SarPhat Author
ကျွန်မတို့လူသားတွေ ရဲ့ ပထမဆုံးဘဝ စာမျက်နှာက မွေးဖွားခြင်း ဖြစ်ပီးတော့ ဘဝရဲ့နောက်ဆုံးစာမျက်နှာ ကတော့ သေဆုံးခြင်းပါပဲ ။ ဒါပေမဲ့ ကျွန်မတို့ လူသားတွေက သေဆုံးခြင်းဆိုတဲ့ အရာကိုမေ့ပီး ဘာမဟုတ်တဲ့ မာနတွေ ၊ အတ္တတွေ ၊ လောဘတွေ ၊ရန်ငြိုးတွေ ထားတတ်ကြတယ် ။ တခါတလေဆို ဘာမဟုတ်တဲ့ အကြောင်းရာလေး၁ခုကြောင့်နဲ့ ကျွန်မတို့ ချစ်ရတဲ့ မိဘတွေကိုပါ စိတ်ဆင်းရဲအောင် လုပ်မိတတ်ကြတယ် ။ တကယ်လို့ ဒီနေ့သာ ကျွန်မတို့ နောက်ဆုံး ရှင်သန်ရတဲ့နေ့သာဆိုရင် ကျွန်မတို့ ချစ်တဲ့သူတွေကို စိတ်ဆင်းရဲအောင် လုပ်မိပါ့မလား ။ တကယ်လို့ စိတ်ဆိုးစရာ ကိစ္စရှိရင်တောင် စိတ်ဆိုးမှာ မဟုတ်ပဲ ခွင့်လွှတ်မှာ မဟုတ်လား ။
နောက်ပီးတော့ ချစ်သူတွေ ဆိုရင်လဲ ရန်ဖြစ်ပီးရင် ဘာမဟုတ်တဲ့ မာနတွေကြောင့် တယောက်နဲ့တယောက် မခေါ််််မပြောနိုင်ဖြစ်ပီး ချစ်ရသားနဲ့ ဝေးသွားတာမျိုး ရှိတယ် ။ တကယ်လို့ ဒီနေ့သာ ကျွန်မတို့ နောက်ဆုံး ရှင်သန်ရတဲ့နေ့သာဆိုရင် မာနတွေကို ခဝါချပီး ကိုယ်ရဲ့ ခံစားချက်အမှန်ကို ဖွင့်ပြောမိမှာပဲမလား ။
ပီးတော့ ဘဝရဲ့ရှင်သန်ချိန်က ခဏလေးပါ ။ သေဆုံးခြင်းဆိုတာကလဲ အသက်အရွယ်မရွေးရောက်လာနိုင်ပါတယ် ။ အဲတာမို့ ကျွန်မတို့ရှင်သန်ရတဲ့ အချိန်လေးမှာ စိတ်တိုစရာရှိလာတဲ့အခါ ကျွန်မတို့ နောက်ဆုံး ရှင်သန်ရတဲ့နေ့လို့တွေးကြည့်လိုက်ပါ ။ ခွင့်လွှတ်နိုင်တယ်ဆိုရင် ခွှင့်လွှတ်ပီး အေးအေးချမ်းချမ်း နေထိုင်လိုက်ပါ ၊ ခွင့်မလွှတ်နိုင်ရင်လဲ ရန်ငြိုးတွေမထားပဲ ဥပေက္ခာပြုလိုက်ပါ ။ ဘဝက တိုတောင်းပါတယ် ။ ပီးတော့ ကျွန်မတို့တွေက ချစ်ရတဲ့သူတွေကို "ချစ်တယ်" ပြောဖို့မေ့နေတတ်ကြတယ် ။ ဒါပေမဲ့ ကိုယ်ချစ်တဲ့သူတွေကို ချစ်တဲ့အကြောင်းမပြောပဲ သေဆုံးသွားမယ်ဆိုရင်တန်ပါ့မလား ။ ဒါ့ကြောင့် ကျွန်မတို့ချစ်ရတဲ့သူတွေကို ချစ်တဲ့အကြောင်းခဏခဏပြောပီး တယောက်ကိုတယောက် ဂရုစိုက်ရင်း ပျော်််ပျော််််််ရွှင်ရွှင် ဖြတ်သန်းလိုက်ရအောင်။
ကျွန်မတို့ရဲ့ နေရက်တိုင်းကို နောက်ဆုံးရှင်သန်ရတဲ့နေ့လို့ သဘော ထားမယ်ဆိုရင် ဘဝက အပူတွေကင်းပီး အေးချမ်းနေမှာပါ။
Eaindra {1.6.2024}
Keep Reading