SarPhat Author
ကောင်မလေးရေ..?
၁၆နှစ်ဆိုတော့ သူ့အသက်အရွယ်နဲ့အတူ
တွေ့ကြုံကြရတဲ့ စိတ်ခံစားမှု၊အခက်အခဲလေးတွေ၊စိုးရိမ်ပူပန်မှုတွေ ရှိကြတာဟာ သဘာဝပါပဲကလေးရေ...
ဒါမဲ့ လဲ
မင်းအသက်နဲ့စိတ်ခံစားမှုဟာ အဲ့အချိန်အတွက်တော့
အခက်ခဲဆုံးဖြစ်နေမယ်ဆိုတာ ငါ ကောင်းကောင်းနားလည်ပါတယ် ကလေးရယ်...?
မင်းမိဘတွေအတွက်လဲ ကြိုးစားပေးခဲ့ချင်တယ်မလား။
မင်းဟာလဲ မင်းနည်းမင်းဟန်နဲ့ အကောင်းတကာ့အကောင်းဆုံးကြိုးစားခဲ့တာတွေအတွက် ငါ ဂုဏ် ယူလို့မဆုံးပါဘူး။??
အခုချိန်ထိ ၁၆နှစ်အရွယ် က ခံစားမှုတွေကနေ ထွက်လာဖို့သင့်ပါပြီကလေးရေ?
အဲ့အချိန်တုန်းက စိတ် ခံစားမှုတွေ စစ်မှန်ခဲ့တယ်၊ ပျော်ရွှင်ခဲ့ရတယ်။
ဆယ်ကျော်သက် ဘဝကို ပြီးပြည့်စုံစေခဲ့တယ်။??
အဓိပ္ပာယ် တွေရှိခဲ့တယ်။
မသေချာတဲ့ မနက်ဖြန်တွေအတွက် ဆုံးဖြတ်ချက် တွေ ခိုင်မာခဲ့တယ်။?
အရာအားလုံးက စစ်မှန်ခဲ့ပါတယ်။
ကမ္ဘာ ပေါ်က များပြားလွန်းတဲ့ အချစ်ဇာတ်လမ်းတွေထဲ မင်းရဲ့ ပုံပြင်လေးကလဲ စိတ်လှုပ်ရှားဖွယ်ဖြစ်ခဲ့တယ်နော်။?☔
အရာအားလုံးကို အတွက် ပင်ပန်းခဲ့တဲ့ ပျော်ရွှင်ခဲ့တဲ့ ကောင်မလေးကိုလဲ ကျေးဇူး တင်လှပါတယ်။??
အခုတော့ အဲ့အရွယ်ထက် ပိုခက်ခဲတဲ့ အခြေနေတွေနဲ့ ကြုံနေရပြီ။
ပိုဆန်းပြားလှတဲ့ လောကကြီးကို ခြေဆန့်နေရပြီ။?
ဒီအချိန်မှာ လဲ အကောင်းဆုံး သော ကြိုးစားမှုတွေနဲ့ မဆုတ်မနစ် ကြိုးပမ်းနေတဲ့အတွက် စိတ်ချမ်းမြေ့ရပါတယ် ကလေးရယ် ။
လွမ်းမောဖွယ် အချစ်ဇာတ်လမ်းတစ်ပုဒ်ကို အောက်မေ့ရင်း..?
အတိတ်က သူ့ကို တမ်းတရင်း နွံနစ်နေတဲ့ ကောင်မလေးကိုလဲ ပစ္စုပ္ပန်မှာရှိစေချင်လှပါပြီ။??
ကိုယ်တို့ ရှေ့ဆက်ရမယ့်ခရီးက ကျန်နေသေးတယ်။
လူအမျိုးမျိုးနဲ့ ပေါင်းသင်းဆက်ဆံရအုံးမယ်မလား။
မင်းကို အေးချမ်းလွတ်လပ်တဲ့ သူအဖြစ်နဲ့ မြင်ချင်ပါပြီကလေးရယ်။?
အိပ်မက်ကနေ ထပါတော့လို့ တိတ်တိတ် လေး နှိုးလိုက်ပြီနော်။
ဖြစ်ခဲ့သမျှ အရာရာအတွက်ကျေးဇူးတင်တယ်။
ထပ်ဖြစ်လာမဲ့ အရာတွေအတွက်လည်း အကောင်ဆုံးဖြစ်အောင်လုပ်နိုင်မယ်လို့ မင်းကို အကြွင်းမဲ့ ယုံကြည်ပါတယ်။ ☘?
Fighting ကလေးလေး...?
#1/6/2024#shoonthirikyaw
Keep Reading