Author's Profile Photo

Sandi Cho

2/06/2024

အမျိုးသမီးလေးတွေမှန်ကန်စွာချစ်တတ်စေဖို့...꒒ ০ ⌵ ୧ ♡.

2 mins read
Life Style
Personal Development
18 Again
အမျိုးသမီးလေးတွေမှန်ကန်စွာချစ်တတ်စေဖို့...꒒ ০ ⌵ ୧ ♡.'s photo


ကျွန်မတို့ မိန်းကလေးတွေက အရမ်းအစွဲအလန်းကြီးကြပါတယ်။နောက်ပြီး စိတ်ကိုအေးချမ်းအောင်မထားနိုင်ကြတာများတယ်။စိတ်ထဲရှိရာကို ထုတ်ပြောတတ်ကြတယ်။အဲဒီကနေ​ ပြဿနာတွေစတာပါပဲ။အဲဒါကြောင့်ဒီစာထဲမှာဆို အမျိုးသမီးလေးတွေ မှန်ကန်စွာ ချစ်တတ်စေဖို့အတွက် ချိုကနေအကြံ၊ဥာဏ်တစ်ချို့ကိုsharingလုပ်ပေးသွားမှာပါ။

သ၀န်တိုစိတ်ကိုထိန်းပါ❤️‍??

အမျိုးသမီးအများစုဖြစ်ကြတဲ့ပြဿနာဟာ သ၀န်တိုကြတာပါ။
ရည်းစားဖြစ်ပြီဆိုတာနဲ့fb passwordတွေတောင်းကြတယ်။‌ကိုယ့်ကောင်လေးကို မျက်‌ခြေမပျက်စောင့်ကြည့်ကြတယ်။အမျိုးသမီးတိုင်းနဲ့လိုက်သ၀န်တိုတယ်။တစ်နည်းအားဖြင်‌ပြောရရင်တော့ ဒါဟာprivacy ချိုးဖောက်တာပါ။

ကိုယ်သာသူ့နေရာမှာဆိုတဲ့စိတ်ကလေးထားကြည့်ပါ။ကိုယ်ကို အဲလိုက်လိုက်ထောက်လှမ်းနေရင် ကိုယ်ရောကြိုက်မလား။အဲတော့အမျိုးသမီးတို့အနေနဲ့ စိတ်လေးခနလျှော့ပြီး‌တော့ သ၀န်တိုစိတ်ကို ထိန်းကြပါ။

တကယ်လို့ ကိုယ့်စိတ်ထိန်းချုပ်လို့မရတော့ဘူးဆို ပွင့်ပွင့်လင်းလင်းသာ မေးလိုက်ပါ။ဒီနေရာမှာ ပြဿနာမရှာမိဖို့တော့လိုပါတယ်။စကားစကတည်းက ကိုကို့ယုံတယ်။ကိုကအဲလိုလုပ်မယ့်သူမဟုတ်ဘူးဆိုပြီး စကားစပါ။
အဲလိုဆိုယောက်ကျားလေးဖက်ကတည်း သူမှားနေတယ်ဆိုတာသိလာလိမ့်မယ်။အသိဉာဏ်ရှိတဲ့ ယောက်ကျားဆိုရင်တော့ သူရဲ့အကျင့်ကို သူကိုယ်တိုင်ပြင်လာပါလိမ့်မယ်။

အချစ်ကSuprise giftတွေပေးမှ မဟုတ်ပါဘူး??

