Phoo Thitsar Nyo
လူတွေက ပျော်ရွှင်မှုလို့ ကြားရင်
အကောင်းဆုံးတွေကို ရမှ၊
အကောင်းဆုံးတွေကို ခံစားရမှ
ပျော်ရွှင်နိုင်မယ်လို့ ထင်တတ်ကြတယ်
အဲ့ဒီအတွေးတွေကြောင့်ပဲ...
ပိုက်ဆံတွေအများကြီး ရှာလာကြတယ်...
အလုပ်ကောင်းကောင်းရဖို့ ကြိုးစားကြတယ်... တိုက်ကြီးကြီးမှာ နေကြတယ်၊
ကားအကောင်းစားဝယ်စီးကြတယ်
ဒါပေမယ့်
ကိုယ် အဲ့ဒီအရာတွေကို
ရလာတဲ့အခါ ထင်သလောက် ပျော်ရွှင်မှုကို
မရခဲ့ဘူး...။
ငါ အများကြီးပေးဆပ်ခဲ့ပေမဲ့
ပြန်ရတာက ဒီလောက်ပဲလားဆိုတဲ့
ခံစားချက်မျိုးကို ခံစားခဲ့ရတာများပါတယ်
တကယ့်ပျော်ရွှင်မှုအစစ်အမှန်ဟာ
ကြီးမားတဲ့အရာတွေ၊ အကောင်းဆုံးအရာတွေနဲ့
မသက်ဆိုင်ခဲ့ပါဘူး...
မိမိရဲ့စိတ်နဲ့ပဲ သက်ဆိုင်တာပါ...
ကျွန်မ ဇာတ်ကားလေးတစ်ပုဒ်ကြည့်ခဲ့ဖူးတယ်
Basketball ကစားတဲ့ကားလေးပေါ့...
အဲ့ကားလေးထဲက ဇာတ်ကောင်တစ်ယောက်ပေါ့
သူဟာ Basketball ကစားရတာကို မပျော်ပါဘူး။
ဒါပေမဲ့ သူသာ ဒီBasketball ကို ကျွမ်းကျင်ပြီး
ဆုကိုသာ ရခဲ့မယ်ဆိုပြီး သူသေချာပေါက်
ပျော်ရွှင်လိမ့်မယ်လို့ ထင်ခဲ့ပါတယ်။
ဒါကြောင့်ပဲ သူအရမ်းကိုကြိုးစားခဲ့ပါတယ်...။
အဲ့အတွက် အရမ်းအောင်မြင်ခဲ့ပါတယ်
ကစားနေတဲ့သူတိုင်း အားကျရလောက်တဲ့အထိကို
တော်ခဲ့ပါတယ် ပြိုင်ပွဲတိုင်းမှာလည်း ရှုံးပွဲမရှိသလောက် နိုင်ခဲ့ပါတယ်။ ဒါပေမယ့်
သူ့ကို ပျော်လားမေးရင် သူမပျော်ခဲ့ပါဘူး...။
ဒါဟာ ဘာလို့လဲ...
သူဟာ ရလဒ်ကိုပဲ အရမ်းအာရုံစိုက်ခဲ့ပါတယ်
ငါဒါကို ရရင် သေချာပေါက်ကို ပျော်မှာဆိုတဲ့စိတ်နဲ့
အဲ့ဒီအရာကို လုပ်ခဲ့တာပါ...
