Sandi Cho

ကျွန်မတို့မှာ အိမ်မက်ကလေးတစ်ခုရှိတတ်ကြပါတယ်။ငါချမ်းသာလာရင် မရှိဆင်းရဲသားတွေကိုလှူမယ်ပေါ့။အဲဒီစိတ်ကလေးကမွန်မြတ်ပါတယ်။
ဒါပေမယ့် တကယ် ချမ်းသာလာပြီဆိုရော အဲစိတ်ကလေးက ဘယ်နားရောက်လို့ ရောက်သွားကြမှန်းတောင်မသိတော့ဘူး။ဘ၀ကြီးထဲမှာကျင်လည်ကြရင်းအတ္တတွေကြီးလာခဲ့ကြတယ်။လောဘတွေကြီးလာခဲ့ကြတယ်။
ကိုယ်အောင်မြင်ဖို့တွက် လူတွေအများကြီးကို ချနင်းဖို့လည်း၀င်မလေးကြတော့ဘူး။အကျင့်စာရိတ္တတွေပျက်ပြားလာကြတယ်။အရင်က လူတွေကို ကူညီမယ်ဆိုတဲ့ စိတ်ကလေး ကလည်းပျောက်ပျယ်သွားတတ်ကြတယ်။
အဲလိုမဖြစ်ရအောင် ကျွန်မအကြံပေးချင်တာကတော့ အခုကတည်းကလှူပါ။မရှိလို့မလှူ မလှူလို့မရှိဆိုတဲ့ စကားလေးအတိုင်းပါပဲ။မရှိတဲ့ထဲက နည်းနည်းလေးဖြစ်ဖြစ်ဖဲ့ လှူမယ်ဆိုရင်ရောလှူလို့မရနိုင်ဘူးလား။ဆန်လေးတစ်ခွက်ဖြစ်ဖြစ်၊မုန့်လေးတစ်ခုဖြစ်ဖြစ်ပေါ့။
ကျွန်မအနေနဲ့ဆိုရင်တော့ လှူတာကို အကျင့်တစ်ခုလိုလုပ်ထားတယ်။တစ်လမုန့်ဖို့ သုံးသောင်းရတယ်ဆိုနှစ်သောင်းကိုကျမသုံးတယ်။ငါးထောင်ကိုစုတယ်။ကျန်တဲ့ ငါးထောင်ကိုတော့ တောင်းရမ်းစားသောက်နေတဲ့ကလေးလေးတွေကို မုန့်၀ယ်ကျွေးလိုက်တယ်။
ကိုယ်တတ်နိုင်သလောက်ကလေး တဖြည်းဖြည်းချင်းလှူသွားမယ်ဆို ကိုယ်ရဲ့စိတ်လေးကြည်နူးရသလို၊တစ်ခြားတစ်ဖက်မှာလည်း အကျိုးရှိသွားတယ်။
လှူတဲ့နေရာမှာလည်း တစ်ချို့ရယူလိုစိတ်နဲ့လှူတယ်။ဥပမာ_ဒီလိုလှူရတဲ့အတွက်ကြောင့်ကိုယ်ဘာဖြစ်ပါစေ၊ညာဖြစ်ပါစေဆိုပြီးတော့ပေါ့။
အဲလိုလှူမယ်ဆို ကိုယ်ရဲ့အလှူကတကယ်ပဲမွန်မြတ်ရဲ့လား...?
အဲလိုလှူတဲ့သူတွေက တကယ်တော့ ကိုယ်အတ္တကိုယ်ရွှေချနေကြတာပါ။တကယ်ကုသိုလ်ဆိုတာ ကိုယ်မလိုချင်ရင်တောင် မွန်မြတ်တဲ့စိတ်နဲ့သာလှူမယ်ဆိုရပါတယ်။အဲဒါကြောင့် တစ်ခုခုကို ကူညီတဲ့အခါ ဒါမှမဟုတ် လှူတဲ့အခါ ကုသိုလ်ရလိုတဲ့ စိတ်ကလေးကိုခဏဖျောက်ထားကြရအောင်ပါ။
လူလူချင်းကူညီစောင့်ရှောက်ပေးပြီး အမုန်းတရားတွေအစား မေတ္တာတွေနဲ့ စောင့်ရှောက်၊ကူညီပေးမယ်ဆို ကျမတို့ရဲ့ကမ္ဘာကြီးကလည်း ပိုမိုသာယာလှပလာမှာပါ
ဒါကြောင့် သူဌေးကြီးဖြစ်မှ လှူမယ်ဆိုတဲ့ စိတ်ကလေးအစား သူဌေးဖြစ်အောင်ကြိုးစားရင်း လှူမယ်ဆိုတဲ့ စိတ်ကလေး မွေးကြရအောင်လားရှင်။
#SandiCho
#သူဌေးကြီးဖြစ်မှ လှူတော့မှာလား...?
Keep Reading