SarPhat Author
ဗုဒ္ဓဘာသာဖြစ်ရင် သင်ဟာ အနည်းဆုံးတော့ ကံကံ၏ အကျိုးကို ယုံကြည်သူဖြစ်ရမယ်။ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်၊ဆိုးတာလုပ်ရင် ဆိုးတာဖြစ်မယ်ဆိုတာကိုတော့ ယုံကြည်သင့်တယ်။ဆိုးတာလုပ်ပြီးကောင်းတာတွေဖြစ်တယ်ဆိုတာ အတိတ်ဘဝက ကောင်းမှု့ကုသိုလ်ကံကြောင့် ဆိုတဲ့ ကံကံ၏ အကျိုးကို ယုံကြည်လက်ခံရမယ်။ဒါကြောင့် ကောင်းတာ ဘယ်လောက် လုပ်လုပ် ကောင်းတာဖြစ်မလာပါဘူးကွာဆိုတာ သင့်ရဲ့အတိတ်ဘဝက အတိတ်ကံဆိုးတွေကို ပေးဆပ်နေရတယ်လို့ ယုံကြည်ရမယ်။ဒါကိုတောင် ဆိုးတာတွေကိုထပ်လုပ်နေရင် သင်ရဲ့နောင်ဘဝ(ဒါမှမဟုတ်)ယခုဘဝမှာ ဆိုးတဲ့ကံတွေ ထပ်ခါထပ်ခါ ရောက်လာလိမ့်မယ်။ဒါကြောင့် ကောင်းမှု့ကုသိုလ်ကို ပှံမှန်လေး ပြုလုပ်ပေးဖို့ မြတ်စွာဘုရားရှင်က ဟောကြားထားခဲ့တယ်။ဒါကြောင့်ဗုဒ္ဓဘာသာမှန်ရင် ကံကံ၏ အကျိုးကို ယုံကြည်လက်ခံပြီးတော့ ကောင်းမှု့ကုသိုလ် ပြုလုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်ဗျ။
# kango
Keep Reading