပ်ပြီး လာနေကြတယ်။ နောက်ထပ် မနာလိုမှုလေးတစ်ခုကတော့ "ချင်မီလေးကို ချစ်လိုက်တာ၊ မမရဲ့ ချစ်ဆုံးသမီးလေးချင်မီ၊ အာဘွား မွမွ" ဆိုပြီး ချင်မီ့ကို ပြောလိုက်ရင် ကုကီနဲ့ ပူတူးဆိုသည်မှာ ကြာရာအရပ်က ပြေးလာပြီးတော့ အမြီးတနံ့နံ့နဲ့ သူတို့ကိုလည်း ချစ်ပါဦးလို့ လာပြောကြသေးတာ။
ကျွန်မရဲ့ ခွေးလေးတွေအကြောင်းကို ပြောနေရင် စာသာရှည်သွားမယ် ပြီးမှာမဟုတ်တော့ဘူး။ အဲ့တာဆိုတော့ ဒီလောက်နဲ့ပဲ မဆုံးသတ်လိုက်တော့မယ်နော်။
စာဖတ်သူလေးတို့လည်း ကျွန်မလို ချစ်စရာခွေးလေးတွေမွေးပြီး အချစ်တွေ တိုးပွားနိုင်ပါစေရှင်.....။
စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်......
✍️ မြ (စံကားဝါမြေ)
#SarPhat
#Mya_Kyaukpadaung
3.6.2024(Monday)
Keep Reading