Author's Profile Photo

Yara

2/06/2024

မေ့သွားလို့ပါ ?

1 min read
Life Style
Personal Development
General Knowledge
မေ့သွားလို့ပါ ?'s photo
ကျွန်မ မေ့သွားလို့ပါ

အခက်အခဲ တစ်စုံတစ်ရာကြုံတိုင်း
အားပေးမယ့် လက်တစ်စုံမျှော်ခဲ့မိတာ...
ဘယ်သူ့မှာမှ ကျွန်မကို အားပေးဖို့ တာဝန်မရှိတာကိုပေါ့။


ကျွန်မ မေ့သွားလို့ပါ

ဆုံးဖြတ်ချက် တစ်ခုချဖို့ခက်တိုင်း
ဝိုင်းဝန်းအဖြေရှာပေးမယ့်သူကို မျှော်ခဲ့မိတာ...
ကျွန်မကို ခေါင်းထဲအမြဲ ထည့်ထားဖို့ ဘယ်သူမှ မတတ်နိုင်တာကို ပေါ့။

ကျွန်မ မေ့သွားလို့ပါ

မွန်းကြပ်လာလို့ ရင်ဖွင့်ချင်တိုင်း
နားထောင်ပေးမယ့်သူ့ကို မျှော်ခဲ့မိတာ...
ကျွန်မအကြောင်းတွေ နားထောင်ပေးဖို့ ဘယ်သူ့မှာမှ နားအပိုတစ်စုံ မပါလာတာကိုပေါ့။

ကျွန်မ မေ့သွားလို့ပါ

တွေဝေပြီး စိတ်ညစ်တဲ့အချိန်တိုင်း
နှစ်သိမ့်စကားတွေ ပြောပေးမယ့်သူကို မျှော်ခဲ့မိတာ...
ကျွန်မကြောင့် ဘယ်သူမှ အမြဲစိတ်ညစ်မပေးနိုင်ဘူး ဆိုတာကိုပေါ့။


ကျွန်မ မေ့သွားလို့ပါ

ထိတ်လန့်အားငယ်ပြီး ဝမ်းနည်းတဲ့အချိန်တိုင်း
မားမားမတ်မတ် ရပ်တည်ပေးနိုင်မယ့်သူကို မျှော်ခဲ့မိတာ...
ကျွန်မ အဖေကလွဲပြီး ဘယ်သူမှ ရှေ့ကဝင်ရပ်ဖို့ မစွမ်းတာကိုပေါ့။

ကျွန်မ မေ့သွားလို့ပါ

နွေးထွေးကြင်နာတဲ့ မေတ္တာကို လိုချင်တိုင်း
ရင်ခွင်‌အနွေးဓာတ်ကိုပေးနိုင်မယ့် ချစ်သူကိုမျှော်ခဲ့မိတာ...
ကျွန်မလိုလူကို ဘယ်သူမှ အနစ်နာခံ မချစ်ပေးနိုင်တာကိုပေါ့။

ကျွန်မ မေ့သွားလို့ပါ

ဒါတွေအားလုံး သိရက်သားနဲ့ အမှတ်မရှိ တောင့်တနေသေးတာ...

ဟော...
ကျွန်မ အရမ်းမေ့တတ်မှန်း ကိုယ်တိုင်မေ့သွားပြန်ပါပြီ...

#မေ့တတ်သော ကောင်မလေး
#Yara
3.6.2024(12:06 AM)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါင်လိုက်ဒရာမာ (Vertical Drama)အာရုံစူးစိုက်မှုပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတာကိုကုစားမယ် စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်