အမျိုးသမီးတော်တော်များများကsuprise giftအပေးခံရမှာ အချစ်ခံရတယ်လို့ထင်ကြတယ်။

ဒီနေရာမှာ အမျိုးသမီးလေးတွေကိုပြောချင်တာက အချစ်ဆိုတာက နွေးထွေးမှုတွေ၊ကြင်နာမှုတွေ၊လေးစားမှုတွေနဲ့တည်ဆောက်ထားတာပါ။အဲဒါကြောင့်အချစ်ကို အချစ်လို့ပဲမြင်စေချင်တယ်။

တစ်ဖက်မှာ ကိုယ်ကအဲလိုမရလို့ ကြေကွဲနေမယ်ဆို ကိုယ်ချစ်သူနေရာမှာ၀င်ကြည့်ပါဦး။သူတို့စိတ်ထဲကောင်းပါ့မလား။
ပြီးတော့ ကိုယ်အားကို ကိုးတဲ့စိတ်ကိုမွေးပါ။ကိုယ်လိုချင်ရင် ကိုယ်ပိုက်ဆံနဲ့ ၀ယ်လိုက်ပါ။ဟိုသူကို အပူတိုက်၊ဒီလူကိုအပူတိုက်‌လုပ်‌နေတာဟာ ကိုယ်ရဲ့ကောင်လေးကိုယ်ကို စိတ်ပျက်သွားစေနိုင်တဲ့အချက်ပါ။

ကျွန်မဆို ပေးတဲ့သူပဲဖြစ်ချင်တယ်။မိန်းကလေးဖြစ်‌နေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အဲလိုတွေ၀ယ်ခိုင်းတာဟာ မမျှတဘူးလို့ထင်မိတယ်။အဲဒါကြောင့် ကိုယ့်အားကိုကိုးထဲစိတ်မွေးပြီး တစ်ဖက်သူကို နားလည်ပေးလိုက်ပါနော။

နံပါတ်1မဖြစ်ချင်ပါနဲ့❌


ကိုယ်ကိုတိုင်တောင် ဘ၀မှာကိုယ့်ကိုယ်ကို အချစ်ဆုံးမလား။တစ်ဖက်သူတွက်လည်းအဲလိုပါပဲ။သူဘ၀အတွက်အ‌​ရေးပါဆုံးက သူပဲဖြစ်သင့်ပါတယ်။သူတွက်အဖိုးတန်ဆုံးအချိန်တွေဟာလည်း သူအတွက်ပဲဖြစ်သင့်ပါတယ်။

ကိုယ်က သူကိုမွေးပေးထားတဲ့ မိဘလည်းမဟုတ်ပဲနဲ့ တအားဦးစားပေးခံချင်တာဟာ မှားယွင်းနေတဲ့ စိတ်ဓာတ်တစ်ခုပါ။အမျိုးသမီးလေးတို့အနေနဲ့ တတ်နိုင်သလောက် ကိုယ်ချစ်ရတဲ့သူကို နားလည်ပေးဖို့ ကြိုးစားကြည့်ပါ။

သူရဲ့အချိန်တွေ သူရဲ့ဘ၀ကို ချစ်သူဆိုတဲ့အကြာင်းပြချက်နဲ့ အပိုင်စားးလိုချင်နေတဲ့ စိတ်လေး၊ခြယ်လှယ်ချင်တဲ့စိတ်က‌လေးတွေကို ပြင်ကြည့်ပါ။

အရွဲ့တိုက်တတ်တဲ့ စိတ်လေးကိုပြင်ပါ/တောင်းပန်ဖို့ မကြောက်ပါနဲ့❗️

သူငါကိုဒီလိုလုပ်တာ ငါကဒီလိုပြန်လုပ်လိုက်မယ်ဆိုတဲ့ စိတ်ကလေးကို ပြင်ကြည့်ပါ။ချိုလည်း အရင်ကအဲစိတ်လေးရှိခဲ့ပါတယ်။သူမှမခေါ်တာ ငါကဘာလို့ သွားခေါ်ရမှာတုန်းဆိုပြီး‌‌တော့ပေါ့။ခုစဉ်းစားကြည့်တော့အဲဒါက အရမ်းကို ကလေးဆန်တဲ့လုပ်ရပ်တွေပါ။‌

