Author's Profile Photo

Phoo Thitsar Nyo

30/05/2024

အားနာတတ်တဲ့သူလေးသို့ပေးစာ...

1 min read
Life Style
Personal Development
အားနာတတ်တဲ့သူလေးသို့ပေးစာ...'s photo

???
ချစ်ရသူလေးရေ...
အမြဲတမ်း သူများအတွက်ပဲ တွေးပေးနေရတဲ့အခါ
ကိုယ့်ရဲ့စိတ်ကလေးက နာကျင်ပင်ပန်း
လာတတ်ပါတယ်

ဘာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူးဆိုပြီး
အမြဲတမ်းသည်းခံပေးနေတာဟာ
ကောင်းပေမဲ့ တကယ်တော့ မကောင်းပါဘူး
ကိုယ့်အတွက် အဆင်ပြေမနေတဲ့အရာကို
သူ့အတွက်ဆိုပြီး အမြဲတမ်းသည်းမခံပါနဲ့

မင်းလေးအနားမှာ အမြဲရှိနေပေးမှာက
မင်းကိုယ်တိုင်ပါပဲ...
မင်းစိတ်လေးအနာတရဖြစ်သွားရင်
မင်းကိုယ်တိုင်ပဲ ပြန်ကုစားရမှာပါ
ဒါကြောင့် သူများပေးတဲ့ဒဏ်ရာတွေကို
လက်မခံပါနဲ့...

ကိုယ့်ရဲ့ဘဝ၊ ကိုယ့်ရဲ့နှလုံးသား၊
ကိုယ်ရဲ့စိတ်လေး ပျော်ရွှင်စေဖို့
စည်းလေးတစ်ခုတော့ ချမှတ်ထားပါ
အဲ့စည်းကို ဘယ်သူ့ကိုမှ ကျော်ခွင့်မပေးပါနဲ့

ကျော်လာခဲ့ရင်လည်း မကြိုက်တဲ့အကြောင်းကို
ပွင့်ပွင့်လင်းလင်းပြောဆိုပါ...
ကြားရတာ နားခါးချင်ခါးပါလိမ့်မယ်
ဒါပေမဲ့ သေချာပေါက်ပြောပါ

မင်းဘဝရဲ့တန်ဖိုးရှိတာတွေကိုပဲ
လုပ်ပါ၊ အချိန်ပေးပါ။
အားနာတတ်တဲ့စိတ်ကြောင့်နဲ့
ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အရာတွေကို
မဆုံးရှုံးပါစေနဲ့

ကိုယ့်ဘဝရဲ့စည်းထဲကို ဘယ်သူ့ကိုမှ
ကျူးကျော်ခွင့်မပေးလိုက်ပါနဲ့...

-ဖူးသစ္စာညို
(30.5.2024 Thursday 2:45 p.m)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)