Author's Profile Photo

SarPhat Author

30/05/2024

Iron Lady (သို့) ဘဝကိုအရှုံးမပေးတဲ့သူ

4 mins read
Iron Lady (သို့) ဘဝကိုအရှုံးမပေးတဲ့သူ's photo

(နိဂုံး)

ကျွန်မက တကယ့်ကို ထူးခြားသူတစ်ယောက်လို့ ပြောလို့ရနိုင်မယ်ထင်တယ်။
ပထမဦးဆုံး ဘီးတပ်ကုလားထိုင်မှာ ထိုင်းခဲ့တဲ့ နေ့တစ်နေ့ကို ခုအချိန်ထိ အမှတ်ရနေဆဲ့ပါပဲ။ ဒုက္ခိတ ဘဝမျိုးနဲ့ ဘဝကိုတော့ ဘယ်တော့မှ လက်မြောက် အရှုံးမပေး ဘူးလို့ မိမိရဲ့စိတ်ကို တင်းထားသလို၊ ကျွန်မဘဝရဲ့ လက်ကျန် နေ့ရက်တွေမှာလည်း လမ်းလျှေက်လို့ မရနိုင်တာကိုလည်း သ်ိ​နေတယ်။ ဒီလိုနဲ့ ​ကျွန်မ မှန်ထဲမှာ ကိုယ့်ရုပ်ကို ကိုယ်ကြည့်ရင်း ကိုယ့်ကိုယ်ကို စကားတွေပြောနေမိတယ်။

ကိုယ်ပြောခဲ့တာတွေကိုလည်း အမှတ်ရနေမိတယ်။ ပြန်လည်လမ်းလျှေက်တတ်လာဖိုဆိုတဲ့ အံဖွယ်ရပ်မျိုးကိုလည်း မစောင့်နိုင်တော့ပါဘူး၊ သနားသမှုအလိုငှာ မသန် စွမ်းလို့ တောင်းပန်ခယ​နေရတာမျိုး၊ အခန်းထောင့်တစ်နေရာမှာထိုင်ပြီးငိုနေရတဲ့အဖြစ်မျိုးကိုလည်း မလိုချင်ပါဘူး။ ဘာလိုလည်းဆိုတော့ အချိန်ဆိုတာ လူတိုင်းအတွက် တန်ဖိုးရှိလိုပါပဲ။

ကိုယ့်ဘဝရဲ့လက်ရှိအခြေအနေကိုလက်ခံမှရမှာပဲလေ။ စောနိုင်သမျှ ပိုကောင်းလေပေါ့။ ဒါကြောင့် ပထမဆုံးအ​နေနဲ့ နှုတ်ခမ်းနီဆိုးကြည်တယ်။ ပြီးတော့ ပြန်ဖျက်တယ်၊၊ ငိုလည်းငိုမိတယ်။

'' ငါဘာတွေလုပ်နေပါလိမ့် ''လို့လည်းပြောမိပြန်တယ်။

ဘီတတ်ကုလားထိုင်ပေါ်က လူတစ်ယောက်ဟာ ဒါမျိုကိုမလုပ်
သင့်ဘူးလေ။ လူတွေရဲ့ပြောစရာတွေ ဖြစ်ကုန်ကြတော့မှာပေါ့။ ဒါကြောင့် အဲဒိီစိတ်တွေကို ရှင်ထုတ်လိုက်တယ်။ မေ့ထားလိုက်တယ်။ဒီအချိန်က ကိုယ့်ဘဝကို ကိုယ်တိုင် ဖန်တီရမည့်အချိန် ဆိုပြီး ကိုယ့်ကိုယ်ကို ပြန်ပြီးဆုံးမယူလိုက်ရတယ်။

ကျွန်မရဲ့အတွင်းစိတ်တွေ ခိုင်မာနေစေဖို့၊ မပြိုလဲသွားစေဖို့ အားအင်သစ်တွေ မွေးယူရမယ်ဆိုတာကို သိလာခဲ့တယ်။ ကိုယ့် ဘဝကို ကိုယ့်ကိုယ်တိုင် မှောင်းနှင်ရမယ်ဆိုတဲ့ အသိနဲ့ အဲဒီနေ့မှာပဲ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချလိုက်ပါတယ်။ကျွန်မဟာ တစ်စုံတစ်ယောက်အတွက် ပြီးပြည်စုံတဲ့သူ မဖြစ်ချင်ပါဘူး။
ကိုယ့်ဘဝကို ကိုယ်တိုင်ကပဲ ပြီးပြည့်စံအောင် လုပ်ရပါမယ်။

