Author's Profile Photo

SarPhat Author

31/05/2024

အောင်မြင်မှုနှင့်ပျော်ရွှင်မှု

2 mins read
Life Style
Business
Book Review
အောင်မြင်မှုနှင့်ပျော်ရွှင်မှု's photo

သင်ဟာ အောင်မြင်မှုနဲ့ပျော်ရွှင်မှု ဘယ်အရာကို ရွေးချယ်မယ်လို့ စိတ်ကူးထားလဲ။ထို့အပြင် ထိုအရာထဲက တစ်ခုရှိရုံနဲ့ သင်၏၏ဘဝကို ကျေကျေနပ်နပ် ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားနိုင်မယ်လို့ ယုံကြည်နေသလား။
ထိုသို့ ယုံကြည်ခဲ့တယ်ဆိုရင် ကျွန်ုပ်အမြင်နဲ့ အတွေးလေးကို ပြောပြချင်ပါတယ်။ရူးကြောင်ကြောင်နိုင်တယ်လို့ သင်တို့ထင်မြင်ရင်လည်း ကျွန်ုပ်နားလည်ပါတယ်။
ကဲ ကျွန်ုပ်အမြင်လေးကို ပြောပြပေးပါမယ်။

ဥပမာ ဆန့်ကျင်ဘက်ပုံပြင်တစ်ပုဒ်နဲ့ပြောပြပေးချင်ပါတယ်။

ပုံပြင်လေးမှာဆိုရင် လူတစ်ယောက်ဟာ ဆယ်ကျော်သက်ကတည်းက အောင်မြင်မှုကိုပဲ မက်မောတမ်းတနေတာကြောင့် သူဟာ သူလိုချင်တဲ့ အောင်မြင်မှုဆီရောက်ဖို့ အစွမ်းကုန်ကြိုးစားအားထုတ်ခဲ့ပါတယ်။ထိုသို့ ကြိုးစားအားထုတ်သောကြောင့် သူဟာ ပတ်ဝန်းကျင်နှင့်မိမိတန်ဖိုးတာတဲ့ အရာတွေပေါ်မှာ အာရုံမစိုက်နိုင်တဲ့ အခြေအနေရောက်လာပြီး အောင်မြင်မှုကို ဘဝလို့မြင်လာကာ အထီးကျန်ခြင်းကို ခံစားရခြင်းဖြင့် သေဆုံးသွားပါတယ်။သူဟာ အောင်မြင်မှုနောက်ကို အာရုံထားခဲ့မိလို့ မိမိရဲ့ ပျော်ရွှင်မှုကိုပျောက်ဆုံးခဲ့ပါတယ်။ထိုကြောင့် ထိုသူ လောကကြီးထဲ ထွက်သွားခါနီး၌ သူပြန်တွေးမိရင်းနောင်တရပါတယ်။ဘာကြောင့်ဆို သူအောင်မြင်မှုနောက်ကိုလိုက်တာဟာ မိမိလိုချင်တဲ့အရာကို ခံစားဖို့ပါ။သို့သော် သူဟာ ထိုအရာကိုမေ့ခဲ့ပါတယ်။ဒါကြောင့် သူဘဝကို ပျော်ရွှင်ခြင်းကင်းမဲ့ပြီး ကုန်ဆုံးခဲ့ခြင်းကြောင့် နောင်တရစွာဖြင့် ဘဝကူးသွားရပါတယ်။