အဲ့မှာ သူဟာ သူနဲ့မတူတဲ့
တခြားအဖွဲ့ကို တွေ့ခဲ့တယ်...။
သူတို့မှာ ကျွမ်းကျင်လှပါတယ်ဆိုတဲ့ အရည်ချင်းတွေအများရီးပိုင်ဆိုင်မထားခဲ့ပါဘူး။ ပွဲတိုင်းကိုလည်း မနိုင်ခဲ့ဘူး ဒါပေမဲ့ သူတို့ကို ကြည့်လိုက်တဲ့အခါ အရမ်းကို ပျော်နေကြပါတယ် အရှုံးကိုရင်ဆိုင်ရသည့်တိုင် သူတို့ဟာ အကောင်းဆုံးလုပ်ခဲ့တာမို့ ပျော်ပျော်ကြီး ရင်ဆိုင်ခဲ့ကြပါတယ်
အပေါ်က ပြောတာလေးကို စဥ်းစားကြည့်မယ်ဆိုရင် သူဟာ အရမ်းကို ကျွမ်းကျင်ပါတယ်၊ အရည်အချင်းအရမ်းရှိတယ်...။
ဒါပေမဲ့ သူဟာ မပျော်ရွှင်ခဲ့ပါဘူး...။
ဒါဟာ ဘာကြောင့်လဲဆိုရင်
သူဟာ အဲ့ဒီအရာကို ချစ်မြတ်နိုးခြင်းမရှိခဲ့ပါဘူး
အဲ့ဒီအရာကို လုပ်ရတာကို လုံးဝ စိတ်မဝင်စားခဲ့ဘူး
အဲ့အတွက်ကြောင့် ဒီဆုဟာလည်း သူ့အတွက်တော့
ဘာမှ တန်ဖိုးမရှိပါဘူး
အရှုံးကို ရင်ဆိုင်ရတာတောင် ပျော်နေတဲ့အဖွဲ့ဟာ
သူတို့အတွက် Basketball က ဘဝရီးလိုပါပဲ
သူတို့ဟာ ဒီဟာကို ချစ်မြတ်နိုးကြတယ်
ဒီလိုမျိုးဆော့နေရတာကိုက သူတို့အတွက် အရမ်းကိုပျော်ရွှင်နေရခဲ့ပါပြီ ဒါကြောင့် သူတို့ဟာ
ဘယ်လောက်ပဲ ရှုံးနေပါစေ ဒီအရာကို ချစ်မြတ်နိုးတာမို့ ဆက်ဆော့ပြီး ဆက်ပြိုင်နေကြအုံးမှာပါပဲ
တကယ့်ပျော်ရွှင်မှုဟာ ကျွန်မတို့ရဲ့စိတ်ပါပဲ
ကျွန်မတို့ရဲ့တိုင်းတာမှုတွေအပေါ်မှာ မူတည်တာပါ။
တချို့တွေရဲ့ပျော်ရွှင်မှုဟာ ရိုးရှင်းပါတယ်...
အကောင်းဆုံးတွေကို ရဖို့ထက်...
အခုလက်ရှိရနေတဲ့အရာတွေကိုက
သူတို့အတွက် ပျော်ရွှင်မှုပါပဲ။
သူတို့ဟာ သူတို့မြတ်နိုးတဲ့အရာကို လုပ်တယ်။
နေ့ရက်တိုင်းမှာ သူတို့ချစ်တဲ့အရာတွေနဲ့
ဖြတ်သန်းတယ် သူတို့မှာရှိတဲ့အရာတွေကို တန်ဖိုးထားတဲ့စိတ်၊ ကျေးဇူးတင်တဲ့စိတ်နဲ့ ကြည့်တယ်။
သူများတွေရဲ့ဘဝကို လိုက်မကြည့်ဘူး။
ကျွန်မတို့ဟာ ပျော်ရွှင်မှုကို ပေတံနဲ့တိုင်းတာနေသလိုပါပဲ... အောင်မြင်သွားရင် ပျော်ရွှင်မယ်လို့
တိုင်းတာလိုက်တဲ့အခါ အောင်မြင်နေတဲ့သူတိုင်းကို
ပျော်နေမယ်လို့ ထင်ကြတယ်...။
မအောင်မြင်သေးတဲ့သူတွေကတော့
မပျော်ကြဘူးလို့ ထင်နေကြတယ်
ဒါပေမဲ့ ကိုယ့်ရဲ့တိုင်းတာမှုပေတံကို
နည်း"လေးပြောင်းလဲကြည့်လိုက်ပါ
အရင်က ကိုယ်မမြင်နိုင်ခဲ့တဲ့ပျော်ရွှင်မှုတွေကို
မြင်တွေ့လာရပါလိမ့်မယ်
ကျွန်မရဲ့ပျော်ရွှင်မှုကတော့
ကျွန်မစားချင်တာလေးတွေ စားနေရတာက
ပျော်ရွှင်မှုပါပဲ၊ ကျွန်မကြည့်ချင်တဲ့ ဇာတ်ကားလေးတွေ ကြည့်နေရတာက ပျော်ရွှင်မှုပါပဲ၊
ကျွန်မစိတ်ဝင်စားတဲ့စာအုပ်လေးကို ဖတ်လိုက်ရတာကလည်း ပျော်ရွှင်မှုပါပဲ...
သူများတွေအတွက်တော့ အသေးအမွှားလေးတွေပါပဲ ဒါပေမဲ့ ကျွန်မအတွက်တော့ ဒါဟာ ပျော်ရွှင်မှုပါပဲ
အခုလို အဆုံးထိဖတ်ပေးတဲ့အတွက်
ကျေးဇူးအများကြီးတင်ပါတယ်
နေ့ရက်တိုင်းမှာ ပျော်ရွှင်နိုင်ပါစေ ??
-ဖူးသစ္စာညို
(31.5.2024 Friday 7:15 p.m)
Keep Reading