အကြောက်တရားတိုင်း ဘယ်ကစလည်းဆိုတာ အားလုံးကိုသိကြမှာပါ။ အဲဒီနေ့မှာပဲ ကျွန်မရဲ့အကြောက်တရားတွေကို တိုက်ထုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်မတို့အားလုံးမှာ အကြောက်တရားတွေ ကိုယ်စီရှိကြစမြဲပါပဲ။ မသိတဲ့အကြောက်တရားရော၊သိတဲ့အကြောက်တရားရောပေါ့။ လူတွေကိုဆုံးရှုံးရမှာကြောက်ကြတယ်။ ကျန်းမာရေး၊ငွေရေးကြေးရေတွေ ဆုံးရှုံးရမှာကိုစိုးရိမ်ကြတယ်။ အသက်မွေးဝမ်း
ကျောင်းလုပ်ငန်းတွေမှာ တောင့်တင်းခိုင်မာချင်ကြတယ်။ ကျော်ကြားချင်ကြတယ်။ ငွေရချင်ကြတယ်။ ဒီလိုနဲ့ပဲ တစ်ချိန်လုံး ကျွန်မတို့တွေဟာ စိုးရိမ်ပူပင်နေကြရတယ်။

ဒါကြောင့် အကြောက်တရားအားလုံးကို တစ်ခုချင်းချရေးပါတော့တယ်။ပြီးတော့အဲဒီအကြောက်တရားတွေကို အချိန်အတိုင်းတာတစ်ခုမှာ ကျော်လွား နိုင်ရမယ်လို့လည်း ဆုံးဖြတ်ချက်ချလိုက်တယ်။ ကျွန်မအကြောက်ရဆုံးအရာက တရားဝင်ကွာချင်းပြတ်စဲခြင်းပါပဲ။ ကျွန်မဒီစကားလုံးကို ရင်မဆိုင်ရဲလောက်အောင် ကြောက်ခဲ့ရတယ်။

ကိုယ့်အပေါ် ခါးခါးသီးသီး လက်မခံချင်တဲ့ လူစားမျိုးအပေါ် မှာ ဖက်တွယ်နေဖို့ကြိုးစာခဲ့မိတယ်။ ဒါပေမဲ့ ကျွန်မဘာမှ စောတကမတက်ခဲ့ဘူး။ ကျွန်မ သူ့ကို ကွားချင်းပေးလိုက်ပါတယ်။ ဘာဆိုဘာမှ တွေဝေမနေတော့ပါဘူး။ ဒါ့အပြင် သူ့ကိုလက်လွတ်လိုက်ရလို့ ကျွန်မကိုယ်တိုင်လည်း အချုပ်အနှောင်ကင်းသွားသလိုမျိုး ခံစားရတယ်။ ဒါပေမဲ့လည်း နောက်အိမ်ထောင် ပြုသွားပြီလို့ သတင်းရတဲ့နေ့မှာ ကျွန်မ စိတ်ကို့ မနည်းခိုင်အောင် တင်းထားခဲ့ရပြန်တယ်။ ပြီရင်

'' ကျွန်မ ရှင့်အတွက် အရမ်းဝမ်းသာပါတယ်။

ရှင်ဘဝတစ်လျောက် အကောင်းဆုံးဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်'' ဆိုပြီး

စာရေးပြီးပြောလိုက်တယ်။

ကျွန်မအကြောက်ဆုံးဖြစ်ခဲ့ရတဲ့နံပါတ် ၂ ကတော့ တဖန် မိခင်တစ်ယောက် ဖြစ်ခွင့်မရနိုင်တော့တာပါပဲ။ အဲဒါက ကျွန်မအတွက် တော်တော့်ကို ဝမ်းနည်းပက်လက်ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ ကလေးတွေအများကြီးရှိ​နေပါလားဆိုတာ သဘော ပေါက်လိုက်တယ်။ ကျွန်မအတွက် နောက်ထပ် ကလေးတွေကို မွေးစားဖို့ အခွင့်အရေးတွေ ရှိနေတယ်။ ဆိုတော့ ငိုနေစရာအကြောင်းမရှိတော့ဘူးလေ။ သွားပြီးကောက်ယူမွေးစားလိုက်ရုံပေါ့၊ အဲဒါဟာ ကျွန်မ ဆုံးဖြတ်ထားခဲ့တဲ့ အရာပါ။

