Author's Profile Photo

စောမြတ်နွယ်

29/05/2024

ပစ္စုပ္ပန်တွင်အကောင်းဆုံးကြိုးစားရှင်သန်ခြင်း

1 min read
Life Style
Personal Development
General Knowledge
ပစ္စုပ္ပန်တွင်အကောင်းဆုံးကြိုးစားရှင်သန်ခြင်း's photo

အတိတ်ကိုလည်းမပြန်နဲ့။
အနာဂတ်ကိုလည်း မမျှော်နဲ့။
အတိတ်ကိုပြန်ရင်
အတိတ်မှာ ဆုံးရှုံးခဲ့တာတွေရှိမယ်။
အမှားတွေရှိမယ်။
နာကျင်ကြေကွဲခဲ့ရတဲ့
အခိုက်အတန့်တွေရှိမယ်။
ပျော်ရွှင်ခဲ့ရတာတွေရှိမယ်။
နောင်တတွေလည်း ရှိကောင်းရှိမယ်။
ဒါပေမယ့်အရာအားလုံးဟာ ပြီးသွားပြီ။
အတိတ်မှာ ကျန်ခဲ့ပြီ။
အတိတ်ဆိုတာ ပြန်သွားလို့လည်း
မရသလို ပြန်ပြင်လို့လည်းမရဘူး။
အနာဂတ်ဆိုတာလည်း
မသေချာမရေရာတဲ့ အရာပဲ။
အနာဂတ်အတွက် ကြိုတင်ပူပန်နေလို့လည်း
ဘာမှအကျိုးထူးလာမှာမဟုတ်ဘူး။
ပြီးခဲ့တဲ့ အတိတ်တွေ
မရောက်သေးတဲ့ အနာဂတ်တွေကို
တွေးပူနေရင် သောကတွေပဲအဖက်တင်မယ်။
သောကဆိုတာ
ကိုယ့်ကို ကောင်းကျိုးမပေးသလို
အင်အားကို ဆုတ်ယုတ်စေတယ်။
ပျော်ရွှင်မှုကို ဟန့်တားတယ်။
သောကဆိုတဲ့အရာက
ကိုယ့်ကိုပူလောင်စေတယ်။
ဒါကြောင့်မို့
အတိတ်ကိုလည်း မပြန်ပါနဲ့။
အနာဂတ်ကိုလည်း မမျှော်ပါနဲ့။
လက်ရှိအချိန်ဟာ
အကောင်းဆုံးအချိန်ပါပဲ။
လက်ရှိ ပစ္စုပ္ပန်ကိုသာ
အကောင်းဆုံးကြိုးစားရှင်သန်ပါ။
အနာဂတ်က
သူ့အလိုလို လှပလာပါလိမ့်မယ်။

#စောမြတ်နွယ်

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)