ယဥ်သီရိလှိုင်(ဆောင်း)

အသိုက်
အပိုင်း ၄
တီ....တီ...
"ဟယ်လို "
"ကို ဘာလုပ်နေလဲ အားလား "
"အင်း ခနလေးနော် ကိုခနနေပြန်ဆက်လိုက်မယ် "
သူ့ကြည့်ရတာလဲ ဒီအကြောင်းသိပုံမပေါ်ပါဘူး ပြောမှဖြစ်မှာ ပြောရမယ်
"ဟယ်လို နီ ဘာဖြစ်လို့လဲ"
"ကို ကိုကြီးကို့ကိုပြောပြီးပြီလား "
"ဘာပြောတာလဲ မပြောပါဘူး "
"အာ့ဆို ကိုကအခုဘယ်မှာလဲ ဆေးရုံမှာလား"
"ဟုတ်တယ် ဘာလို့လဲ "
အမြဲတမ်းအူတူတူအတတနဲ့ ဘာစကားမှပြောလို့မကောင်းဘူး သူ့မေးတာပြန်မဖြေဘဲဖုန်းချပြီး ဆေးရုံကိုတခါတည်းတန်းသွားလိုက်တယ် တလမ်းလုံးဖုန်းတွေဆက်တာ မကိုင်ရင်မခေါ်နဲ့တော့ပေါ့ ဘယ်လောက်ပြောပြောမရတဲ့လူကြီးပါ
"ဟိုညီမလေး ဒေါက်တာဇီဝရှိလား "
"ဟုတ်ကဲ့ ဘိုကင်ယူထားလားရှင့် နာမည်လေးပြောပေးနော်"
"အမနာမည်ပြောပေးနော် သူသိပါတယ် နီလို့ပြောပေးပါ"
"ဟယ် ဒေါက်တာချစ်သူလား sorry sorryအမ ခနလေးနော် "
ကိုတယောက် အလုပ်ကသူတွေကိုပြောထားပုံရတယ် nurseမလေးကကို့ရုံးခန်းဘက်ထွက်သွားပြီး ကျွန်မကတော့ထုံးစံအတိုင်း ပူရှိန်းသကြားလုံးလေးငုံရင်းစောင့်နေလိုက်တယ်
"ညီမ "
"အော် ဒေါက်တာ နေကောင်းတယ်နော် မတွေ့တောင်ကြာပြီ "
"အင်း ဇီဝဆီလာတာလား ဒီကောင်ကြီးအလုပ်ရှုပ်နေတယ်ထင်တယ် မနက်ကလူနာနည်းနည်းများတယ်လေ နေ့လည်စာစားပြီးပြီလားညီမရော"
"မစားရသေးဘူး သူ့ကိုပါခေါ်ပြီးမှစားမလို့ ဒေါက်တာရောလိုက်ခဲ့ပါလား အော်ဟိုမှာလာပါပြီ"
"ဟော ကိုမျိုးမှဟုတ်ရဲ့လားလို့ကြည့်နေတာ ကျွန်တော်လဲအလုပ်ရှုပ်တော့ဆေးရုံတခုထဲတောင်ကိုမျိုးတို့ဌာနဘက်မရောက်ဖြစ်ပါဘူးဗျာ အဆင်ပြေတယ်မလားကိုမျိုး"
"အေးကွာပြေတယ်ဘဲဆိုရမလား ဒီညတော့ညဆိုင်းနဲ့ညားပြီကွ မင်းတို့နေ့လည်စာစားမယ်ဆိုငါလဲလသွားပြီ အလုပ်ရှိသေးတယ် သွားပြီညီမရေ"
"နီ ဘာမှမစားရသေးဘူးလား ခုနကဖုန်းချသွားပြီးပြန်ဆက်တော့မကိုင်ဘူး ထင်တော့ထင်တယ်လာပြီဆိုတာ"
"မစားရသေးဘူးလေ ရှင့်ကိုပြောချင်လွန်းလို့ ဘာလဲ ရှင်ကစားပြီးပြီလား"
"ပေါင်မုန့်တချပ်"
......
"ကို ကိုကြီးဘာမှမပြောဘူးဆို အန်တီတို့ရောဘာပြောသေးလဲ"
"လုပ်ပြန်ပြီကွာ ကိုမှမသိတာ နီကပြောလေ "
"မပြောချင်ပါဘူးဆို ထားပါ ကိုကြီးကပြောတယ် အန်တီတို့နဲ့တွေ့ပြီး နီတို့ကိုလက်ထပ်ခိုင်းဖို့ရက်တောင်ရွေးပြီးပြီတဲ့ ကိုကြီးမပြန်ခင်လုပ်ပေးခဲ့မယ်ပြောတယ် ဒါမယ့်"
"ဟင် ဟုတ်လား မိုက်လိုက်တာကွာ ထင်တယ်ထင်တယ်ကိုကြီးကတခုခုလုပ်ပေးမယ်ဆိုတာ"
"ဘာမိုက်တာလဲ ဘာမိုက်တာလဲ ဟမ် လူကြည့်တော့အလုပ်တဖက်ဖင်ယားလို့တောင်မကုတ်အားတဲ့လူက "
"ကို့အတွက်ဆိုဘာမှစိတ်မပူနဲ့ နီကပထမဘဲ အလုပ်ကနောက်ထား "
"ကိုကရပေမယ့် နီကမရဘူးလေ အမေလဲရှိသေးတယ် နောက်ပြီးအိမ်ထောင်မပြုချင်သေးပါဘူး "
"မပြုလို့တော့ရမလား ကိုစောင့်လာတာဘယ်နနှစ်ရှိပြီလဲ ကို့ဘက်ကိုရောတွေးကြည့်ဖူးလား"
....