မိဘမဲ့ ကလေးဂေဟာမျိုးစုံ၊ အဖွဲ့အစည်းမျိုးစုံတွေမှာ ကျွန်မရဲ့နာမည်ပေးထားလိုက်တယ်။ ဒါပေမဲ့ ကလေးတစ်ယောက် အရမ်းလိုချင်နေတဲ့ ဘီးတပ်ကုလားထိုင်ပေါ်က ကျွန်မဆို တာကိုတော့ ပြောမထားခဲ့ဘူး။ ယောက်ျားလေး ဖြစ်ဖြစ်၊ မိန်ကလေးဖြစ်ဖြစ် မွေးစားချင်နေသူဟာ Muniba Mazari (မှုနီဘာ မာဇာရီ) ပါပဲလို့တော့ ကျွန်မ သူတို့ကိုပြောပြထားတယ်။ တကယ်လည်း ကျွန်မ ကလေးတစ်ယောက်ကို မွေးစားချင်ခဲ့တာဆိုတော့

ကျွန်မ စိတ်ရှည်ရှည်နဲ့ စောင့်ခဲတယ်။ နှစ်နှစ်အကြာမှာတော့ ပါကစ္စတန်မှ မထင်ရှားတဲ့မြို့ငယ်လေးတစ်မြို့မှ ကျွန်မကိုဖုန်းဆက်လာပါတယ်။

''ခင်ဗျားက မူနီဗာမာဇရီ ဟုတ်ပါသလား။ ကလေးက ယောက်ျားလေးပါ ၊ခင်ဗျားမွေးစားချင်ပါသလား'' တဲ့

"ဟုတ်ကဲ့'' လို့ ကျွန်မ ပြောလိုက်တဲ့အချိန်မှာတော့ တကယ့်ကိုယ် နှင်နှင်သီးသီး ခံစားရလိုက်ရတယ်။

''ဟုတ်ကဲ့ပါရှင့်.. ဟုတ်ကဲ့ပါ ကျွန်မ ကလေးကို မွေးစားပါမယ်ရှင့်။ ကလေးကို အိမ်ကိုခေါ်ယူဖို့ ဆက်ဆက်လာခဲ့ပါမယ်ရှင့် '' လို့ အမောတကောနဲ့ ပြန်ပြောလိုက်မိပါတယ်။

ကျွန်မ ကလေးဆီ ကိုရောက်တော့ အမျိုးသားတစ်ယောက်ထိုင်နေတယ်။ ပြီးတော့ ကျွန်မကို ခြေဆုံး၊ခေါင်းအဆုံး လိုက်ကြည့်နေတယ်။

ကျွန်မ ထိုလူကို ကျောခိုင်းထားပြီ တွေးနေမိတယ်။

ဘီးတပ်ကုလားထိုင်နဲ့ နေရတဲ့ ကျွန်မလို မိန်းမသားတစ်ယောက်က ကလေးကိုမွေးစားဖို့ ဖြစ်နိုင်ပါ့မလား...ထိုက်တန်ပါမလားပေါ့။

ခဏနေတော့မှ ကျွန်မက ဘီးတပ်ကုလားထိုင်နှင့်နေရတာကို အပြစ်မမြင်ဖို့ ထိုလူကို ရင်ဆိုင် ကြည့်ပြီးပြောပြ လိုက်ပါတယ်။ သူကဘာပြန်ပြောလည်းဆိုတော့

''ခင်ဗျားက ဒီကလေးရဲ့မိခင်ကောင်းဖြစ်မှာကို ကျွန်တော်သိတယ်၊ခင်ဗျားတို့နှစ်ယောက် အတူနေခွင့်ရလို့ ကံကောင်းကြမှာပါ'' တဲ့လေ။

ကျွန်မသွားတဲ့နေ့ကဆို ကလေးကလေးဟာ ၂ ရက်သားလေးပဲရှိသေးတယ်။

ကျွန်မမှာ နောက်ထပ်အကြောက်တရားတစ်ခု ရှိနေပြန်သေးတယ်။ အဲဒါကဘာလည်းဆိုရင် ကျွန်မကို လူ​မြင်မခံရဲတဲ့အကြောက်တရားတစ်ခုပါပဲ။ ကျွန်မ နှစ်နှစ်ကြာ အိပ်ရာပေါ်မှာ နေရတုန်းကဆိုရင်၊ တံခါးတွေ ပိတ်ထားလေ့ရှိတယ်။ဘယ်သူနဲ့မှလည်း မတွေချင်ခဲ့ပါဘူး။ လာတွေ့ချင်ကြတဲ့ လူတွေကို လည်း ကျွန်မအိပ်နေကြောင်း ပြေားခိုင်လိုက်တယ်။


