Author's Profile Photo

အက္ခရာ - Haruki

1/06/2024

SarPhat Authors' ဟောပြောပွဲ

1 min read
Life Style
Personal Development
Education
SarPhat Authors' ဟောပြောပွဲ's photo

❝ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ ❞

❖ ယခု ဒီ SarPhat - (စာဖတ်) ရဲ့ စာပေရပ်ဝန်းလေးကတော့ ကျွန်မရဲ့ ဒုတိယမိသားစုလေးလို့ ပြောရမှာပေါ့ရှင်.....။

❖ ကျွန်မတို့ တက်သစ်စလူငယ် စာရေးဆရာ/ဆရာမလေးတွေ ရေးသားနေကြတဲ့ ဒီ SarPhat - (စာဖတ်)ဟာဆိုရင် မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး Online Platform တစ်ခုဖြစ်တဲ့အပြင် လက်သစ်စာရေးဆရာ/ဆရာမများကို မွေးထုတ်ပေးနေတဲ့ ရတနာသိုက်ကြီးတစ်ခုပေါ့ရှင်......။

❐ ကဲ.... အဲတာဆိုတော့ လက်သစ် စာရေးဆရာ/မတွေက ❝ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ ❞ ဒီဟောပြောပွဲလေးမှာ....

➽ ဘယ်လိုအကြောင်းအရာတွေကို အဓိက ဆွေးနွေသွားကြမလဲ။

➽ စာရေးသူတွေကရော ဘယ်လိုဖြစ်ပြီး စာရေးဖြစ်ခဲ့ကြတာလဲ။

➽ စာဖတ်ဖို့အတွက် ဘာ့ကြောင့် အရေးကြီးတာလဲ။

➽ စာကြည့်တိုက်လေးတွေက ကျွန်မတို့ရဲ့ ဘဝကို ဘယ်လောက်ထိ ပြောင်းလဲပေးနိုင်သလဲ။

➽ စာဖတ်ခြင်းမှာ ဘာအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ။

➽ မိမိက ဒီဟောပြောပွဲလေးကို တက်ရောက်ပြီးတဲ့အချိန်မှာ ကိုယ့်အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်ခဲ့မလဲ။ 

အစရှိသဖြင့် ဟောပြောသွားကြမှာ ဖြစ်ပြီးတော့...

❐ နားဆင်နေကြတဲ့ စာဖတ်ပရိတ်သတ်လေးတွေအတွက် မိမိသိလိုရာ မေးမြန်နိုင်မယ့် အစီအစဉ်လေးကိုလည်း ထည့်ပေးထားသေးတာမို့ စာရေးသူလေးတွေနဲ့ စာ‌ဖတ်သူလေးတွေ အတူတူ ဆွေးနွေးလို့ရပါသေးတယ်နော်။

✤ ကျွန်မတို့ရဲ့ ဟောပြောပွဲလေးကို ပါဝင်အားဖြည့်သွားမယ့် စာရေးသူလေးတွေကတော့.....


➠ အစီအစဉ်တင်ဆက်သူများအဖြစ် 

◆ စာရေးသူ = သစ်တိုင်းမွှေး၊ 
◆ စာရေးသူ = Sam Myu Ter တို့က တာဝန်ယူ ဆောင်ရွက်ကြမှာဖြစ်ပြီး၊ 

➠ ဟောပြောဆွေးနွေးကြမယ့်တက်သစ်စ လူငယ် စာရေးဆရာများကတော့ 

◆ စာရေးသူ = နွေဦးအက္ခရာ၊ 
◆ စာရေးသူ = ကဝိ၊ 
◆ စာရေးသူ = ကိုမျိုးတို့က 

စာကြည့်တိုက်များတိုးတက်ရေးနဲ့ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဟောပြောဆွေးနွေးကြမှာ ဖြစ်ပါတယ်။ 

➠ ပွဲအခမ်းအနားကြီးရဲ့ နှုတ်ဆက် ကျေးဇူးတင်စကားကို ပြောသွားပေးသွားမယ့် စာရေးသူလေးက‌တော့....

စာဖတ်သူလေးအားလုံးရဲ့ အချစ်တော်
◆ စာရေးသူ = မြ (စံကားဝါမြေ)ပဲ ဖြစ်ပါတယ်ရှင်။

❐ မြရဲ့ အသံချိုချိုလေးကို နားဆင်ချင်တဲ့ မြရဲ့ စာဖတ်သူလေးတွေကတော့ အဆုံးထိ စောင့်မျှော်နားဆင်ပေးကြပါဦးရှင်......။


(အဲ့လိုပဲ အချောဆုံး၊ အလှဆုံး၊ ချစ်စရာအကောင်းဆုံးတွေက အမြဲတမ်း နောက်ဆုံးမှ ပွဲထွက်တာလေ ဟဲဟဲ) 

? စာဖတ်သူလေးတွေရဲ့ 5.6.2024(ဗုဒ္ဓဟူးနေ့) ည(၇)နာရီမှ (၉)နာရီအတွင်း အချိန်(၂)နာရီလေးက စာဖတ်သူလေးတွေရဲ့ ဘဝကို အောင်မြင်မှုပန်းတိုင်တွေဆီ အရောက်ပို့ပေးသွားမယ့်အချိန်လေး ဖြစ်တာမို့ မဖြစ်မနေ တက်ရောက်ပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင်။ 


? အခမ်းအနား ကျင်းပမည့်‌ရက် = 5.6.2024(Wednesday)

? အခမ်းအနား ကျင်းပမည့်အချိန် = ည (7:00 - 9:00)

? အခမ်းအနား ကျင်းပမည့်နေရာ = Zoom Meeting 

စာရင်းပေးသွင်းရန် -1. @Nway_Oo_Akayar
                2. @Author_Mya_Kyaukpadaung_5581
                3. @jojogoldenwee
                4. @Thittine
               5. @Thunsett
#SarPhat
#စာပေဟောပြောပွဲ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)