ဟုတ်ပြီ ပျော်ရွှင်မှုနောက်ကို လိုက်တဲ့ နောက်တစ်ယောက်။

သူဟာ ငယ်ကတည်းက ပျော်ရွှင်ခြင်းကို မက်မောခဲ့ပြီး ပျော်ရွှင်ဖို့ပဲလုပ်ဆောင်ပါခဲ့ပါတယ်။သူဟာ အပျော်တွေ လိုက်စားတယ်။မိမိစိတ်ရဲ့ဆန္ဒကိုပဲ ဦးစာပေးတယ်။ပျော်ရွှင်မှုက လွဲပြီးကျန်တာ အရေးမထားခဲ့ပါဘူး။ထိုပျော်ရွှင်မှုနောက်ကိုလိုက်တော့ သူ့ဘဝမှာ ဘာဆိုဘာမှ ကျေနပ်အားရစရာ တစ်ခုမှမည်မည်ရရ မလုပ်ခဲ့ပါဘူး။သူဟာပျော်ရွှင်ခြင်းနဲ့ အချိန်ကို ကုန်ဆုံးချင်တယ်။သို့သော် ထိုပျော်ရွှင်ဖို့အတွက် ငွေလိုမယ် သို့မဟုတ် တစ်စုံတစ်ခု၊တစ်စုံတစ်ယောက် ထိုအရာတွေကို လိုလိမ့်မယ်။ဒါပေမဲ့ သူဟာ ပျော်ရွှင်ခြင်းကိုပဲလိုချင်တာ၊အောင်မြင်မှုမှမဟုတ်တာ၊ဒါကြောင့် သူဟာထိုအရာတွေ မရှိလည်းမရှိသလို၊ရှ်တော့လည်း တန်ဖိုးမထားဘဲ နေပါတယ်။ထိုအခါ သူဘဝဟာ အပျော်လွန်စွာ မက်မောပြီး အပျော်နဲ့ဘဲ နေထိုင်ခြင်းနဲ့ ဘဝကူးရပါတယ်။ထိုကူးချိန်အတွင်းမှာ သူ့ဘဝကို အပျော်လိုက်စားခဲ့ခြင်းကြောင့် သူနောင်တလွန်စွာရပါတယ်။