အကြောင်းကတော့ သတင်းမေးသူတွေရဲ့ သနားဂရုနာသက်တာမျိုး ကျွန်မ မခံစားနိုင်လိုပါ။သူတို့တွေက ကျွန်မကို လူနာတစ်ယောက်လို ဆက်ဆံကြတာလေ။

ကျွန်မပြုံးတဲ့အချိန်ဆို

'' ဟေ့.. သူပြုံနေတယ် ၊ နေကောင်းတယ်မလား'' ဘာညာဘာညာပေါ့ ။

" နေကောင်းတယ်မလာလား'' လို့

မေးခွန်းတွေမေးခံရရင် ကျွန်မ စိတ်မောရတယ်။

သူတို့တွေရဲ့မျက်စိထဲမှာ ကျွန်မက သနားစရာလို့မျိုး ကျွန်မ တကယ်မလိုချင်ခဲ့တာအမှန်ပါပဲ။ ခုအချိန်မှာတော့ ကျွန်မ စင်မြင့်ပေါ်ကနေ လူတွေကို အံ့ဖွယ် စကားတွေ ပြောနိုင်တာဟာ ကျွန်မရဲ့ ​အကြောက်တရားတွေကို ကျော်လွှားနိုင်လို့ပါပဲ။

ကျွန်မလို ဒုက္ခိတ သာမန်မိန်မတစ်ယောက် ကိုမဆိုပါနဲဦး။ ပြည့်စုံကုန်လုံတဲ့ လူတန်းစာတွေတောင်မှ ပြည့်စုံတယ်ဆိုတာမရှိတာမို့ ၊လူတွေက သူတို့ကို အသိမှတ်ပြုခံရမှာမဟုတ်ဘူးလို့ တချိုလူတွေက ထင်ကောင်းထင် ကြပါလိမ့်မယ်။

ကျွန်မ သိရသလောက် ဘယ်သူတစ်ယောက်ကိုမှ ဟုတ်တိပတ်တိ အကူညီးမပေးနိုင်တဲ့ မသန်စွမ်းဆိုင်ရာ အသိပညာပေး NGO တခုခုကို တည်ထောင်မည့်အစား ပြည်သူတွေရှေ့​ထွက်ပြဖို့ အစပျိုးလိုက်ပါတယ်။

ကျွန်မပန်းချီစဆွဲတယ်။ ကျွန်မက အမြဲလိုလို ပန်းချီဆွဲချင်နေခဲ့တာဆိုတော့ ခုအချိန်မှာ ပန်းချီပြခန်းခန်းတွေလည်းဆောက်ထားပြီးပါပြီ။ Toni & Guy တို့လို စံထားလောက်တဲ့ ကင်ပိန်တွေလည်းတည်ထောင်ထားပြီးပြီ။

ကြုံလာတဲ့ အတားအဆီးအခက်အခဲတွေကို ဟာသလုပ်ပစ်လိုက်တယ်။ လူရွင်တော်ရပ်ကွက်လို့ ပြောလို့ရတဲ့နေရာ တစ်ခုရှိတယ်။ ကျွန်မက အဲဒီမှာ လူရွင်တော်တစ်ယောက်တောင် လုပ်လိုက်ပါသေးတယ်။

ကျွန်မကတော့ လူတွေကို သားကောင်လို ဇတ်သွပ်သွင်းပြီး စိတ်ဆင်းရဲ့စရာတွေ၊ကျားသနားမှ နွားချမ်းသာမှာမျိုး၊ စေတနာဗန်းပြပြီး လက်တွေ့အလုပ်မလုပ်ကြတဲ့ အဖွဲ့အစည်းတွေ ထူထောင်ထားကြတဲ့ လူတွေလက်ထဲ့မှာ ကျွန်မကတော့ ဘယ်တော့မှ စ​တေးခံမှာမဟုတ်ပါဘူး။

ဒါကြောင့်လည်း ကျွန်မ ပါကစ္စတန်မှ ရုပ်မြင်သံကြား အစီစဥ်တခုမှာ တင်ဆက်သူတစ်ဦးအဖြစ် ပါဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ကိုယ်က ကိုယ်ဘဝရဲ့ လက်ရှိအခြေအနေကို လက်ခံလိုက်တဲ့အခါမှာ လောကကြီးကလည်း ကိုယ့်အပေါ်မှာ ပြန်ပြီး အသိမှတ်ပြုလာတာပါပဲ။ လောကမှာ အရာအားလုံးဟာ ကိုယ်တိုင် လက်ခံနိုင်တဲ့ ဘောင်အတွင်းကပဲ အစပျိုးပါတယ်။




Kyi San Khin

Ref:https://m.facebook.com/story.php?story_fbid=163332041701031&id=100365547997681

Keep Reading