Author's Profile Photo

ယဥ်သီရိလှိုင်(ဆောင်း)

31/05/2024

အသိုက်

1 min read
Health
Art
18 Again
အသိုက်'s photo

အသိုက်
အပိုင်း ၆

ဒီည အမေ့ကိုလဲစိတ်ပြေလက်ပျောက် စိတ်လေးလန်းသွားအောင် အတူတူ ချောင်းသာကိုခရီးထွက်ကြမယ် ကိုကြီးကတော့အိမ်စောင့်နေခဲ့တယ်
တီတောင်....
"အမေအပေါ့သွားဦးမလား လာခေါ်ပြီထင်တယ် "
"မသွား‌တော့ဘူး သမီးအမေ့ကိုတွဲ လာ "
"ကိုကြီးရေ နီ့ကိုအထုပ်လေးလိုက်ပို့ပေးပါဦး အမလေးတံခါးက"
"နီ.. အန်တီရလား လာကျွန်တော်တွဲမယ်"
အမေက ကျွန်မကိုကြည့်နေတယ် ကိုနဲ့အဆင်ပြေရဲ့လားဆိုတဲ့အကြည့်ပါ ကျွန်မဘာမှမပြောတော့အမေကအလိုက်တသိနဲ့
"ရတယ်သား သမီးနဲ့ဘဲသွားလိုက်မယ် "
"အာ ဟုတ် အထုတ်တွေရောအန်တီ အော်ကိုကြီးကျွန်တော့ကိုပေးလေ "
"ရပါတယ်ကွ ငါနိုင်ပါတယ် အေးဆေး"
အမေတို့ကကျွန်မသဘောမပါရင်ဘာမှလုပ်မှာမဟုတ်ပါဘူး အဲ့လိုဘဲ ကိုနဲ့ကျွန်မကိစ္စကို ကိုကြီးကဘဲဖျတ်ပေးတယ်
"နီ.... ကိုပြောစရာရှိလို့ ခနလောက်အချိန်ရမလား"
"ကားလာတော့မှာမို့ဘာပြောမလို့လဲဒေါက်တာ "
"အဲ့တာဆို နီဘယ်တော့လောက်ပြန်ရောက်မလဲ‌ဘဲပြောပေးနော်"
"မသိသေးဘူးအဲ့တာတော့ "
"အာ့ဆို ကိုဖုန်းဆက်ရင်ကိုင်ပေးနော် ခနခနမဆက်ပါဘူး "
"ဟုတ်ကဲ့"
......
ကျွန်မစကားမတည်ခဲ့ပါဘူး ကို့ဖုန်းကိုလဲမကိုင်ခဲ့ဘူး အမေ့ကိုပြန်လိုက်ပို့ပြီး ကျွန်မတယောက်တည်းကျိုက်ထီးရိုးကိုတခေါက်ခရီးပြန်ထွက်ခဲ့တယ် ဒီနေ့နဲ့ဆို၃ရက်ရှိပြီ ဖုန်းရဲ့ callတိုင်းမှာ ကိုကနေရာယူထားတယ် ဒါမယ့်အကြောင်းတွေက ကိုနဲ့ကျွန်မကိုပြန်ဆက်သွယ်စေခဲ့ပါတယ်
???
"ညီမလေး အမေသတိလစ်သွားတယ် အိမ်အမြန်ပြန်ခဲ့ပါ အခုထွက်မယ့်ကားစီးခဲ့ "
"ရှင် အမေ အမေအခုဘယ်မှာလဲဆေးရုံမှာလားကိုကြီး အခုရောဘယ်လိုနေလဲ "
"အေးအခုဆေးရုံမှာ နင်မြန်မြန်လာခဲ့ အမေ့အခြေနေသိပ်မကောင်းဘူး "
ကျွန်မပထမဆုံးမြင်မိတဲ့မျက်နှာဟာ ကိုဘဲ ကို့ဆီဖုန်းဆက်ခဲ့တယ် ထုံးစံအတိုင်းကျွန်မရဲ့ဖုန်းခေါ်သံစစချင်းမှာ ကိုဖုန်းကိုင်တယ်
"ကို ..."
"နီ..နီ ဘာလို့ငိုနေတာလည်း ဘာဖြစ်တာလည်းကို့ကိုပြောလေ"
"ကို အမေ့ကိုကြည့်ပေးပါဦး နီတောင်းပန်ပါတယ် အမေသတိလစ်သွားတယ်တဲ့ အခုသွားပေးပါနော် "
"အန်တီလား အခုဆေးရုံမှာလား ဟုတ်ပြီနော်နီ ကိုအခုသွားလိုက်မယ် "
ကျွန်မဆေးရုံရောက်တော့အမေကခွဲစိတ်ခန်းထဲမှာ‌သွေးခဲကကြီးလာလို့တဲ့ ချက်ချင်းခွဲစိတ်ရတယ် အာမမခံပေမယ့် လုပ်ကြည့်မယ်လို့ဆရာဝန်ကပြောတယ် အမေ့တွက်ဆုတောင်းပေးရုံကလွဲပြီး ဘာမှမလုပ်ပေးနိုင်ဘူး
"ဒေါက်တာ အမေရောဟင် အမေဘယ်လိုနေလဲ "
"...."
"အမေ...ကိုကြီး အမေအခု အခုဘာဖြစ်သွားပြီလည်း ဟင် ကိုကြီး...."
"မငိုပါနဲ့ကွာ အမေ့မှာဒီလောက်ဘဲကံပါလို့ပါ အမေဝဍ်ကျွတ်သွားပြီးမှတ်လိုက်ပါ "
"မဟုတ်ဘူး နီနဲ့ဟိုရက်ကဘဲအတူရှိခဲ့ကြတာလေ ဘာလို့လဲ "
"နီ...အန်တီကောင်းရာဘုံရောက်အောင်ကိုတို့လုပ်ပေးကြမယ်လေ နီငိုနေတာအန်တီကကြည့်ရက်မလား"
"ကိုရယ် အမေကလေ ဟင့်...ဟီး...အမေ"