ယောင်္ကျားလေးက စချော့ရမယ်ဆို တဲ့ ဥပဒေလည်း မရှိပါဘူး။ကိုယ်မှားရင်လည်း ကိုယ်တောင်းပန်လိုက်ပါ။ကျွန်မတို့အမျိုးသမီးတော်တော်များများက အမှား၀န်ခံရမှာကို တအားမုန်းကြတယ်။

တကယ်‌တော့ အဲဒါရှက်စရာမဟုတ်ဘူးနော။ကိုယ့်ကိုယ်အမှားကို ၀န်ခံတောင်းပန်မယ်ဆို တစ်ဖက်သူအနေနဲ့လည်းစိတ်ချမ်းသာပြီး ကိုယ်အပေါ်အချစ်တွေတိုးလာနိုင်ပါတယ်။အဲဒါ‌​ကြောင့် တောင်းပန်ဖို့ မရှက်ပါနဲ့နော။

ကိုယ့်တန်ဖိုးကို ကိုယ်သိပါ?

နောက်ဆုံးတစ်ချက်အ‌နေနဲ့ကတော့ အချစ်နွံထဲမှာနစ်မြုပ်နေတဲ့ အမျိုးသမီးလေးတွေတွက်ပါ။

ကိုယ်ဟာတန်ဖိုးရှိတဲ့သူတစ်‌ယောက်ဆိုတာ လက်ခံထားပါ။သူငါကိုထားခဲ့တာဟာ ငါမပြည့်စုံလို့လား‌ ဆိုတဲ့အတွေးတွေကိုဖျောက်ပါ။‌လောကမှာperfectဖြစ်နေတဲ့သူဆိုတာမရှိပါဘူး။လူတိုင်းမှာ အားနည်းချက် ကိုယ်စီရှိကြတယ်။အဲဒါကြောင့် တစ်ခြားသူတစ်ယောက်ကမလိုချင်တိုင်း ကိုယ့်ကိုယ်ကို တန်ဖိုးမရှိဘူးလို့မထင်ပါနဲ့။

အချစ်ကဘ၀ကြီးမဟုတ်ပါဘူး။ဒါပေမယ့် အချစ်ကအ​ရေးကြီးတာတော့မှန်ပါတယ်။အချစ်တွေကနေ သင်ယူလို့ရတဲ့ သင်ခန်းစာတွေအများကြီးရှိတယ်။အများစုကအတွေ့အကြုံ ဒဏ်ရာတွေကနေသင်ယူရတာပါ။အဲဒါကြောင့် ကိုယ့်အချစ်ရေးမှာ မကောင်းတာတွေဖြစ်ခဲ့မယ်ဆိုရင်တောင် အဲအဖြစ်ပျက်ကနေကိုယ်သင်ခန်းစာယူလို့ရတဲ့အရာတွေအများကြီးရှိပါတယ်။

အဲဒါကြောင့်အားမလျှော့လိုက်ပါနဲ့။ကိုယ်တွက်မဟုတ်တဲ့အရာတွေကို ဖက်တွယ်မထားပဲ ကိုယ်အတွက်ရှိနေတဲ့ ကိုယ်ဘေးနားကအရာတွေကို မြင်အောင်ကြည့်တတ်ပါစေ အမျိုးသမီးလေးရေ...☘

#SandiCho
#အမျိုးသမီးလေးတွေမှန်ကန်စွာချစ်တတ်စေဖို့
#knowledge

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၅-၈) စာစောင်သုံးဆယ့်လေး-နေ့စဉ်နဲ့အမျှကြိုးစားခြင်းစာစောင်သုံးဆယ့်ခုနစ်-အဆိုးထဲကအကောင်းစာစောင်လေးဆယ့်ကိုး - ဘဝရဲ့အစိုးမရမှု မပြိုင်ပါနဲ့ဖန်တီးပါစာစောင်သုံးဆယ့်တစ်-အမှားတွေကနေရနိုင်တဲ့ တန်ဖိုး