သူနဲ့ကျွန်မစကားများပြီးအိမ်ပြန်လာတော့ ကျွန်မမရောက်ခင်ကိုကြီးနားထဲကျွန်မအကြောင်းကအရင်ရောက်သွားပြီ အတိုင်ပြောထူလို့ပြောရင်မကြိုက်
နောက်တခုက အကိုလေးတို့မိသားစုပါရောက်နေတယ် အေးပေါ့ ဒါပုံမှန်ဘဲလေ ကိုကြီးရှေ့ဆိုတမျိုးနောက်ကွယ်ဆိုတမျိုးတွေလာပါပြီ
"ညီမ ပြန်လာပြီလား လာ ညီမကြိုက်တဲ့အာလူးရွှေကြည်ဝယ်လာတယ် လာ"
"ဟုတ် အမတို့ဘယ်တုန်းကရောက်တာလဲ ဟိတ် ပူပူ လာဦးဒီကို"
"တီတီ သားကိုမုန့်ဖိုးပေး "
"ပေးမှာပေါ့ လုံးလေးရောယူမှာလား အာဘွားပေးပါဦး"
"ဒီကလေးတွေကွယ် မုန့်ဖိုးဆိုတာနဲ့ပြောမနေနဲ့ ဟိုတနေ့ကလဲဇီဝလာတာကို မုန့်ဖိုးတွေတောင်းလို့လေ ဟိုကလည်းသဘောကောင်းသလားမမေးနဲ့ကလေးကလည်းချစ်တတ် "
"ကိုကအမတို့ဆီလာတာလား "
"အေး နင့်အကိုနဲ့စကားပြောတာတွေ့တာဘဲ"
ကျွန်မထင်သလိုမဖြစ်ပါစေနဲ့
"အကိုလေး ကိုဇီဝအကိုလေးတို့အိမ်လာတယ်ဆို ဘာဖြစ်လို့လဲ "
"သူကဆရာဝန်လေ ငါနေမကောင်းလို့ခေါ်တာပေါ့ ဘာဖြစ်ရမလဲ"
"နေမကောင်းလို့ဆိုထားပါ တခြားတော့မဖြစ်ပါစေနဲ့ "
"နီ ဘာဖြစ်လို့လဲ မင်းရောကျော်ထင်တကယ်နေမကောင်းလို့ခေါ်တာလား တခြားအကြောင်းရင်းရှိနေလား သေချာပြောငါ့ကို"
"ကိုကြီး အမှန်တိုင်းပြောရရင်ကျွန်တော်ဇီဝဆီကပိုက်ဆံချေးထားတယ် အဲ့တာမပေးနိုင်သေးကြောင်းခေါ်ပြောတာ သူကလည်းရတယ်ပြောတယ်"
ထင်တဲ့အတိုင်းဖြစ်နေတာဘဲ ကျွန်မထင်တဲ့အတိုင်းပါဘဲ
"အကိုလေး သူကအခုချိန်ထိညီမနဲ့ ဘာမှမဟုတ်သေးဘူး ဘာလို့ဒီလိုလုပ်ရတာလဲ ညီမအတွက်ရောမတွေးမိဘူးလား အမေ အမေကြားလား သမီးရှက်တယ်အမေရဲ့ သမီးရှက်တယ် "
"ဟဲ့ ဘာကိုအဲ့လောက်တောင်ဖြစ်နေတာလဲ နောက်လဲယူမှာဘဲဟာ ဒီပိုက်ဆံလောက်က သူကစိတ်ထဲတောင်ရှိမှာမဟုတ်ဘူး "
"ဟာ ကိုကြီး ကိုကြီးကြားတယ်နော် ညီမဘယ်မျက်နှာနဲ့သူ့ကိုကြည့်ရမှာလဲ အခုချိန်ထိသူနဲ့ညီမကြားထားခဲ့တဲ့မာနတွေသိက္ခါတွေကအလကားဖြစ်ကုန်ပြီပေါ့ အကိုလေးဘာလို့ဒီလိုလုပ်ရတာလဲ"
တကယ်ပါ ကျွန်မပျောက်ကွယ်သွားချင်တယ် ခုနလေးတင်သူ့ကိုလက်မထပ်ချင်သေးဘူးလို့ပြောခဲ့တာလေ ရှက်လိုက်တာကျွန်မတကယ်ရှက်ပါတယ်
အပိုင်း၅နောက်ရက်တင်ပေးပါမယ်ရှင့်
ချစ်သောreaders လေးတွေ?
Keep Reading