ဟုတ်ပြီ အောင်မြင်မှုနောက်လိုက်သူနဲ့ပျော်ရွှင်မှုနောက်လိုက်သူတို့ဟာ နောက်ဘဝကူးတံတားမှာ ဆုံကြပါတယ်။ထိုအခါ နှစ်ယောက်သား စကားပြောဖြစ်ကြတော့ အပျော်သမားက အပျော်စကားတွေ၊သူပျော်ရွှင်ခဲ့တာတွေ၊ထိုပျော်ရွှင်မှုကြောင့် ဘဝပျက်ခဲ့တာတွေကို သူ့ဘဝကို ပြန်စဥ်းစားရင်း အောင်မြင်မှုမရှိတာကြောင့် အားမလိုအားမရဖြစ်နေရကြောင်း၊ဘဝရဲ့ အချိန်တွေကို ပြန်လည် နှမြောကြောင်းကို အောင်မြင်မှုသမားကို ပြောပြတယ်။
အောင်မြင်မှုနောက်လိုက်သူက သူအောင်မြင်မှုကို ဘယ်လိုဘယ်ပုံယူခဲ့ပုံ၊အောင်မြင်မှုနောက်ကို ပဓာနထားပြီး လိုက်တာကြောင့် အထီးကျန်ရပုံ၊ပျော်ရွှင်မှုဆိုတာကို မတွေးခဲ့၊မလုပ်ခဲ့ဘဲ စက်ရုပ်တစ်ရုပ်ပမာ အမြဲလိုလို လုပ်ရပုံတို့ကြောင့် ပျော်ရွှင်မှုကို မယူခဲ့ပဲနေပုံ။ဒါတွေကြောင့် အရေးထားတဲ့အရာတွေ အပေါ်မှာ အချိန်မပေးနိုင်ခဲ့တာကြောင့် သူထိုအရာတွေကို ဆုံးရှုံးခဲ့ပုံတွေကို ပြောပြပါတယ်။
ထိုအခါ သူတို့နှစ်ယောက်ကလည်း မင်းကငါ့ထက်သာပါတယ်ကွာ ဘာညာနဲ့ ပြောကြချိန် သေမင်းရောက်လာပြီး
မင်းတို့နှစ်ယောက်လုံး ဘယ်သူမှမသာဘူး။အချိန်နဲ့ဘဝကို ကောင်းကျိုးရှိအောင် မသုံးခဲ့ဘူး။ခုမှ ပြန်နောင်တမရနေနဲ့တော့
လို့ ပြောတော့ ထိုသူနှစ်ယောက်က တစ်ယောက်မျက်နှာတစ်ယာက်ကြည့်ပြီး
အေးကွာ တို့နှစ်ယောက်လုံးရဲ့ ဘဝဟာ အနှစ်သာရမရှိခဲ့ဘူးပဲ။တို့တွေဟာ တစ်ခုတည်းရှိရုံနဲ့ အသက်ရှင်ရပ်တည်နိုင်တယ် ထင်မိခဲ့တာ။ဒီလိုထင်ခဲ့မိလို့ပဲ တို့တွေရဲ့ဘဝကို အခုနောင်တရနေကြရတယ်။
ဟုပြောကြတယ်။ပျော်ရွှင်မှုနောက်လိုက်သူက
ငါက ငါ့ဘဝကို နှလုံးသာနဲ့အသက်ရှင်ခဲ့တယ်။ဦးနှောက်ကိုတော့ ပစ်ပယ်ထားခဲ့မိတယ်။
ဟုဝမ်းနည်းစွာပြောတယ်။
အောင်မြင်မှုနောက်လိုက်တဲ့သူက
ငါက ဦးနှောက်နဲ့ပဲ အသက်ရှင်ခဲ့ပြီး နှလုံးသားကို ပစ်ပယ်ထားခဲ့မိတယ်။
ဝမ်းနည်းစွာပင် ပြန်ပြာတယ်။ထို့နောက် သူတို့နှစ်ယောက်က တို့တွေသာ လူပြန်ဖြစ်ခဲ့မယ်ဆိုရင် ဒီအရာနှစ်ခုကခုကို လုပ်ဆောင်ပြီး နေထိုင်သွားတော်တယ်။ဒါပေမဲ့လည်း တို့တွေနောက်ကျသွားပါပြီ။
သူတို့နှစ်ယာက်စကားကို နားထောင်နေတဲ့သေမင်းက မင်းတို့သာလူပြန်ဖြစ်ရင် တကယ်ဒီအရာနှစ်ခုကို အသေအချာအကျိုးရှိစွာ ပြုမူမှာလား။ထိုနှစ်ယောက်က အသေအချာလုပ်ပါမယ်လို့ ပြောတယ်။ထိုအခါ သေမင်းက သူတို့ကို ငါမင်းတို့ကို ပြန်လာခေါ်တဲ့ အချိန်ကျရင် မင်းတို့ဘဝရဲ့အနှစ်သာရတွေကို ကြားချင်တယ်လို့ ပြောပြီး သူတို့ကို လူ့ဘုံပြန်ပို့ပေးလိုက်တယ်။မွေးခင်းစအရွယ်ပေါ့။နောက်တော့ ဆယ်ကျော်သက်တွေဖြစ်လာရင်း အောင်မြင်မှုနဲ့ပျော်ရွှင်မှုကို အကျိုးရှိစွာ၊ကောင်းမွန်စွာ ပြုမူဆောင်ရွက်လာခဲ့ရင်း ဘဝကူးပြောင်းတော့နောင်တဆိုတာ တစ်စက်မှ မရခဲ့ပါ။သေမင်းကိုလည်း သူတို့လုပ်ခဲ့တာကို အားရပါးရ ကျေနပ်စွာ ပြန်ပြောပြတာကြောင့် သေမင်းလည်း ဝမ်းသာကျေနပ်ရပါတယ်။


ဒီပုံပြင်မှာဆိုရင် အောင်မြင်မှုနဲ့ပျော်ရွှင်မှုရဲ့အရေးပါပုံ၊နှစ်ခုလုံးက ဒွန်တွဲနေပုံတွေကို ဖော်ပြပေးထားပါတယ်။ဒါကြောင့် ကျွန်ုပ်တို့တွေဟာ ခုကတည်းက တစ်ခုပဲရွေးချယ်ထားတယ်ဆိုရင်တော့ နှစ်ခုလုံးကို အကျိုးရှိစွာ အသုံးချဖို့ ကျွနုပ်အကြံပြုလိုပါတယ်။ဒါမှ မိမိအရေးထားတဲ့ ပတ်ဝန်းကျင်နဲ့မိမိဘဝဟာ ကျေနပ်ဖွယ်ကောင်းနေမှာပါ။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)