လက်ရှိ
"ယောင်းမ ဒီဘက်ကိုလက်ဖက်ပန်းကန်လေးလာချပေးပါဦး ကြက်ဥမြေပဲလေးရော"
ထုံးစံအတိုင်း အကိုလေးကအမေ့ဈာပနမှာလောင်းကစားဝိုင်းထောင်ဖို့တွေးနေတယ်
"အကိုလေး လွန်နေပြီမထင်ဘူးလား "
"ဟ ဘာလဲ ဘာတွေလာပြောနေတာလဲ နင်နဲ့ဘာဆိုင်လို့လဲနီလာ အငယ်ကအငယ်လိုနေ"
"အကိုလေးကြောင့်ဘဲ အမေခုလိုဖြစ်ရတာ အကိုလေးကြောင့် "
"ဟာ ဒီဟာမ ပြောလေဆိုးလေ ကဲဟာ"
"အာ့...ရိုက်လေအကိုလေးထပ်ရိုက်ပါ အမေ့လိုဖြစ်သွားအောင်ရိုက်လိုက် "
"နင်ကတော့ "
"အကိုလေး မလုပ်ပါနဲ့ လူတွေရှိတယ်လေ ဒါအကိုလေးညီမပါ "
"မင်းဘာဝင်ပြောပြန်ပြီလဲ မင်းနဲ့မဆိုင်ဘူး ?သား"
"အကိုလေး ကိုနဲ့ဘာမှမဆိုင်ဘူး ပြောချင်ညီမကိုပြော မဆိုင်တဲ့သူကိုမဆဲပါနဲ့ ညီမပြောတာတွေမှားနေလို့လား အမေ့ကိုနောက်ဆုံးအချိန်ထိစိတ်ချမ်းသာအောင်အကိုလေးထားပေးလား ကိုယ့်အမေရဲ့နောက်ဆုံးခရီး‌မှာ‌အမြတ်ထုတ်ချင်တဲ့ အကိုလေးလိုလူစားမျိုး အရမ်းရွံဖို့ကောင်းတယ် "
"?မ နင့်ကိုငါလုပ်မိတော့မယ် "
"ဟေ့ကောင် ငါကြည့်နေတာအကောင်းမှတ်နေလား သွားစမ်းငါ့အိမ်ပေါ်ကဆင်း မင်းရဲ့အရှုပ်ထုပ်တွေပါယူသွား နောက်ဘယ်တော့မှငါ့အိမ်မလာနဲ့ "
"ကိုကြီး "
"မင်းကိုငါသွားလို့ပြော‌နေတယ် "
"တောက်."

အပိုင်း ၇နောက်ရက်တင်ပေးပါမယ်ရှင့်
ချစ်သော readers လေးတွေ၊?

Keep Reading

Doorway Effectအရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?လူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု သင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အာရောဂျံ ပရမံ လာဘံမပြိုင်ပါနဲ့Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။စိတ်၏ အဟန့်အတား( barrier of mental health)